ဖုန်းနံပါတ်လေး ရှိပေမယ့် မဆက်ဖြစ်တော့တဲ့ ဖုန်းလေးတစ်လုံးရှိတယ်

ဖုန်းနံပါတ်လေး ရှိပေမယ့် မဆက်ဖြစ်တော့တဲ့ ဖုန်းလေးတစ်လုံးရှိတယ် ။

ကိုယ်မရှိပဲ သူပျော်နေပြီပဲလေဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ ပျော်အောင်နေကြည့်ဖို့တွေးတယ် ။ ဒါပေမယ့် အချိန်မတန်ခင်မှာပဲ ပြန်ပြီး သတိရလာတာပါပဲ ။ သူ အဆင်မှ ပြေရဲ့လားဆိုတဲ့ အတွေးတွေရယ် … သူ နေမှ ​ကောင်းရဲ့လားဆိုတဲ့ စိတ်ပူတာတွေရယ် မဆိုင်တော့မှန်းသိပေမယ့် ဆိုင်နေချင်သေးတယ် ။

ဖုန်းနံပါတ်လေးတစ်လုံးကို အကြိမ်ကြိမ် နှိပ်လိုက်ဖျက်လိုက်လုပ်နေတတ်တဲ့ ​ကောင်မလေးပေါ့ ။ ဘယ်တော့မှ ဆက်ဖြစ်တော့မှာမဟုတ်ဘူး ။ကိုယ်ဆက်လိုက်ရင် အနှောင့်အယှက်ဖြစ်ပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ … Call bottom ကို မနှိပ်ပဲ အဝေးကပဲ လွမ်းဖြစ်တယ် ။

လူတွေက .. နေနိုင်သွားတာလားလို့မေးတဲ့အခါ အမှန်အတိုင်း၀န်ခံရရင် နေနိုင်ခဲ့တာမဟုတ်ပဲ နေနိုင်အောင်နေနေတာပါဆိုရင် ပိုပြီး မှန်လိမ့်မယ် ။ စကားတွေပြောချင်ပေမယ့် ပြောလို့မရတဲ့ အခြေအနေတွေ ပြောနိုင်တဲ့ အင်အားတွေ မဲ့နေခဲ့တာပဲ ဖြစ်မှာပါ ။ ပြောချင်စိတ် မရှိခဲ့တာမဟုတ်ဘူး ။

ဖုန်းနံပါတ်လေးတစ်ခု အရင်လိုပဲ ရှိပါသေးတယ် ။ အရင်တုန်းကလို မဆက်ဖြစ်တော့တာကလွဲရင် အရင်ကလိုပဲ အလွတ်ရနေတုန်းပါပဲ ဖျက်လဲ မဖျက်ပစ်ရက်ခဲ့သလို ထပ်ပြီးလဲ မဆက်ဖြစ်တော့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဖုန္းနံပါတ္ေလး ရွိေပမယ့္ မဆက္ျဖစ္ေတာ့တဲ့ ဖုန္းေလးတစ္လုံးရွိတယ္ ။

ကိုယ္မရွိပဲ သူေပ်ာ္ေနၿပီပဲေလဆိုတဲ့ အေတြးနဲ႔ ကိုယ္လဲ ေပ်ာ္ေအာင္ေနၾကည့္ဖို႔ေတြးတယ္ ။ ဒါေပမယ့္ အခ်ိန္မတန္ခင္မွာပဲ ျပန္ၿပီး သတိရလာတာပါပဲ ။ သူ အဆင္မွ ေျပရဲ႕လားဆိုတဲ့ အေတြးေတြရယ္ … သူ ေနမွ ​ေကာင္းရဲ႕လားဆိုတဲ့ စိတ္ပူတာေတြရယ္ မဆိုင္ေတာ့မွန္းသိေပမယ့္ ဆိုင္ေနခ်င္ေသးတယ္ ။

ဖုန္းနံပါတ္ေလးတစ္လုံးကို အႀကိမ္ႀကိမ္ ႏွိပ္လိုက္ဖ်က္လိုက္လုပ္ေနတတ္တဲ့ ​ေကာင္မေလးေပါ့ ။ ဘယ္ေတာ့မွ ဆက္ျဖစ္ေတာ့မွာမဟုတ္ဘူး ။ကိုယ္ဆက္လိုက္ရင္ အေႏွာင့္အယွက္ျဖစ္ပါလိမ့္မယ္ဆိုတဲ့ အေတြးနဲ႔ … Call bottom ကို မႏွိပ္ပဲ အေဝးကပဲ လြမ္းျဖစ္တယ္ ။

လူေတြက .. ေနႏိုင္သြားတာလားလို႔ေမးတဲ့အခါ အမွန္အတိုင္း၀န္ခံရရင္ ေနႏိုင္ခဲ့တာမဟုတ္ပဲ ေနႏိုင္ေအာင္ေနေနတာပါဆိုရင္ ပိုၿပီး မွန္လိမ့္မယ္ ။ စကားေတြေျပာခ်င္ေပမယ့္ ေျပာလို႔မရတဲ့ အေျခအေနေတြ ေျပာႏိုင္တဲ့ အင္အားေတြ မဲ့ေနခဲ့တာပဲ ျဖစ္မွာပါ ။ ေျပာခ်င္စိတ္ မရွိခဲ့တာမဟုတ္ဘူး ။

ဖုန္းနံပါတ္ေလးတစ္ခု အရင္လိုပဲ ရွိပါေသးတယ္ ။ အရင္တုန္းကလို မဆက္ျဖစ္ေတာ့တာကလြဲရင္ အရင္ကလိုပဲ အလြတ္ရေနတုန္းပါပဲ ဖ်က္လဲ မဖ်က္ပစ္ရက္ခဲ့သလို ထပ္ၿပီးလဲ မဆက္ျဖစ္ေတာ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း