စေ့ထားတဲ့တံခါးကို ဒီတစ်ခါ သေသေချာချာ အသေပိတ်လိုက်ပါပြီ

ဖွင့်ထားတဲ့ တံခါးတွေ.. ပြန်ပိတ်လိုက်ပြီး စေ့ထားတဲ့တံခါးတွေ…သော့ခတ်လိုက်ပြီ ။

အချစ်လို့အော်ပြီး ခေါက်တဲ့လက်တွေပဲဖြစ်ဖြစ် တစ်သက်စာပါလို့ ကတိတွေပေးပြီး ၀င်ခွင့်တောင်းတာတွေဖြစ်ဖြစ် မျက်ကွယ်ပြုလိုက်ပြီး …ဘ၀ဆိုတဲ့ အခန်းကျဥ်းမှာ ကျွန်မ တစ်ယောက်တည်း ဆက်ပြီး ရှင်သန်မယ့် လမ်းကို ရွေးပါတယ် ။

ဖွင့်ထားတဲ့ တံခါးတွေ ပြန်ပိတ်လိုက်ပြီး စေ့ထားတဲ့ တံခါးတွေ သော့ပိတ်လိုက်ပြီ …အလည်လာခဲ့တဲ့ ဧည့်သည်တွေကို ကျွန်မဘက်က အတတ်နိုင်ဆုံး ဧည့်၀တ်ကျေခဲ့ပေမယ့် လာတဲ့ ဧည့်သည်တွေဟာ ဧည့်သည်မဆန်တာတွေ များပါတယ်

အရင်လို ကြိုဆိုပါ၏ဆိုပြီး ပြုံးပြုံးလေး မကြိုတော့ဘူး မဆုံခင်ကတည်းက မတွေ့အောင်နေဖြစ်ကြတာ ပိုကောင်းတယ်ပဲ တွေးတယ် ။ တွေ့ပြီးရင် ခွဲရမယ့်အတူတူ အသည်းတွေ မကွဲခင် ကျွန်မ မျက်နှာအရင်လွဲလိုက်ပါရစေ ။

ဒီတစ်ခါ ထပ်မချစ်ဖြစ်ဖို့ များသလို ချစ်ပါတယ်လို့ပြောတဲ့အခါ မယုံဖြစ်တော့တာ ပိုများမယ်ထင်တယ် အရင်လို ရင်ခုန်တတ်တဲ့ ကောင်မလေးထက် ဒီတစ်ခါ နှလုံးသားထက် ဦးဏှောက်ကို ပိုပြီး အလေးထားတော့မယ်လို့ ဆုံးဖြတ်ထားတယ် ။ ထိခိုက်ဒဏ်ရာဆိုတာ တစ်ခါတစ်လေကျတော့ ကိုယ်မဆင်ခြင်ခဲ့တာတွေကြောင့် ဖြစ်တတ်တယ်လေ ။ ဒါကြောင့် ကျွန်မ ဆင်ခြင်လိုက်တာပါ ။

စေ့ထားတဲ့တံခါးကို ဒီတစ်ခါ သေသေချာချာ အသေပိတ်လိုက်ပါပြီ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဖြင့္ထားတဲ့ တံခါးေတြ.. ျပန္ပိတ္လိုက္ၿပီး ေစ့ထားတဲ့တံခါးေတြ…ေသာ့ခတ္လိုက္ၿပီ ။

အခ်စ္လို႔ေအာ္ၿပီး ေခါက္တဲ့လက္ေတြပဲျဖစ္ျဖစ္ တစ္သက္စာပါလို႔ ကတိေတြေပးၿပီး ၀င္ခြင့္ေတာင္းတာေတြျဖစ္ျဖစ္ မ်က္ကြယ္ျပဳလိုက္ၿပီး …ဘ၀ဆိုတဲ့ အခန္းက်ဥ္းမွာ ကြၽန္မ တစ္ေယာက္တည္း ဆက္ၿပီး ရွင္သန္မယ့္ လမ္းကို ေ႐ြးပါတယ္ ။

ဖြင့္ထားတဲ့ တံခါးေတြ ျပန္ပိတ္လိုက္ၿပီး ေစ့ထားတဲ့ တံခါးေတြ ေသာ့ပိတ္လိုက္ၿပီ …အလည္လာခဲ့တဲ့ ဧည့္သည္ေတြကို ကြၽန္မဘက္က အတတ္ႏိုင္ဆုံး ဧည့္၀တ္ေက်ခဲ့ေပမယ့္ လာတဲ့ ဧည့္သည္ေတြဟာ ဧည့္သည္မဆန္တာေတြ မ်ားပါတယ္

အရင္လို ႀကိဳဆိုပါ၏ဆိုၿပီး ၿပဳံးၿပဳံးေလး မႀကိဳေတာ့ဘူး မဆုံခင္ကတည္းက မေတြ႕ေအာင္ေနျဖစ္ၾကတာ ပိုေကာင္းတယ္ပဲ ေတြးတယ္ ။ ေတြ႕ၿပီးရင္ ခြဲရမယ့္အတူတူ အသည္းေတြ မကြဲခင္ ကြၽန္မ မ်က္ႏွာအရင္လြဲလိုက္ပါရေစ ။

ဒီတစ္ခါ ထပ္မခ်စ္ျဖစ္ဖို႔ မ်ားသလို ခ်စ္ပါတယ္လို႔ေျပာတဲ့အခါ မယုံျဖစ္ေတာ့တာ ပိုမ်ားမယ္ထင္တယ္ အရင္လို ရင္ခုန္တတ္တဲ့ ေကာင္မေလးထက္ ဒီတစ္ခါ ႏွလုံးသားထက္ ဦးေဏွာက္ကို ပိုၿပီး အေလးထားေတာ့မယ္လို႔ ဆုံးျဖတ္ထားတယ္ ။ ထိခိုက္ဒဏ္ရာဆိုတာ တစ္ခါတစ္ေလက်ေတာ့ ကိုယ္မဆင္ျခင္ခဲ့တာေတြေၾကာင့္ ျဖစ္တတ္တယ္ေလ ။ ဒါေၾကာင့္ ကြၽန္မ ဆင္ျခင္လိုက္တာပါ ။

ေစ့ထားတဲ့တံခါးကို ဒီတစ္ခါ ေသေသခ်ာခ်ာ အေသပိတ္လိုက္ပါၿပီ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း