အတ္တတွေကို နာမည်လှလှပေးထားတယ် အချစ်တဲ့ …

အတ္တတွေကို နာမည်လှလှပေးထားတယ် အချစ်တဲ့ …

သိပ်​ကြောက်ဖို့​ကောင်းတဲ့အချစ်တစ်ခုပေါ့ … အရမ်းလဲပူလောင်ရတယ် ။ ချစ်တယ်လို့တစ်ခါပြောတိုင်း အသက်ရှုရကျပ်တယ် ကိုယ့်ကိုယ်ကိုယ် အချစ်ခံနေရတာနဲ့မတူပဲ … ကိုယ့်ကိုယ်ကိုယ် ထောင်ကျနေတဲ့ အကျဥ်းသားတစ်ယောက်လို့ပဲ မြင်လာတယ် ။ အဲ့တာ … အတ္တတွေနဲ့ ထုံးဖွဲ့ထားတဲ့ အချစ်ပေါ့ …

စချစ်ခဲ့တုန်းက .. ချစ်လို့ သ၀န်တိုတယ်လို့ပဲ ထင်ခဲ့မိတာ ။ ချစ်လို့ သ၀န်တိုတာပဲလေဆိုတဲ့စိတ်နဲ့ နားလည်ခွင့်ခွှတ်ပေးခဲ့မိတာ … ဒါပေမယ့် အမှန်တမ်းကျတော့ သ၀န်တိုတာ မဟုတ်ပဲ အတ္တတွေ ကြီးနေခဲ့မှန်း အနားနားရောက်လေ ပိုပြီးသိလာလေလေပဲ အဲ့လို ပိုပြီးသိလာလေလေ ကိုယ့်မှာ ပိုပြီး မွန်းကျပ်လာခဲ့ရတယ် ။

ချစ်တယ်လို့ ပြောတဲ့အခါ … ကိုယ့်မှာ မပျော်ရွှင်ရတော့ဘူး သူ့အချစ်ကြီးက ကြောက်ဖို့ကောင်းတယ် ။ မှားတာ မှန်တာ အရင်ဆုံးထည့်မစဥ်းစားဘူး ပတ်၀န်းကျင်ဆိုတာကို ထည့်မတွက်ဘူး သူလိုချင်တာတွေ မရတဲ့အခါ ပြသနာရှာဖို့ ၀န်မလေးတော့ဘူး ။ ကိုယ့်ကို သူ့စိတ်တိုင်းကျ ပုံသွင်းဖို့ပဲ တွေးတော့တယ် ။ ကိုယ်ဟာ လူသားတစ်ယောက်ပါလားဆိုတဲ့အတွေး မရှိတော့ဘူး ။

ကိုယ့်ကိုဆို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်စေချင်တယ်ဆိုတာ … အချစ်လို့ ခေါင်းစဥ်တပ်လို့ရပေမယ့် အဲ့လိုဖြစ်စေချင်တဲ့သူက အမှားတွေ ရှိလာတဲ့အခါ မပြင်ပဲ … ဖင်ပိတ်ငြင်းတတ်တာ ကျတော့ အချစ်မဟုတ်တော့ဘူး … အတ္တလို့ပဲ ကျွန်မတော့ မြင်တယ် ။ စဥ်းစားကြည့်လေ … ကိုယ်ကို ကောင်းစေချင်ရင် … သူလဲ ကောင်းအောင်တော့ နေသင့်တာပေါ့ ။ အခုက ကိုယ်ကကောင်းနေမှ … ကိုယ်မကောင်းရင် ပြင်မယ်လို့ မတွေးပဲ အပြစ်ကြီးပဲ မြင်နေတင်နေတာက အချစ်လို့ ကျွန်မ မထင်ဘူး ။

