ကျွန်မ သူ့ကို မုန်းလိုက်ချင်ပြီ …

ကျွန်မ သူ့ကို မုန်းလိုက်ချင်ပြီ …အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ စကားအရဆိုရင် ကျွန်မ သူ့ကို အကြီးကြီးချစ်ခဲ့ပြီးပြီလေ … အခုလောက်ဆို မုန်းမယ်ဆိုရင်တောင် မုန်းလောက်တဲ့ အကြောင်းပြချက်တွေမှ အများကြီးပါပဲ ။

တချို့ရက်တွေမှာ .. သူ့အနားမှာရပ်နေရပ်နေရင်းကနေမှ ကိုယ်တစ်ယောက်တည်း ဖြစ်နေသလို အထီးကျန်လာရတယ် ။ ဘာကြောင့်လဲတဲ့ … သူက ဂရုမစိုက်ဘူးဆိုတာထက်ကို ပစ်ထားတတ်လွန်းခဲ့တာ တချို့ရက်တွေမှာ အသက်မှ ရှိသေးရဲ့လားလို့ တွေးရလောက်တဲ့အထိကို အဆက်အသွယ်တွေပြတ်တယ် ။

သူက ကိုယ့်အတွက် အရာရာပါဆိုတဲ့အတွေးနဲ့ နေရာတကာမှာ အရေးပါခဲ့ပေမယ့် သူ့အတွက်တော့ … ကိုယ်ကလွဲရင် ကျန်တာအားလုံးဟာ အရေးပါနေမှန်း တဖြေးဖြေး သိလာခဲ့တယ် ။ ဘယ်သူနဲ့ပဲ ယှဥ်ယှဥ္ ကိုယ်က အားလုံးရဲ့ အနောက်မှာချည်းပါပဲ ။

သူ့ကို အားကိုးဖို့ နေနေသာသာ သူ့ရှေ့မှာ မျက်ရည်တွေ ကျလာမိမှာကို တဖြေးဖြေး ကြောက်ရွွံလာခဲ့တယ် ။ ဘာကြောင့် ငိုနေတာလဲဆိုတဲ့ မေးခွန်းတွေထက် ကျွန်မ မျက်ရည်တွေကို သူက စိတ်ပျက်သယောင်တွေပဲပြတယ် ။ မငိုစေချင်ဘူးဆိုတဲ့လူက သူပါပဲ ငိုစေခဲ့တဲ့လူကလဲ သူပါပဲ … ဒါပေမယ့် သူရှေ့နောက် မငိုဖြစ်တော့ဘူး။

တကယ်ဆို … ချစ်သူဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်မှာ မိန်းမသားဖြစ်တဲ့ကျွန်မကပဲ ဦးအောင်စခေါ်ရမယ် ။ ငိုနေတဲ့မျက်ရည်တွေကို ကိုယ်ကိုယ်တိုင်ပဲ သုတ်ရတယ် ။ ဘယ်သူ့ကြောင့်ပဲ အဆင်မပြေမပြေ ကျွန်မရဲ့ အပြစ်လို့ ခေါင်းစဥ်တပ်တယ် ။

အစကတော့ သူမချစ်ပြတတ်ခဲ့ဘူးလို့ထင်ခဲ့တာပါ ။ တဖြေးဖြေးသိလာခဲ့တာကတော့ .. သူကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့တာပါပဲ …. ကိုယ်ချစ်နေလို့သာ ကိုယ်ချစ်တာခံချင်လို့သာ ကျွန်မလက်ကို မလွှတ်တဲ့ သူ့ကို တဖြေးဖြေးနဲ့ ကျွန်မ မုန်းပစ်ချင်လာပြီ ။ သူ့ကို သိပ်ချစ်ပေမယ့်လဲ ကျွန်မ အရမ်းကို ပင်ပန်းလာတဲ့အခါ သူ့ကို မုန်းပစ်ချင်လာခဲ့ပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ သူ႔ကို မုန္းလိုက္ခ်င္ၿပီ …အခ်စ္ႀကီးရင္ အမ်က္ႀကီးတယ္ဆိုတဲ့ စကားအရဆိုရင္ ကြၽန္မ သူ႔ကို အႀကီးႀကီးခ်စ္ခဲ့ၿပီးၿပီေလ … အခုေလာက္ဆို မုန္းမယ္ဆိုရင္ေတာင္ မုန္းေလာက္တဲ့ အေၾကာင္းျပခ်က္ေတြမွ အမ်ားႀကီးပါပဲ ။

