မိန်းကလေးတစ်ယောက် ပြောင်းလဲသွားခြင်းမှာ အကြောင်းပြချက်တွေ အများကြီးရှိနေနိုင်ပါတယ်

အမှောင်ကို ကြောက်တတ်တဲ့ ကောင်မလေးတစ်ယောက် … အခန်းကို အမှောင်ချပြီး နေတတ်လာတယ် ။ ထစ်ခနဲရှိ မျက်ရည်ကျတတ်တဲ့ ကောင်မလေးက သူအမြတ်နိုးဆုံးအရာကို ဆုံးရှုံးသွားတဲ့အခါတောင် မျက်ရည်တစ်စက်မှ မကျတော့ဘူး ။ ပန်းရောင် အဖြူရောင် စတဲ့အ​ရောင်တွေကို စွဲစွဲမြဲမြဲကြိုက်တတ်တဲ့ကောင်မလေးက … အနက်ရောင်ကို တစ်စိုက်မတ်မတ် ၀တ်တတ်လာတယ် ….

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားခြင်းမှာ အကြောင်းပြချက်တွေ အများကြီးရှိနေနိုင်ပါတယ် ။ အပေါ်ယံ ကိုယ်သိနိုင်မြင်နိုင်တဲ့ အကြောင်းလေးတွေလောက်နဲ့ မဝေဖန်နဲ့ ။ မိန်းကလေးတစ်ယောက်ရဲ့စိတ်က … သင်ရိုးညွှန်းတမ်းတွေလို ဘာပြီးရင် ဘာလာမယ် ဘာကြောင့် ဘာဖြစ်တယ်ဆိုတဲ့ တိကျသေချာတဲ့ သီအိုရီတွေ ထုတ်လို့မရဘူး ။ ရင်ဘတ်ထဲ သေလောက်အောင် သတ်ချင်နေပေမယ့် အပြင်မှာ ပြုံးပြချင် ပြုံးပြတတ်တယ် ။ ဒါပေမယ့် မချစ်တဲ့သူကိုတော့ ချစ်တယ်လို့ မလိမ်ညာတတ်ဘူး ။

ပြောင်းလဲခြင်းတဲ့ …. မိန်းကလေးတစ်ယောက်က လွယ်လွယ်လေးနဲ့ အပြောင်းအလဲ မမြန်တတ်ဘူး ။ အစွဲအလန်းကြီးတယ် နောက်ဆုံး မဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်အောင်လုပ်ချင်ကြတဲ့ ညဥ်လေးတွေရှိတယ် ။ ဒါကြောင့် ပြောပါမယ် ။ မိန်းကလေးတစ်ယောက် ပြောင်းလဲခြင်းမှာ အကြောင်းပြချက်တွေ အများကြီး ရှိနေနိုင်ပါတယ်လို့ ။

ချစ်တယ်လို့​တဖွဖွပြောနေတတ်တဲ့ကောင်မလေး တိတ်ဆိတ်သွားခြင်းဟာ … တစ်ဖက်က ကိုယ့်ကို ပြန်ပြီး မချစ်မှန်း လက်ခံသွားလို့ … အရာရာကို ဂရုတစိုက်နဲ့ ပွစိပွစိပြောနေတတ်တဲ့ကောင်းမလေးတစ်ယောက် မျက်နှာလွဲလိုက်ခြင်းက … ဘယ်အရာမှာမှ အလေးထားခြင်းမခံရလို့ … အမှောင်ကို ကြောက်တတ်တဲ့ကောင်မလေးတစ်ယောက်က အမှောင်ထဲမှာ ကြိတ်ပြီးငိုနေတယ်ဆိုတာ …နာကျင်စရာတွေကို ဖွင့်ဟလို့ရမယ့် နေရာမရှိလို့ ။

အပေါ်ယံလေးနဲ့ သူက အပြောင်းအလဲမြန်လိုက်တာဆိုတဲ့စကားမျိုး ပတ်၀န်းကျင်ကတစ်ဆင့်ပြန်ပြီးကြားရတဲ့အခါ… ကျွန်မ ရှင်းပြချင်စိတ်မရှိတော့ဘူး … ကိုယ့်ရဲ့အနှီးဆုံးသော သူစိမ်းတောင် ကိုယ့်ကို နားမလည်နိုင်ခဲ့တာ တခြားသူဆိုရင်တော့ ပိုဆိုးမှာပေါ့လို့ပဲ တွေးဖြစ်တယ် ။ ဒီလောက်ပဲ နာကျင်ခံစားမနေတော့ဘူး ။

ကိုယ့်ဒဏ်ရာ ကိုယ်ပဲသိသလို ကိုယ့်အနာကိုယ်ပဲ ကုရမှာလဲသိတယ် … ဘယ်သူမှ မစာနာနိုင်ဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် နားလည်နေဖို့လိုတယ်လေ … ဘယ်သူမှ မယုံကြည်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေဖို့လိုတယ် … ဒါပေမယ့် မိန်းကလေးတစ်ယောက် … အရင်ကလိုမဟုတ်တော့ပဲ ပြောင်းလဲသွားတဲ့အခါ သူ့မှာ ကိုယ်မသိခဲ့ မမြင်နိုင်ခဲ့တဲ့ ဒဏ်ရာတွေ အများကြီး ရခဲ့လို့ဆိုတာတော့ သိထားဖို့လိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အေမွာင္ကို ေၾကာက္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ … အခန္းကို အေမွာင္ခ်ၿပီး ေနတတ္လာတယ္ ။ ထစ္ခနဲရွိ မ်က္ရည္က်တတ္တဲ့ ေကာင္မေလးက သူအျမတ္ႏိုးဆုံးအရာကို ဆုံးရႈံးသြားတဲ့အခါေတာင္ မ်က္ရည္တစ္စက္မွ မက်ေတာ့ဘူး ။ ပန္းေရာင္ အျဖဴေရာင္ စတဲ့အ​ေရာင္ေတြကို စြဲစြဲၿမဲၿမဲႀကိဳက္တတ္တဲ့ေကာင္မေလးက … အနက္ေရာင္ကို တစ္စိုက္မတ္မတ္ ၀တ္တတ္လာတယ္ ….

