ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲ နာရပါတယ်

လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး . . . . ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲ နာရပါတယ် ။

ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့အချိန်လေးခဏပဲလိုပါတယ် ဒါပေမယ့်အဲ့ဒီအနောက်မှာ ဂရုစိုက်မှုတွေပါဖို့လိုတယ်လေ ဒါမှ ချစ်ရာရောက်မှာပေါ့ . . .တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ်တွေးမိတယ် ငါက ချစ်သူ ရှိတာလား ဒါမှမဟုတ် တစ်ယောက်တည်းသမားလားပေါ့ တကယ်ကို အဲ့လိုတွေးမိတာပါ ။

တစ်ယောက်တည်းသမားတွေနဲ့ ဘာမှ မထူးခြားဘူးလေ . . .သတိတရနဲ့ဖုန်းဆက်လာတယ်လို့လဲ မရှိဘူး . . .ထူးထူးခြားခြားလဲ အမှတ်ရနေစရာတွေလဲ မရှိဘူး သာမန်ကောင်မလေးတစ်ယောက် ဖြတ်သန်းသလိုလေးပဲ ဖေ့စ်ဘုတ်သုံးတယ် သီချင်းနားထောင်တယ် စာအုပ်ဖတ်ချင်ဖတ်တယ် ပြီးရင် အချိန်တန်တဲ့အခါအိပ်တယ် ။ ကျွန်မ မမျှော်တတ်တော့ဘူး

အရင်တုန်းက သူ ဖုန်းဆက်လာရင်ကောင်းမှာ ဆိုတဲ့စိတ်လေးနဲ့ မျှော်နေမိတတ်တာကိုတော့ ကျွန်မ ၀န်ခံပါတယ် ဒါပေမယ့်နောက်ပိုင်း ပစ်ထားခံရတာတွေ သိပ်များလာလို့ထင်တယ် ကျွန်မ တဖြေးဖြေးနေတတ်လာတယ် တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် ရည်းစားရှိတာ မေ့ချင်မေ့နေတတ်တာမျိုးလေ ။

ချစ်တယ် ပြောတတ်ရုံနဲ့ အချစ်တစ်ခုက နွေးထွေးလာတတ်တာ မဟုတ်ဘူးလေ . . ကြက်တူရွေးကို စကားသင်ပြီး ချစ်တယ်ပြောခိုင်းတာမှ နား၀င်ချိုပါဦးမယ် ခုက . . .ပါးစပ်ကသာ အရမ်းချစ်တယ် ချစ်တယ် နဲ့ အနောက်မှာ ဘာဂရုစိုက်မှုမှ မပါ ဘာကြင်နာမှုမှ မရှိတဲ့အချိန်ကို ကျွန်မတကယ်ကို နားမလည်တတ်တော့ဘူး ကျွန်မ တို့တွေက ချစ်နေကြတာလား ဒါမှမဟုတ်ပြတ်သွားပြီလားလို့ပြန်စဉ်းစားရတာလဲ အကြိမ်ကြိမ်အခါခါပါ ။

နောက်ဆို . . .ချစ်တယ်ပြောတတ်ရုံလောက်နဲ့မ်ိန်းကလေးတစ်ယောက်ကို ဒုက္ခမပေးပါနဲ့ မိန်းကလေးဆိုတာမျိုးကလေ တွယ်တာတတ်တယ် ပြီးတော့ ဂရုစိုက်ခံချင်ကြတယ် ဟုတ်သည်ရှိမဟုတ်ရှိ သူ့တို့လိုအပ်နေတဲ့အခါလေးမှာ စကားတွေပြောပေးနေတာကိုကိုပဲ ပျော်နေတတ်ကြတာမျိုးလေ ။ အလုပ်တွေ တအားများတယ်လို့ကိုယ့်ကိုကိုယ်တွေးရင် ရည်းစားမထားပါနဲ့ ။ မချစ်ပြတတ်လို့ပါဆိုရင် ချစ်တဲ့အကြောင်းတွေ လာမပြောနဲ့အဲ့တာက ပိုကောင်းပါတယ် ။

မဟုတ်ရင် . . . ချစ်တယ်ပြောပြီးပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လမ္းခြဲျပတ္စဲမွ အသည္းကြဲတာမဟုတ္ပါဘူး . . . . ခ်စ္တယ္ေျပာၿပီး ပစ္ထားခံရတာလဲ ရင္ထဲ နာရပါတယ္ ။

