မျက်ရည်တွေ မခိုင်ရင် မဖတ်ပါနဲ့ …

မျက်ရည်တွေ မခိုင်ရင် မဖတ်ပါနဲ့ …

နာကျင်နေရဲ့သားနဲ့ ပြုံးခဲ့ဖူးတဲ့ အကြိမ်အရေအတွက်ဟာ ကျွန်မ တစ်သက်လုံးပြုံးခဲ့တာတွေထက်ပိုပြီးများတယ် … ငိုချင်နေရဲ့နဲ့ ရီခဲ့ရတဲ့အချိန်တွေ ပြန်ပြောင်းမပြောချင်တော့ပါဘူး ပြောမိရင် အဲ့ဒီအချိန်တွေကလို … ရင်တွေ နာမိလိမ့်မယ် ပြီးရင် … အတိုးချပြီး ငိုချင်ငိုမိလိမ့်မယ် ။

လူအများကြီးကြားမှာ ရပ်နေပြီး တစ်ယောက်တည်းအထီးကျန်ခဲ့ရတဲ့ ရက်တွေဟာလဲ အများအပြားပဲ ။ ကိုယ်ရပ်နေရင်းနဲ့ ကိုယ်ဟာပိုနေမှန်း တဖြေးဖြေးချင်းသိလာခဲ့တာမှ အများကြီးပါ ။ ဘယ်သူ့အတွက်မှ မလိုတဲ့ အပိုဆိုတာမျိုးက … တကယ်ခံစားရတဲ့အခါ စိတ်ဓာတ်တွေ သေချင်လောက်တဲ့အထိ ကျတယ် ။

ဒီလူတော့… နားလည်လောက်ပါရဲ့ စာနာပါရဲ့လို့ဆွဲမိတဲ့လက်တွေဟာလဲ တလွဲပါပဲ ။ အဲ့ဒီလူတွေကပဲ … တဖြေးဖြေးနဲ့ ကိုယ့်ကိုယ် နာကျင်စေခဲ့သလို တနုံ့နုံ့နဲ့လောင်တဲ့ ဖွဲမီးလိုပဲ မီးခိုးမထွက်ဘူး မျက်ရည်မကျဘူး အကြိမ်ကြိမ်တော့သေတယ် ။

ရှင်သန်ရခြင်းတွေဟာ တဖြေးဖြေး … အဓိပ္ပါယ်တွေမဲ့လာခဲ့သလို ယုံကြည်ရအောင်ကလဲ ကိုယ် ဘယ်သူ့ကို ယုံကြည်ရမလဲတွေးရင်း တဖြေးဖြေး လမ်းတွေ ​ပျောက်လာတတ်တယ် ။ ဒီလိုနေ့ရက်တွေဖြတ်သန်းလာခဲ့ပြီးတဲ့ ကျွန်မ အပြုံးတွေဟာ တဖြေးဖြေး အသက်မဲ့လာခဲ့တာ ဆန်းတော့ မဆန်းပါဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မ်က္ရည္ေတြ မခိုင္ရင္ မဖတ္ပါနဲ႔ …

နာက်င္ေနရဲ႕သားနဲ႔ ၿပဳံးခဲ့ဖူးတဲ့ အႀကိမ္အေရအတြက္ဟာ ကြၽန္မ တစ္သက္လုံးၿပဳံးခဲ့တာေတြထက္ပိုၿပီးမ်ားတယ္ … ငိုခ်င္ေနရဲ႕နဲ႔ ရီခဲ့ရတဲ့အခ်ိန္ေတြ ျပန္ေျပာင္းမေျပာခ်င္ေတာ့ပါဘူး ေျပာမိရင္ အဲ့ဒီအခ်ိန္ေတြကလို … ရင္ေတြ နာမိလိမ့္မယ္ ၿပီးရင္ … အတိုးခ်ၿပီး ငိုခ်င္ငိုမိလိမ့္မယ္ ။

လူအမ်ားႀကီးၾကားမွာ ရပ္ေနၿပီး တစ္ေယာက္တည္းအထီးက်န္ခဲ့ရတဲ့ ရက္ေတြဟာလဲ အမ်ားအျပားပဲ ။ ကိုယ္ရပ္ေနရင္းနဲ႔ ကိုယ္ဟာပိုေနမွန္း တေျဖးေျဖးခ်င္းသိလာခဲ့တာမွ အမ်ားႀကီးပါ ။ ဘယ္သူ႔အတြက္မွ မလိုတဲ့ အပိုဆိုတာမ်ိဳးက … တကယ္ခံစားရတဲ့အခါ စိတ္ဓာတ္ေတြ ေသခ်င္ေလာက္တဲ့အထိ က်တယ္ ။

ဒီလူေတာ့… နားလည္ေလာက္ပါရဲ႕ စာနာပါရဲ႕လို႔ဆြဲမိတဲ့လက္ေတြဟာလဲ တလြဲပါပဲ ။ အဲ့ဒီလူေတြကပဲ … တေျဖးေျဖးနဲ႔ ကိုယ့္ကိုယ္ နာက်င္ေစခဲ့သလို တႏုံ႔ႏုံ႔နဲ႔ေလာင္တဲ့ ဖြဲမီးလိုပဲ မီးခိုးမထြက္ဘူး မ်က္ရည္မက်ဘူး အႀကိမ္ႀကိမ္ေတာ့ေသတယ္ ။

ရွင္သန္ရျခင္းေတြဟာ တေျဖးေျဖး … အဓိပၸါယ္ေတြမဲ့လာခဲ့သလို ယုံၾကည္ရေအာင္ကလဲ ကိုယ္ ဘယ္သူ႔ကို ယုံၾကည္ရမလဲေတြးရင္း တေျဖးေျဖး လမ္းေတြ ​ေပ်ာက္လာတတ္တယ္ ။ ဒီလိုေန႔ရက္ေတြျဖတ္သန္းလာခဲ့ၿပီးတဲ့ ကြၽန္မ အၿပဳံးေတြဟာ တေျဖးေျဖး အသက္မဲ့လာခဲ့တာ ဆန္းေတာ့ မဆန္းပါဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း