ငိုစရာတွေ ကြုံလာတဲ့အခါ ငိုပါ ငိုပြီးတဲ့အခါ အလှဆုံးပြုံးပြီး အကောင်းဆုံးဖြစ်အောင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ပါ

ငိုချင်နေတာများ မြိုသိပ်မထားနဲ့ ငိုချပစ်လိုက် မျက်ရည်ကျတိုင်း အရှုံးပေးတာမှ မဟုတ်တာ

ဘယ်သူမှ မစာနာတဲ့ ဒဏ်ရာတွေ ရလာတဲ့အခါ ဘယ်သူ့ကို ရင်ဖွင့်ရမှန်းမသိ လမ်းတွေပျောက်နေတတ်တယ် ကိုယ်ယုံကြည်ရတဲ့ တစ်စုံတစ်ယောက်ဆိုတာ မရှိခဲ့ဘူးလေ ကိုယ့်သောကတွေကို နားထောင်ပေးမယ့် နားတစ်စုံမရှိခဲ့ဘူး ဘာပဲဖြစ်လာဖြစ်လာ ဒီရင်ဘတ်ထဲထည့်ပြီး ကိုယ့်ကိုယ်ကိုယ့်ပဲ ကြိတ်ခံစားနေရတာ

အချိန်ကြာလာတာနဲ့အမျှ ပိုပြီး နာကျင်လာရတတ်တယ် အားရပါးရ ငိုချပစ်လိုက်ပါ မျက်ရည်ဆိုတာ နှုတ်က ထုတ်ပြောခွင့်မရှိတဲ့ ခံစားချက်တွေကို ဘာသာပြန်ပေးတဲ့နေရာမှာ အတော်ဆုံးပဲ သောကတွေကိုလဲ မျောချပစ်လိုက်လို့ရတယ် တအိအိနဲ့ မငိုနဲ့ အားရပါးရ ငိုချလိုက်တယ် ဘယ်သူမှ ကိုယ်ငိုလို့ အပြစ်မပြောတဲ့အရပ်မှာ ဘယ်သူမှ ကိုယ်ငိုနေတာ မမြင်တဲ့အရပ်မှာ အားရပါးရငိုပါ

ရင်ဘတ်ထဲက ခံစားချက်တွေ ပြင်းထန်ရင် ပြင်းထန်သလောက် ငိုပါ ငိုပြီးသွားပြီလား . . . .ငိုပြီးသွားတဲ့အခါ မျက်ရည်တွေ တစ်စမှမကျန်အောင် သုတ် ပြီးရင် အလှဆုံးပြုံးပြီး မူလ ဖြစ်တည်ရာအရပ်ကို ပြန်လာပါ ဆက်ပြီးလျှောက်ရမယ့်လမ်းတွေ အများကြီးကျန်သေးတယ် ကိုယ်လျှောက်မှ ရောက်မယ့်လမ်းတွေလေ

ပြီးတော့ အနာဂတ်တွေအတွက် အိပ်မက်တွေ ဆက်ပြီးရှင်သန်နေဖို့ လိုသေးတယ် ဘ၀ဆိုတာ တိုတိုလေးတဲ့ တကယ်လျှောက်တဲ့အခါတော့ ဘ၀က ကိုယ်လျှောက်ရင်လျှောက်သလောက် ရှည်လွန်းပါတယ် ဒါကြောင့် ရင်ဘတ်ထဲက အရာအားလုံးကို ပြည့်သိပ်ကျပ်အောင် ထည့်ပြီး မွန်းကျပ်မခံနဲ့

ငိုစရာတွေ ကြုံလာတဲ့အခါ ငိုပါ ငိုပြီးတဲ့အခါ အလှဆုံးပြုံးပြီး အကောင်းဆုံးဖြစ်အောင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ပါ ဘ၀က နေတတ်ရင် ကျေနပ်စရာကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ငိုခ်င္ေနတာမ်ား ၿမိဳသိပ္မထားနဲ႔ ငိုခ်ပစ္လိုက္ မ်က္ရည္က်တိုင္း အရႈံးေပးတာမွ မဟုတ္တာ