တခ်ိဳ႕ရက္ေတြမွာ .. သူ႔အနားမွာရပ္ေနရပ္ေနရင္းကေနမွ ကိုယ္တစ္ေယာက္တည္း ျဖစ္ေနသလို အထီးက်န္လာရတယ္ ။ ဘာေၾကာင့္လဲတဲ့ … သူက ဂ႐ုမစိုက္ဘူးဆိုတာထက္ကို ပစ္ထားတတ္လြန္းခဲ့တာ တခ်ိဳ႕ရက္ေတြမွာ အသက္မွ ရွိေသးရဲ႕လားလို႔ ေတြးရေလာက္တဲ့အထိကို အဆက္အသြယ္ေတြျပတ္တယ္ ။

သူက ကိုယ့္အတြက္ အရာရာပါဆိုတဲ့အေတြးနဲ႔ ေနရာတကာမွာ အေရးပါခဲ့ေပမယ့္ သူ႔အတြက္ေတာ့ … ကိုယ္ကလြဲရင္ က်န္တာအားလုံးဟာ အေရးပါေနမွန္း တေျဖးေျဖး သိလာခဲ့တယ္ ။ ဘယ္သူနဲ႔ပဲ ယွဥ္ယွၪ္ ကိုယ္က အားလုံးရဲ႕ အေနာက္မွာခ်ည္းပါပဲ ။

သူ႔ကို အားကိုးဖို႔ ေနေနသာသာ သူ႔ေရွ႕မွာ မ်က္ရည္ေတြ က်လာမိမွာကို တေျဖးေျဖး ေၾကာက္႐ြြံလာခဲ့တယ္ ။ ဘာေၾကာင့္ ငိုေနတာလဲဆိုတဲ့ ေမးခြန္းေတြထက္ ကြၽန္မ မ်က္ရည္ေတြကို သူက စိတ္ပ်က္သေယာင္ေတြပဲျပတယ္ ။ မငိုေစခ်င္ဘူးဆိုတဲ့လူက သူပါပဲ ငိုေစခဲ့တဲ့လူကလဲ သူပါပဲ … ဒါေပမယ့္ သူေရွ႕ေနာက္ မငိုျဖစ္ေတာ့ဘူး။

တကယ္ဆို … ခ်စ္သူဆိုတဲ့ ေခါင္းစဥ္တစ္ခုေအာက္မွာ မိန္းမသားျဖစ္တဲ့ကြၽန္မကပဲ ဦးေအာင္စေခၚရမယ္ ။ ငိုေနတဲ့မ်က္ရည္ေတြကို ကိုယ္ကိုယ္တိုင္ပဲ သုတ္ရတယ္ ။ ဘယ္သူ႔ေၾကာင့္ပဲ အဆင္မေျပမေျပ ကြၽန္မရဲ႕ အျပစ္လို႔ ေခါင္းစဥ္တပ္တယ္ ။

အစကေတာ့ သူမခ်စ္ျပတတ္ခဲ့ဘူးလို႔ထင္ခဲ့တာပါ ။ တေျဖးေျဖးသိလာခဲ့တာကေတာ့ .. သူကြၽန္မကို ဘယ္တုန္းကမွ မခ်စ္ခဲ့တာပါပဲ …. ကိုယ္ခ်စ္ေနလို႔သာ ကိုယ္ခ်စ္တာခံခ်င္လို႔သာ ကြၽန္မလက္ကို မလႊတ္တဲ့ သူ႔ကို တေျဖးေျဖးနဲ႔ ကြၽန္မ မုန္းပစ္ခ်င္လာၿပီ ။ သူ႔ကို သိပ္ခ်စ္ေပမယ့္လဲ ကြၽန္မ အရမ္းကို ပင္ပန္းလာတဲ့အခါ သူ႔ကို မုန္းပစ္ခ်င္လာခဲ့ၿပီ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း