သူက … သူ့အတ္တတွေကို နာမည်လှလှလေးပေးထားတယ် … အချစ်တဲ့ … ရူးမိုက်ခဲ့မိတာပေါ့ ငါနဲ့ပတ်သက်ရင် သူက အရမ်းဂရုစိုက်တာပဲလို့ ထင်ခဲ့မိတာ တကယ်တော့ သူ့အတ္တကို သူ အရမ်းဂရုစိုက်တာ ။ ကျွန်မကို မဟုတ်ဘူး ။ ကျွန်မကို ပျော်စေချင်တာထက် … သူ့အတ္တနဲ့သူ ပျော်နေတာ ။ ကျွန်မကို ပိုင်ဆိုင်ချင်တဲ့ အတ္တပဲ ရှိတယ် ။ ကျွန်မကို ပျော်အောင်ထားချင်တယ် မေတ္တာတွေ မရှိဘူး ။ ကျွန်မကို အပြစ်ကင်းစေချင်တဲ့ အတ္တပဲရှိတယ် ။ ကျွန်မ မှားသွားတဲ့အခါ ပြင်ပေးချင်တဲ့ စေတနာတွေ မရှိဘူး ။

ဒီလို အချစ်မျိုးကို ကျွန်မ အရမ်းကြောက်တယ် ။ ကိုယ့်ကိုယ်ကိုယ် အချစ်ခံနေရတယ်လို့ မမြင်ပဲ အချိန်ကြာလာတာနဲ့အမျှ ကျွန်မကိုယ်ကျွန်မ အကျဥ်းသားတစ်ယောက်လို … ထင်လာခဲ့တယ် ။ တကယ်ပါ .. အတ္တတွေနဲ့ ထုံးဖွဲ့ထားတဲ့အချစ်ကို ကျွန်မ ဆက်ပြီး မလိုချင်တော့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အတၱေတြကို နာမည္လွလွေပးထားတယ္ အခ်စ္တဲ့ …

သိပ္​ေၾကာက္ဖို႔​ေကာင္းတဲ့အခ်စ္တစ္ခုေပါ့ … အရမ္းလဲပူေလာင္ရတယ္ ။ ခ်စ္တယ္လို႔တစ္ခါေျပာတိုင္း အသက္ရႈရက်ပ္တယ္ ကိုယ့္ကိုယ္ကိုယ္ အခ်စ္ခံေနရတာနဲ႔မတူပဲ … ကိုယ့္ကိုယ္ကိုယ္ ေထာင္က်ေနတဲ့ အက်ဥ္းသားတစ္ေယာက္လို႔ပဲ ျမင္လာတယ္ ။ အဲ့တာ … အတၱေတြနဲ႔ ထုံးဖြဲ႕ထားတဲ့ အခ်စ္ေပါ့ …

စခ်စ္ခဲ့တုန္းက .. ခ်စ္လို႔ သ၀န္တိုတယ္လို႔ပဲ ထင္ခဲ့မိတာ ။ ခ်စ္လို႔ သ၀န္တိုတာပဲေလဆိုတဲ့စိတ္နဲ႔ နားလည္ခြင့္ခႊတ္ေပးခဲ့မိတာ … ဒါေပမယ့္ အမွန္တမ္းက်ေတာ့ သ၀န္တိုတာ မဟုတ္ပဲ အတၱေတြ ႀကီးေနခဲ့မွန္း အနားနားေရာက္ေလ ပိုၿပီးသိလာေလေလပဲ အဲ့လို ပိုၿပီးသိလာေလေလ ကိုယ့္မွာ ပိုၿပီး မြန္းက်ပ္လာခဲ့ရတယ္ ။

