ဒီလို အနီးမှုန်တဲ့လူတွေက ဒီလောကမှာ အများကြီးရှိပါတယ်

လူတိုင်းက ပြီးပြည့်စုံတယ်ဆိုလို့ မရှိပါဘူး အားနည်းချက်ကိုယ်စီနဲ့ပါ သိသာတာနဲ့ မသိသာတာပဲ ကွာတယ် တချို့လူတွေကျတော့ မျက်လုံးက အမြင်အားကောင်းပေမယ့် စိတ်နှလုံးကျတော့ အနီးတွေ မှုန်နေတတ်တယ်

အနားနားမှာ စေတနာတွေ ထားပြီး ဂရုစိုက်မှုတွေ ပေးပေမယ့် မမြင်တတ်ကြဘူး တန်ဖိုးထားရကောင်းမှန်လဲ မသိဘူး မရနိုင်တဲ့ အဝေးက အရာတွေကိုပဲ သူတို့က တန်ဖိုးတွေ သိနေကြတာ တန်ဖိုးထားသင့်သလောက်လဲ ထားပါတယ် လေးစားသင့်သလောက် လေးစားပါတယ် လူလူချင်းပဲလေ ကိုယ့်ဘက်ကျတော့ တန်ဖိုးထားဖို့ မပြောနဲ့ ရှိလို့ရှိမှန်းတောင် မသိတဲ့ အနီးမှုန်တွေပေါ့

သူနဲ့မသိတဲ့ သူစိမ်းတွေအပေါ်မှာကျ ကောင်းပြလိုက်တာ ကိုယ့်ကိုကျ လူလို့တောင် သတ်မှတ်ထားတဲ့ပုံတောင် မပေါ်ဘူး ကိုယ့်ဘက်ကချည်း ပေးနေတာ ပြန်ပြီး လှည့်ကြည့်သင့်မှန်းသတိမရဘူး ဒီလို အနီးမှုန်တဲ့လူတွေက ဒီလောကမှာ အများကြီးရှိပါတယ် တကယ့်ကို အများကြီးပဲ ဒါကြောင့် တစ်ခါတစ်ရံမှာ ကိုယ့်တန်ဖိုးကို နားလည်တတ်ဖို့ အဝေးဆုံးကို ပြေးထွက်သင့်လဲ ပြေးထွက်တတ်ရတယ်

ကိုယ်မရှိတဲ့အခါမှ ကိုယ်လစ်လပ်သွားတဲ့နေရာတွေ သူ သိလာမှာလေ အဲ့ချိန်မှ ကိုယ့်တန်ဖိုးကို နားလည်သဘောပေါက်လာကြမှာ လွယ်လွယ်လေးရရင် လူတွေက တန်ဖိုးမထားတတ်ကြသလို အမြဲတမ်း အလိုက်သတိနဲ့ ပေးပါများရင် တန်ဖိုးရှိမှန်းမသိကြဘူး နီးလွန်းပြန်တော့လဲ မမြင်ပြန်ဘူး

ဒါကြောင့် မြင်သာထင်သာ ရှိသွားအောင် တစ်ခါလောက်ပဲ ဖြစ်ဖြစ် ဟိုး. . . .အဝေးဆုံးအထိ ထွက်သွားလိုက်ပါဘာကိုမှ တွေးမပူနဲ့ ဘာကို စိတ်မပူပဲနဲ့ လွတ်လွတ်လပ်လပ်သာ သွားပါ ကိုယ့်ကိုလဲ တန်ဖိုးထားရကောင်းမှန်းသိဖို့ လိုအပ်တယ်လေ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတိုင္းက ၿပီးျပည့္စုံတယ္ဆိုလို႔ မရွိပါဘူး အားနည္းခ်က္ကိုယ္စီနဲ႔ပါ သိသာတာနဲ႔ မသိသာတာပဲ ကြာတယ္ တခ်ိဳ႕လူေတြက်ေတာ့ မ်က္လုံးက အျမင္အားေကာင္းေပမယ့္ စိတ္ႏွလုံးက်ေတာ့ အနီးေတြ မႈန္ေနတတ္တယ္

အနားနားမွာ ေစတနာေတြ ထားၿပီး ဂ႐ုစိုက္မႈေတြ ေပးေပမယ့္ မျမင္တတ္ၾကဘူး တန္ဖိုးထားရေကာင္းမွန္လဲ မသိဘူး မရႏိုင္တဲ့ အေဝးက အရာေတြကိုပဲ သူတို႔က တန္ဖိုးေတြ သိေနၾကတာ တန္ဖိုးထားသင့္သေလာက္လဲ ထားပါတယ္ ေလးစားသင့္သေလာက္ ေလးစားပါတယ္ လူလူခ်င္းပဲေလ ကိုယ့္ဘက္က်ေတာ့ တန္ဖိုးထားဖို႔ မေျပာနဲ႔ ရွိလို႔ရွိမွန္းေတာင္ မသိတဲ့ အနီးမႈန္ေတြေပါ့

သူနဲ႔မသိတဲ့ သူစိမ္းေတြအေပၚမွာက် ေကာင္းျပလိုက္တာ ကိုယ့္ကိုက် လူလို႔ေတာင္ သတ္မွတ္ထားတဲ့ပုံေတာင္ မေပၚဘူး ကိုယ့္ဘက္ကခ်ည္း ေပးေနတာ ျပန္ၿပီး လွည့္ၾကည့္သင့္မွန္းသတိမရဘူး ဒီလို အနီးမႈန္တဲ့လူေတြက ဒီေလာကမွာ အမ်ားႀကီးရွိပါတယ္ တကယ့္ကို အမ်ားႀကီးပဲ ဒါေၾကာင့္ တစ္ခါတစ္ရံမွာ ကိုယ့္တန္ဖိုးကို နားလည္တတ္ဖို႔ အေဝးဆုံးကို ေျပးထြက္သင့္လဲ ေျပးထြက္တတ္ရတယ္

ကိုယ္မရွိတဲ့အခါမွ ကိုယ္လစ္လပ္သြားတဲ့ေနရာေတြ သူ သိလာမွာေလ အဲ့ခ်ိန္မွ ကိုယ့္တန္ဖိုးကို နားလည္သေဘာေပါက္လာၾကမွာ လြယ္လြယ္ေလးရရင္ လူေတြက တန္ဖိုးမထားတတ္ၾကသလို အၿမဲတမ္း အလိုက္သတိနဲ႔ ေပးပါမ်ားရင္ တန္ဖိုးရွိမွန္းမသိၾကဘူး နီးလြန္းျပန္ေတာ့လဲ မျမင္ျပန္ဘူး

ဒါေၾကာင့္ ျမင္သာထင္သာ ရွိသြားေအာင္ တစ္ခါေလာက္ပဲ ျဖစ္ျဖစ္ ဟိုး. . . .အေဝးဆုံးအထိ ထြက္သြားလိုက္ပါဘာကိုမွ ေတြးမပူနဲ႔ ဘာကို စိတ္မပူပဲနဲ႔ လြတ္လြတ္လပ္လပ္သာ သြားပါ ကိုယ့္ကိုလဲ တန္ဖိုးထားရေကာင္းမွန္းသိဖို႔ လိုအပ္တယ္ေလ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း