ဘယ္သူမွ မစာနာတဲ့ ဒဏ္ရာေတြ ရလာတဲ့အခါ ဘယ္သူ႔ကို ရင္ဖြင့္ရမွန္းမသိ လမ္းေတြေပ်ာက္ေနတတ္တယ္ ကိုယ္ယုံၾကည္ရတဲ့ တစ္စုံတစ္ေယာက္ဆိုတာ မရွိခဲ့ဘူးေလ ကိုယ့္ေသာကေတြကို နားေထာင္ေပးမယ့္ နားတစ္စုံမရွိခဲ့ဘူး ဘာပဲျဖစ္လာျဖစ္လာ ဒီရင္ဘတ္ထဲထည့္ၿပီး ကိုယ့္ကိုယ္ကိုယ့္ပဲ ႀကိတ္ခံစားေနရတာ

အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုၿပီး နာက်င္လာရတတ္တယ္ အားရပါးရ ငိုခ်ပစ္လိုက္ပါ မ်က္ရည္ဆိုတာ ႏႈတ္က ထုတ္ေျပာခြင့္မရွိတဲ့ ခံစားခ်က္ေတြကို ဘာသာျပန္ေပးတဲ့ေနရာမွာ အေတာ္ဆုံးပဲ ေသာကေတြကိုလဲ ေမ်ာခ်ပစ္လိုက္လို႔ရတယ္ တအိအိနဲ႔ မငိုနဲ႔ အားရပါးရ ငိုခ်လိုက္တယ္ ဘယ္သူမွ ကိုယ္ငိုလို႔ အျပစ္မေျပာတဲ့အရပ္မွာ ဘယ္သူမွ ကိုယ္ငိုေနတာ မျမင္တဲ့အရပ္မွာ အားရပါးရငိုပါ

ရင္ဘတ္ထဲက ခံစားခ်က္ေတြ ျပင္းထန္ရင္ ျပင္းထန္သေလာက္ ငိုပါ ငိုၿပီးသြားၿပီလား . . . .ငိုၿပီးသြားတဲ့အခါ မ်က္ရည္ေတြ တစ္စမွမက်န္ေအာင္ သုတ္ ၿပီးရင္ အလွဆုံးၿပဳံးၿပီး မူလ ျဖစ္တည္ရာအရပ္ကို ျပန္လာပါ ဆက္ၿပီးေလွ်ာက္ရမယ့္လမ္းေတြ အမ်ားႀကီးက်န္ေသးတယ္ ကိုယ္ေလွ်ာက္မွ ေရာက္မယ့္လမ္းေတြေလ

ၿပီးေတာ့ အနာဂတ္ေတြအတြက္ အိပ္မက္ေတြ ဆက္ၿပီးရွင္သန္ေနဖို႔ လိုေသးတယ္ ဘ၀ဆိုတာ တိုတိုေလးတဲ့ တကယ္ေလွ်ာက္တဲ့အခါေတာ့ ဘ၀က ကိုယ္ေလွ်ာက္ရင္ေလွ်ာက္သေလာက္ ရွည္လြန္းပါတယ္ ဒါေၾကာင့္ ရင္ဘတ္ထဲက အရာအားလုံးကို ျပည့္သိပ္က်ပ္ေအာင္ ထည့္ၿပီး မြန္းက်ပ္မခံနဲ႔

ငိုစရာေတြ ႀကဳံလာတဲ့အခါ ငိုပါ ငိုၿပီးတဲ့အခါ အလွဆုံးၿပဳံးၿပီး အေကာင္းဆုံးျဖစ္ေအာင္ ကိုယ့္လမ္းကိုယ္ ျပန္ေလွ်ာက္ပါ ဘ၀က ေနတတ္ရင္ ေက်နပ္စရာေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း