ကျွန်မ အရမ်းချစ်ပြမိသွားတယ်ထင်တယ် …

အရမ်းချစ်ပြလိုက်တဲ့အခါ …

ချစ်လားလို့ မမေးပဲ သိပ်ချစ်တဲ့အကြောင်းတွေပြောခဲ့မိတယ် ။ တစ်ဆက်တည်း သူမရှိရင် မဖြစ်ပါဘူးဆိုတဲ့ အမှန်တရားတွေကို ဝန်ခံခဲ့မိတယ် ။ ကိုယ့်ရင်ထဲကို မြင်ပါစေဆိုတဲ့အတွေးနဲ့ အရိုးသားဆုံး ထုတ်ပြဖြစ်ခဲ့တာပါ ။

အမှားတွေ ရှိလာတဲ့အခါ တောင်းပန်စရာမလိုပဲ ခွင့်လွှတ်ပေးခဲ့တယ် ။ နားလည်ပေးပါလားဆိုတဲ့အတွေးနဲ့ ပြင်လာမယ်လို့ထင်ခဲ့မိတာပါ ။ တကယ်တမ်းကျတော့ ငါ ဘယ်လောက်မှားမှား သူမှ ငါ့မရှိပဲမနေနိုင်တာဆိုတဲ့ အတွေးပဲ စွဲသွားခဲ့တယ် ။

သူ့ဘက်က စမခေါ်ပေမယ့်လဲ ကိုယ့်ဘက်က စခေါ်ဖြစ်ခဲ့တယ် ။ အရမ်းလွမ်းလို့ပါဆိုတဲ့ အကြောင်းအရာသက်သက်နဲ့ ။ နောက်ဆုံးကျတော့ ဘယ်အရပ်ပဲရောက်ရောက် ကိုယ်မှစမခေါ်ဘူး ဘာအသံမှ ထွက်မလာတော့ဘူး ။

နေရာတကာမှာ စိတ်ပူပေးခဲ့မိတယ် … မလိုခင်ကတည်းကနေ ကြိုပြီးရောက်နှင့်နေတာမျိုးပေါ့ ။ ဖြစ်စေချင်ခဲ့တာက သူငါ့ကိုသိပ်ချစ်ပါလားဆိုတဲ့ အတွေးမျိုး ရှိစေချင်တာပါ ။ တကယ်တမ်းကျတော့ … ကိုယ်က သူ့အတွက် အမြဲရှိနေပေးရမယ်ဆိုတဲ့ တာ၀န်မျိုး သတ်မှတ်သွားခဲ့တယ် ။

ကျွန်မ အရမ်းချစ်ပြမိသွားတယ်ထင်တယ် … ကိုယ်က တိတ်ဆိတ်လိုက်ရင် သူလဲ ဘာမှမပြောပဲနေနိုင်တယ် ။ ကိုယ်ရပ်နေလိုက်ရင် သူ့အနားမှာရှိတဲ့သူနဲ့ ပျော်နိုင်တယ် ။ ကျွန်မ နာကျင်နေပါပြီလို့ ပြောရင် မင်းတို့မိန်းမတွေကဆိုတဲ့ ခေါင်းစဥ်တပ်တယ် ။ သေချာတယ် ကျွန်မလွှတ်ချလိုက်တာနဲ့ ဒီတစ်သက်ဝေးသွားတော့မှာ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အရမ္းခ်စ္ျပလိုက္တဲ့အခါ …

ခ်စ္လားလို႔ မေမးပဲ သိပ္ခ်စ္တဲ့အေၾကာင္းေတြေျပာခဲ့မိတယ္ ။ တစ္ဆက္တည္း သူမရွိရင္ မျဖစ္ပါဘူးဆိုတဲ့ အမွန္တရားေတြကို ဝန္ခံခဲ့မိတယ္ ။ ကိုယ့္ရင္ထဲကို ျမင္ပါေစဆိုတဲ့အေတြးနဲ႔ အ႐ိုးသားဆုံး ထုတ္ျပျဖစ္ခဲ့တာပါ ။

အမွားေတြ ရွိလာတဲ့အခါ ေတာင္းပန္စရာမလိုပဲ ခြင့္လႊတ္ေပးခဲ့တယ္ ။ နားလည္ေပးပါလားဆိုတဲ့အေတြးနဲ႔ ျပင္လာမယ္လို႔ထင္ခဲ့မိတာပါ ။ တကယ္တမ္းက်ေတာ့ ငါ ဘယ္ေလာက္မွားမွား သူမွ ငါ့မရွိပဲမေနႏိုင္တာဆိုတဲ့ အေတြးပဲ စြဲသြားခဲ့တယ္ ။

သူ႔ဘက္က စမေခၚေပမယ့္လဲ ကိုယ့္ဘက္က စေခၚျဖစ္ခဲ့တယ္ ။ အရမ္းလြမ္းလို႔ပါဆိုတဲ့ အေၾကာင္းအရာသက္သက္နဲ႔ ။ ေနာက္ဆုံးက်ေတာ့ ဘယ္အရပ္ပဲေရာက္ေရာက္ ကိုယ္မွစမေခၚဘူး ဘာအသံမွ ထြက္မလာေတာ့ဘူး ။

ေနရာတကာမွာ စိတ္ပူေပးခဲ့မိတယ္ … မလိုခင္ကတည္းကေန ႀကိဳၿပီးေရာက္ႏွင့္ေနတာမ်ိဳးေပါ့ ။ ျဖစ္ေစခ်င္ခဲ့တာက သူငါ့ကိုသိပ္ခ်စ္ပါလားဆိုတဲ့ အေတြးမ်ိဳး ရွိေစခ်င္တာပါ ။ တကယ္တမ္းက်ေတာ့ … ကိုယ္က သူ႔အတြက္ အၿမဲရွိေနေပးရမယ္ဆိုတဲ့ တာ၀န္မ်ိဳး သတ္မွတ္သြားခဲ့တယ္ ။

ကြၽန္မ အရမ္းခ်စ္ျပမိသြားတယ္ထင္တယ္ … ကိုယ္က တိတ္ဆိတ္လိုက္ရင္ သူလဲ ဘာမွမေျပာပဲေနႏိုင္တယ္ ။ ကိုယ္ရပ္ေနလိုက္ရင္ သူ႔အနားမွာရွိတဲ့သူနဲ႔ ေပ်ာ္ႏိုင္တယ္ ။ ကြၽန္မ နာက်င္ေနပါၿပီလို႔ ေျပာရင္ မင္းတို႔မိန္းမေတြကဆိုတဲ့ ေခါင္းစဥ္တပ္တယ္ ။ ေသခ်ာတယ္ ကြၽန္မလႊတ္ခ်လိုက္တာနဲ႔ ဒီတစ္သက္ေဝးသြားေတာ့မွာ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း