လုံလောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရပြီးသွားတဲ့အခါ

ဥပေက္ခာဆိုတာ သူဘာပဲပဲ လုပ်နေနေ ဘာကြီးပဲဖြစ်နေနေ လျစ်လျူရှုပစ်လိုက်တာမျိုးပါ . . .ဥပေက္ခာပြုလိုက်တယ်ဆိုတာ သူနဲ့ပတ်သက်ပြီး ဘယ်အကြောင်းအရာမှ စိတ်မ၀င်စားတော့တာပေါ့

ဥပေက္ခာပြုတတ်ဖို့ ဘာတွေလိုလဲဆိုရင် လုံလောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပဲလိုပါတယ် စေတနာနဲ့ ထိုက်တဲ့သူကို စေတနာတွေ ပေးပြီး စေတနာနဲ့ မတန်တဲ့လူတွေကို ဥပေက္ခာပြုလိုက်ပါ ။ မေတ္တာက အရမ်းကို အေးချမ်းတဲ့သဘော ဖြူစင်တဲ့သဘောကို ဆောင်ပါတယ် ဒါပေမယ့် နေရာတိုင်းမှာ မေတ္တာကို ရှေ့တန်းတင်လို့မရမှန်းတော့ အချိန်တန်ရင် နားလည်သဘောပေါက်လာလိမ့်မယ် ။ကိုယ့်ဘက်က စေတနာတွေ ဘယ်လောက်ပဲပေးပေး စေတနာနဲ့ မတန်တဲ့သူက မတန်တာပါပဲ တန်ဖိုးထားရ​ကောင်းမှန်း နားမလည်ဘူး ကျေးဇူးတင်ရကောင်းမှန်း မသိတတ်ဘူး

ပြီးတော့ . . . ကိုယ့်ရဲ့ သည်းခံမှုတွေကို နားလည်ပေးသင့်မှန်း သဘောမပေါက်ကြဘူး ချနင်းဖို့လောက် စဥ်းစားနေကြတာလေ ဥပေက္ခာပြုတတ်ဖို့ အရမ်းကြီးမခက်သလို အရမ်းကြီးလဲ မလွယ်ကူပါဘူး ကိုယ့်ဘက်က တန်ဖိုးထားသလောက် အလေးထားမှုတွေ ပြန်ရမလာတဲ့အခါ အရမ်းကို နာကျင်ရပါတယ် ကိုယ့်ဘက်က စေတနာထားခဲ့သလောက် ပြန်ပြီးစော်ကားခံရတဲ့အခါ ကိုယ့်မှာ ဒေါသတွေထွက်ရသလို ၀မ်းလဲနည်းရတယ်

အချစ်နဲ့ ပတ်သက်လာတဲ့အခါမှာလဲ . . .ကိုယ်အရမ်းတွေ ချစ်ပြလိုက်တဲ့အခါ ချောင်ထိုးခံထားရတာတွေ မရှိရင် မဖြစ်ဘူးလို့ ၀န်ခံလိုက်မိတဲ့အခါ ရှိတယ်လို့ မထင်တဲ့အခိုက်အတန့်တွေ ဒါတွေအားလုံးဟာ နာကျင်စရာတွေချည်းပါပဲ ကိုယ့်မှာ ထိုက်သင့်တဲ့ နာကျင်စရာတွေရှိတာမှန်ပေမယ့် တစ်နေ့ ပြောင်းလဲလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေ ကျန်နေသေးတဲ့အခါ ဥပေက္ခာ ပြုရခက်တယ်

ဒါပေမယ့် တစ်နေ့ကျရင်တော့ အလိုလို တတ်မြောက်လာလိမ့်မယ် ဘယ်အကြောင်းအရာကိုမှ ရင်ဘတ်ကြီးထဲ ထည့်ပြီး မခံစားတော့ဘူး သူအဆင်ပြေသလို နေနေသလို ကိုယ်လဲ အဆင်ပြေသလို နေလာတတ်လိမ့်မယ် သေမလို ဖြစ်နေတဲ့အခါတောင် အရင်လို သဲသဲလှုပ်မဖြစ်မိတော့ဘူး ဥပေက္ခာပြုလိုက်တယ်ဆိုတာ မုန်းသွားတာမဟုတ်ဘူး မချစ်တော့တာလဲမဟုတ်ဘူး

စိတ်ထဲကို မရှိတော့တာ ဘာလုပ်လုပ် မခံစားဖြစ်တော့ဘူး ဘာပဲဖြစ်ဖြစ် စိတ်မပူဖြစ်တော့ဘူး မစိုးရိမ်ဖြစ်တော့ဘူး ပြုံးပြတဲ့အခါ ပြုံးပြမယ် မဲ့ပြတဲ့ပြန်ပြီးမဲ့ပြလိုက်တယ် ဘာပဲဖြစ်နေဖြစ်နေ လျစ်လျူရှုလိုက်တာမျိုးပေါ့ နေရာတကာမှာ မေတ္တာကို ရှေ့တန်းတင်လို့မရမှန်း တစ်နေ့ကျရင် သိလာမှာပါ ပြီးတော့ လုံလောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရပြီးသွားတဲ့အခါ အလိုလို ဥပေက္ခာ ပြုတတ်လာပါလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဥေပကၡာဆိုတာ သူဘာပဲပဲ လုပ္ေနေန ဘာႀကီးပဲျဖစ္ေနေန လ်စ္လ်ဴရႈပစ္လိုက္တာမ်ိဳးပါ . . .ဥေပကၡာျပဳလိုက္တယ္ဆိုတာ သူနဲ႔ပတ္သက္ၿပီး ဘယ္အေၾကာင္းအရာမွ စိတ္မ၀င္စားေတာ့တာေပါ့