ခ်စ္တယ္ဆိုတဲ့စကားေလးတစ္ခြန္းေျပာဖို႔အခ်ိန္ေလးခဏပဲလိုပါတယ္ ဒါေပမယ့္အဲ့ဒီအေနာက္မွာ ဂ႐ုစိုက္မႈေတြပါဖို႔လိုတယ္ေလ ဒါမွ ခ်စ္ရာေရာက္မွာေပါ့ . . .တစ္ခါတစ္ေလက်ရင္ ကိုယ့္ကိုကိုယ္ေတြးမိတယ္ ငါက ခ်စ္သူ ရွိတာလား ဒါမွမဟုတ္ တစ္ေယာက္တည္းသမားလားေပါ့ တကယ္ကို အဲ့လိုေတြးမိတာပါ ။

တစ္ေယာက္တည္းသမားေတြနဲ႔ ဘာမွ မထူးျခားဘူးေလ . . .သတိတရနဲ႔ဖုန္းဆက္လာတယ္လို႔လဲ မရွိဘူး . . .ထူးထူးျခားျခားလဲ အမွတ္ရေနစရာေတြလဲ မရွိဘူး သာမန္ေကာင္မေလးတစ္ေယာက္ ျဖတ္သန္းသလိုေလးပဲ ေဖ့စ္ဘုတ္သုံးတယ္ သီခ်င္းနားေထာင္တယ္ စာအုပ္ဖတ္ခ်င္ဖတ္တယ္ ၿပီးရင္ အခ်ိန္တန္တဲ့အခါအိပ္တယ္ ။ ကြၽန္မ မေမွ်ာ္တတ္ေတာ့ဘူး

အရင္တုန္းက သူ ဖုန္းဆက္လာရင္ေကာင္းမွာ ဆိုတဲ့စိတ္ေလးနဲ႔ ေမွ်ာ္ေနမိတတ္တာကိုေတာ့ ကြၽန္မ ၀န္ခံပါတယ္ ဒါေပမယ့္ေနာက္ပိုင္း ပစ္ထားခံရတာေတြ သိပ္မ်ားလာလို႔ထင္တယ္ ကြၽန္မ တေျဖးေျဖးေနတတ္လာတယ္ တစ္ခါတစ္ေလ ကိုယ့္ကိုကိုယ္ေတာင္ ရည္းစားရွိတာ ေမ့ခ်င္ေမ့ေနတတ္တာမ်ိဳးေလ ။

ခ်စ္တယ္ ေျပာတတ္႐ုံနဲ႔ အခ်စ္တစ္ခုက ေႏြးေထြးလာတတ္တာ မဟုတ္ဘူးေလ . . ၾကက္တူေ႐ြးကို စကားသင္ၿပီး ခ်စ္တယ္ေျပာခိုင္းတာမွ နား၀င္ခ်ိဳပါဦးမယ္ ခုက . . .ပါးစပ္ကသာ အရမ္းခ်စ္တယ္ ခ်စ္တယ္ နဲ႔ အေနာက္မွာ ဘာဂ႐ုစိုက္မႈမွ မပါ ဘာၾကင္နာမႈမွ မရွိတဲ့အခ်ိန္ကို ကြၽန္မတကယ္ကို နားမလည္တတ္ေတာ့ဘူး ကြၽန္မ တို႔ေတြက ခ်စ္ေနၾကတာလား ဒါမွမဟုတ္ျပတ္သြားၿပီလားလို႔ျပန္စဥ္းစားရတာလဲ အႀကိမ္ႀကိမ္အခါခါပါ ။

ေနာက္ဆို . . .ခ်စ္တယ္ေျပာတတ္႐ုံေလာက္နဲ႔မ္ိန္းကေလးတစ္ေယာက္ကို ဒုကၡမေပးပါနဲ႔ မိန္းကေလးဆိုတာမ်ိဳးကေလ တြယ္တာတတ္တယ္ ၿပီးေတာ့ ဂ႐ုစိုက္ခံခ်င္ၾကတယ္ ဟုတ္သည္ရွိမဟုတ္ရွိ သူ႔တို႔လိုအပ္ေနတဲ့အခါေလးမွာ စကားေတြေျပာေပးေနတာကိုကိုပဲ ေပ်ာ္ေနတတ္ၾကတာမ်ိဳးေလ ။ အလုပ္ေတြ တအားမ်ားတယ္လို႔ကိုယ့္ကိုကိုယ္ေတြးရင္ ရည္းစားမထားပါနဲ႔ ။ မခ်စ္ျပတတ္လို႔ပါဆိုရင္ ခ်စ္တဲ့အေၾကာင္းေတြ လာမေျပာနဲ႔အဲ့တာက ပိုေကာင္းပါတယ္ ။

မဟုတ္ရင္ . . . ခ်စ္တယ္ေျပာၿပီးပစ္ထားခံရတာလဲ ရင္ထဲနာရပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း