ဘ၀နဲ့ရင်းပြီး ရွေးတဲ့လမ်းတွေမှားသွားတဲ့အခါ မျက်ရည်တွေနဲ့ရင်းပြီးဆပ်ကြရတယ်

နောင်တတဲ့…….

ဘာဆိုဘာမှ လုပ်မရတော့တဲ့အချိန်မှပဲ ရောက်လာတတ်တယ် ။ ကျွန်မတို့ ဘာကိုမှပြင်လို့မရတော့ဘူး ။ ဘာကိုမှ ပြန်ဆင်ခြင်လို့မရတော့တဲ့အချိန်မှာမှ ရောက်လာတတ်တာဟာ နောင်တပေါ့ ။

ရွေးချယ်ခွင့်တွေရှိခဲ့တုန်းမှာ နှလုံးသားကိုပဲ အလိုလိုက်ဖို့တွေးခဲ့မိတယ် ။ သူ့ကို ချစ်နေရုံနဲ့ ဖြစ်ပါတယ်ဆိုတဲ့စကားတွေက တကယ့်လက်တွေ့မှာကျ မလုံလောက်တတ်ဘူး ။ ကိုယ်ချစ်နေရရုံဆိုပေမယ့် အနည်းဆုံးတော့ ကိုယ်ချစ်နေတာတွေကို အသိအမှတ်ပြုပေးတာတွေကိုလိုချင်ကြတာချည်းပါပဲ ။

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဆိုတဲ့ စကားတွေက ကျွန်မတို့ကို နှစ်ဆ ပိုပြီးနာကျင်စေခဲ့ပါတယ် ။ ဟုတ်ပါတယ် ကျွန်မကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာပါ ။ တကယ့်အစစ်အမှန်ထင်ခဲ့တဲ့အရာတွေဟာ အတုအယောင်တွေမှန်း တော်တော်ကြီးနောက်ကျပြီးမှ သိခဲ့ရတာပေါ့ ။ အဲ့ဒီအတွက် ဒူးနဲ့မျက်ရည်သုတ်ရုံကလွဲလို့ တခြားလမ်းတွေဟာ မရှိခဲ့ဘူး ။ အရာအားလုံးကို ခြေစုံကန်ခဲ့ပြီးမှ ရွေးခဲ့မိတာလေ ။

ဘ၀နဲ့ရင်းပြီး ရွေးတဲ့လမ်းတွေမှားသွားတဲ့အခါ မျက်ရည်တွေနဲ့ရင်းပြီးဆပ်ကြရတယ် ။ နောင်တတွေနဲ့ပေါ့။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေနာင္တတဲ့…….

ဘာဆိုဘာမွ လုပ္မရေတာ့တဲ့အခ်ိန္မွပဲ ေရာက္လာတတ္တယ္ ။ ကြၽန္မတို႔ ဘာကိုမွျပင္လို႔မရေတာ့ဘူး ။ ဘာကိုမွ ျပန္ဆင္ျခင္လို႔မရေတာ့တဲ့အခ်ိန္မွာမွ ေရာက္လာတတ္တာဟာ ေနာင္တေပါ့ ။

ေ႐ြးခ်ယ္ခြင့္ေတြရွိခဲ့တုန္းမွာ ႏွလုံးသားကိုပဲ အလိုလိုက္ဖို႔ေတြးခဲ့မိတယ္ ။ သူ႔ကို ခ်စ္ေန႐ုံနဲ႔ ျဖစ္ပါတယ္ဆိုတဲ့စကားေတြက တကယ့္လက္ေတြ႕မွာက် မလုံေလာက္တတ္ဘူး ။ ကိုယ္ခ်စ္ေနရ႐ုံဆိုေပမယ့္ အနည္းဆုံးေတာ့ ကိုယ္ခ်စ္ေနတာေတြကို အသိအမွတ္ျပဳေပးတာေတြကိုလိုခ်င္ၾကတာခ်ည္းပါပဲ ။

ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ကိုယ္ဆိုတဲ့ စကားေတြက ကြၽန္မတို႔ကို ႏွစ္ဆ ပိုၿပီးနာက်င္ေစခဲ့ပါတယ္ ။ ဟုတ္ပါတယ္ ကြၽန္မကိုယ္တိုင္ပဲ ေ႐ြးခ်ယ္ခဲ့တာပါ ။ တကယ့္အစစ္အမွန္ထင္ခဲ့တဲ့အရာေတြဟာ အတုအေယာင္ေတြမွန္း ေတာ္ေတာ္ႀကီးေနာက္က်ၿပီးမွ သိခဲ့ရတာေပါ့ ။ အဲ့ဒီအတြက္ ဒူးနဲ႔မ်က္ရည္သုတ္႐ုံကလြဲလို႔ တျခားလမ္းေတြဟာ မရွိခဲ့ဘူး ။ အရာအားလုံးကို ေျခစုံကန္ခဲ့ၿပီးမွ ေ႐ြးခဲ့မိတာေလ ။

ဘ၀နဲ႔ရင္းၿပီး ေ႐ြးတဲ့လမ္းေတြမွားသြားတဲ့အခါ မ်က္ရည္ေတြနဲ႔ရင္းၿပီးဆပ္ၾကရတယ္ ။ ေနာင္တေတြနဲ႔ေပါ့။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း