မိန္းကေလးတစ္ေယာက္ ေျပာင္းလဲသြားျခင္းမွာ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးရွိေနႏိုင္ပါတယ္ ။ အေပၚယံ ကိုယ္သိႏိုင္ျမင္ႏိုင္တဲ့ အေၾကာင္းေလးေတြေလာက္နဲ႔ မေဝဖန္နဲ႔ ။ မိန္းကေလးတစ္ေယာက္ရဲ႕စိတ္က … သင္႐ိုးၫႊန္းတမ္းေတြလို ဘာၿပီးရင္ ဘာလာမယ္ ဘာေၾကာင့္ ဘာျဖစ္တယ္ဆိုတဲ့ တိက်ေသခ်ာတဲ့ သီအိုရီေတြ ထုတ္လို႔မရဘူး ။ ရင္ဘတ္ထဲ ေသေလာက္ေအာင္ သတ္ခ်င္ေနေပမယ့္ အျပင္မွာ ၿပဳံးျပခ်င္ ၿပဳံးျပတတ္တယ္ ။ ဒါေပမယ့္ မခ်စ္တဲ့သူကိုေတာ့ ခ်စ္တယ္လို႔ မလိမ္ညာတတ္ဘူး ။

ေျပာင္းလဲျခင္းတဲ့ …. မိန္းကေလးတစ္ေယာက္က လြယ္လြယ္ေလးနဲ႔ အေျပာင္းအလဲ မျမန္တတ္ဘူး ။ အစြဲအလန္းႀကီးတယ္ ေနာက္ဆုံး မျဖစ္ႏိုင္ဘူးဆိုရင္ေတာင္ ျဖစ္ေအာင္လုပ္ခ်င္ၾကတဲ့ ညဥ္ေလးေတြရွိတယ္ ။ ဒါေၾကာင့္ ေျပာပါမယ္ ။ မိန္းကေလးတစ္ေယာက္ ေျပာင္းလဲျခင္းမွာ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီး ရွိေနႏိုင္ပါတယ္လို႔ ။

ခ်စ္တယ္လို႔​တဖြဖြေျပာေနတတ္တဲ့ေကာင္မေလး တိတ္ဆိတ္သြားျခင္းဟာ … တစ္ဖက္က ကိုယ့္ကို ျပန္ၿပီး မခ်စ္မွန္း လက္ခံသြားလို႔ … အရာရာကို ဂ႐ုတစိုက္နဲ႔ ပြစိပြစိေျပာေနတတ္တဲ့ေကာင္းမေလးတစ္ေယာက္ မ်က္ႏွာလြဲလိုက္ျခင္းက … ဘယ္အရာမွာမွ အေလးထားျခင္းမခံရလို႔ … အေမွာင္ကို ေၾကာက္တတ္တဲ့ေကာင္မေလးတစ္ေယာက္က အေမွာင္ထဲမွာ ႀကိတ္ၿပီးငိုေနတယ္ဆိုတာ …နာက်င္စရာေတြကို ဖြင့္ဟလို႔ရမယ့္ ေနရာမရွိလို႔ ။

အေပၚယံေလးနဲ႔ သူက အေျပာင္းအလဲျမန္လိုက္တာဆိုတဲ့စကားမ်ိဳး ပတ္၀န္းက်င္ကတစ္ဆင့္ျပန္ၿပီးၾကားရတဲ့အခါ… ကြၽန္မ ရွင္းျပခ်င္စိတ္မရွိေတာ့ဘူး … ကိုယ့္ရဲ႕အႏွီးဆုံးေသာ သူစိမ္းေတာင္ ကိုယ့္ကို နားမလည္ႏိုင္ခဲ့တာ တျခားသူဆိုရင္ေတာ့ ပိုဆိုးမွာေပါ့လို႔ပဲ ေတြးျဖစ္တယ္ ။ ဒီေလာက္ပဲ နာက်င္ခံစားမေနေတာ့ဘူး ။

ကိုယ့္ဒဏ္ရာ ကိုယ္ပဲသိသလို ကိုယ့္အနာကိုယ္ပဲ ကုရမွာလဲသိတယ္ … ဘယ္သူမွ မစာနာႏိုင္ဘူးဆိုရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ နားလည္ေနဖို႔လိုတယ္ေလ … ဘယ္သူမွ မယုံၾကည္ရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ေနဖို႔လိုတယ္ … ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ … အရင္ကလိုမဟုတ္ေတာ့ပဲ ေျပာင္းလဲသြားတဲ့အခါ သူ႔မွာ ကိုယ္မသိခဲ့ မျမင္ႏိုင္ခဲ့တဲ့ ဒဏ္ရာေတြ အမ်ားႀကီး ရခဲ့လို႔ဆိုတာေတာ့ သိထားဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း