ဥေပကၡာျပဳတတ္ဖို႔ ဘာေတြလိုလဲဆိုရင္ လုံေလာက္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြပဲလိုပါတယ္ ေစတနာနဲ႔ ထိုက္တဲ့သူကို ေစတနာေတြ ေပးၿပီး ေစတနာနဲ႔ မတန္တဲ့လူေတြကို ဥေပကၡာျပဳလိုက္ပါ ။ေမတၱာက အရမ္းကို ေအးခ်မ္းတဲ့သေဘာ ျဖဴစင္တဲ့သေဘာကို ေဆာင္ပါတယ္ ဒါေပမယ့္ ေနရာတိုင္းမွာ ေမတၱာကို ေရွ႕တန္းတင္လို႔မရမွန္းေတာ့ အခ်ိန္တန္ရင္ နားလည္သေဘာေပါက္လာလိမ့္မယ္ ။ကိုယ့္ဘက္က ေစတနာေတြ ဘယ္ေလာက္ပဲေပးေပး ေစတနာနဲ႔ မတန္တဲ့သူက မတန္တာပါပဲ တန္ဖိုးထားရ​ေကာင္းမွန္း နားမလည္ဘူး ေက်းဇူးတင္ရေကာင္းမွန္း မသိတတ္ဘူး

ၿပီးေတာ့ . . . ကိုယ့္ရဲ႕ သည္းခံမႈေတြကို နားလည္ေပးသင့္မွန္း သေဘာမေပါက္ၾကဘူး ခ်နင္းဖို႔ေလာက္ စဥ္းစားေနၾကတာေလ ဥေပကၡာျပဳတတ္ဖို႔ အရမ္းႀကီးမခက္သလို အရမ္းႀကီးလဲ မလြယ္ကူပါဘူး ကိုယ့္ဘက္က တန္ဖိုးထားသေလာက္ အေလးထားမႈေတြ ျပန္ရမလာတဲ့အခါ အရမ္းကို နာက်င္ရပါတယ္ ကိုယ့္ဘက္က ေစတနာထားခဲ့သေလာက္ ျပန္ၿပီးေစာ္ကားခံရတဲ့အခါ ကိုယ့္မွာ ေဒါသေတြထြက္ရသလို ၀မ္းလဲနည္းရတယ္

အခ်စ္နဲ႔ ပတ္သက္လာတဲ့အခါမွာလဲ . . .ကိုယ္အရမ္းေတြ ခ်စ္ျပလိုက္တဲ့အခါ ေခ်ာင္ထိုးခံထားရတာေတြ မရွိရင္ မျဖစ္ဘူးလို႔ ၀န္ခံလိုက္မိတဲ့အခါ ရွိတယ္လို႔ မထင္တဲ့အခိုက္အတန္႔ေတြ ဒါေတြအားလုံးဟာ နာက်င္စရာေတြခ်ည္းပါပဲ ကိုယ့္မွာ ထိုက္သင့္တဲ့ နာက်င္စရာေတြရွိတာမွန္ေပမယ့္ တစ္ေန႔ ေျပာင္းလဲလာႏိုးႏိုးဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ က်န္ေနေသးတဲ့အခါ ဥေပကၡာ ျပဳရခက္တယ္

ဒါေပမယ့္ တစ္ေန႔က်ရင္ေတာ့ အလိုလို တတ္ေျမာက္လာလိမ့္မယ္ ဘယ္အေၾကာင္းအရာကိုမွ ရင္ဘတ္ႀကီးထဲ ထည့္ၿပီး မခံစားေတာ့ဘူး သူအဆင္ေျပသလို ေနေနသလို ကိုယ္လဲ အဆင္ေျပသလို ေနလာတတ္လိမ့္မယ္ ေသမလို ျဖစ္ေနတဲ့အခါေတာင္ အရင္လို သဲသဲလႈပ္မျဖစ္မိေတာ့ဘူး ဥေပကၡာျပဳလိုက္တယ္ဆိုတာ မုန္းသြားတာမဟုတ္ဘူး မခ်စ္ေတာ့တာလဲမဟုတ္ဘူး

စိတ္ထဲကို မရွိေတာ့တာ ဘာလုပ္လုပ္ မခံစားျဖစ္ေတာ့ဘူး ဘာပဲျဖစ္ျဖစ္ စိတ္မပူျဖစ္ေတာ့ဘူး မစိုးရိမ္ျဖစ္ေတာ့ဘူး ၿပဳံးျပတဲ့အခါ ၿပဳံးျပမယ္ မဲ့ျပတဲ့ျပန္ၿပီးမဲ့ျပလိုက္တယ္ ဘာပဲျဖစ္ေနျဖစ္ေန လ်စ္လ်ဴရႈလိုက္တာမ်ိဳးေပါ့ ေနရာတကာမွာ ေမတၱာကို ေရွ႕တန္းတင္လို႔မရမွန္း တစ္ေန႔က်ရင္ သိလာမွာပါ ၿပီးေတာ့ လုံေလာက္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြ ရၿပီးသြားတဲ့အခါ အလိုလို ဥေပကၡာ ျပဳတတ္လာပါလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း