ခ်စ္တယ္လို႔ ေျပာတဲ့အခါ … ကိုယ့္မွာ မေပ်ာ္႐ႊင္ရေတာ့ဘူး သူ႔အခ်စ္ႀကီးက ေၾကာက္ဖို႔ေကာင္းတယ္ ။ မွားတာ မွန္တာ အရင္ဆုံးထည့္မစဥ္းစားဘူး ပတ္၀န္းက်င္ဆိုတာကို ထည့္မတြက္ဘူး သူလိုခ်င္တာေတြ မရတဲ့အခါ ျပသနာရွာဖို႔ ၀န္မေလးေတာ့ဘူး ။ ကိုယ့္ကို သူ႔စိတ္တိုင္းက် ပုံသြင္းဖို႔ပဲ ေတြးေတာ့တယ္ ။ ကိုယ္ဟာ လူသားတစ္ေယာက္ပါလားဆိုတဲ့အေတြး မရွိေတာ့ဘူး ။

ကိုယ့္ကိုဆို ေျခာက္ပစ္ကင္း သဲလဲစင္ ျဖစ္ေစခ်င္တယ္ဆိုတာ … အခ်စ္လို႔ ေခါင္းစဥ္တပ္လို႔ရေပမယ့္ အဲ့လိုျဖစ္ေစခ်င္တဲ့သူက အမွားေတြ ရွိလာတဲ့အခါ မျပင္ပဲ … ဖင္ပိတ္ျငင္းတတ္တာ က်ေတာ့ အခ်စ္မဟုတ္ေတာ့ဘူး … အတၱလို႔ပဲ ကြၽန္မေတာ့ ျမင္တယ္ ။ စဥ္းစားၾကည့္ေလ … ကိုယ္ကို ေကာင္းေစခ်င္ရင္ … သူလဲ ေကာင္းေအာင္ေတာ့ ေနသင့္တာေပါ့ ။ အခုက ကိုယ္ကေကာင္းေနမွ … ကိုယ္မေကာင္းရင္ ျပင္မယ္လို႔ မေတြးပဲ အျပစ္ႀကီးပဲ ျမင္ေနတင္ေနတာက အခ်စ္လို႔ ကြၽန္မ မထင္ဘူး ။

သူက … သူ႔အတၱေတြကို နာမည္လွလွေလးေပးထားတယ္ … အခ်စ္တဲ့ … ႐ူးမိုက္ခဲ့မိတာေပါ့ ငါနဲ႔ပတ္သက္ရင္ သူက အရမ္းဂ႐ုစိုက္တာပဲလို႔ ထင္ခဲ့မိတာ တကယ္ေတာ့ သူ႔အတၱကို သူ အရမ္းဂ႐ုစိုက္တာ ။ ကြၽန္မကို မဟုတ္ဘူး ။ ကြၽန္မကို ေပ်ာ္ေစခ်င္တာထက္ … သူ႔အတၱနဲ႔သူ ေပ်ာ္ေနတာ ။ ကြၽန္မကို ပိုင္ဆိုင္ခ်င္တဲ့ အတၱပဲ ရွိတယ္ ။ ကြၽန္မကို ေပ်ာ္ေအာင္ထားခ်င္တယ္ ေမတၱာေတြ မရွိဘူး ။ ကြၽန္မကို အျပစ္ကင္းေစခ်င္တဲ့ အတၱပဲရွိတယ္ ။ ကြၽန္မ မွားသြားတဲ့အခါ ျပင္ေပးခ်င္တဲ့ ေစတနာေတြ မရွိဘူး ။

ဒီလို အခ်စ္မ်ိဳးကို ကြၽန္မ အရမ္းေၾကာက္တယ္ ။ ကိုယ့္ကိုယ္ကိုယ္ အခ်စ္ခံေနရတယ္လို႔ မျမင္ပဲ အခ်ိန္ၾကာလာတာနဲ႔အမွ် ကြၽန္မကိုယ္ကြၽန္မ အက်ဥ္းသားတစ္ေယာက္လို … ထင္လာခဲ့တယ္ ။ တကယ္ပါ .. အတၱေတြနဲ႔ ထုံးဖြဲ႕ထားတဲ့အခ်စ္ကို ကြၽန္မ ဆက္ၿပီး မလိုခ်င္ေတာ့ဘူး ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း