မမျှော်တော့ပါဘူး … တကယ် မမျှော်တော့ပါဘူး

မမျှော်တော့ပါဘူး … တကယ် မမျှော်တော့ပါဘူး

ကိုယ့်အနားမှာ မပျော်တော့လို့ အတင်းပြေးထွက်သွားတဲ့ခြေထောက်ကို ကျွန်မကို ချစ်ရင်ဆိုတဲ့ စကားတွေနဲ့ မချုပ်ချင်တော့ဘူး … ပျော်မယ့်အရပ်ကို သွားမယ့်လူလဲ သွားပါစေ … ကိုယ်လဲ အဆင်ပြေသလိုလေး ကျန်ခဲ့မယ်လို့ပဲ တွေးတယ် …

အရင်က … အရင်က … ဒီလိုစိတ်တွေ မထားခဲ့နိုင်ခဲ့တုန်းက အတွေးတွေထဲမှာ ခဏခဏ ၀မ်းနည်းဖူးတယ် ။ နေ့မှ ညမှ မဟုတ်ဘူး အဲ့ဒီအတွေးတွေ ၀င်လာတဲ့အခါတိုင်း မျက်ရည်နဲ့ မျက်ခွက်ပဲ …အဲ့ဒီရက်တွေတုန်းက မပျော်မှန်းသိပေမယ့် ကိုယ့်အနားမှာရှိနေရုံနဲ့တင် ဖြစ်ပါတယ်ဆိုတဲ့အတွေးနဲ့ ​ကျောခိုင်းဖို့ ကြံနေတဲ့သူကို အတင်းဖက်တွယ်ထားခဲ့ဖူးတယ် ။ လက်တွေ ရင်တွေ နာနာနဲ့ပေါ့ ။ တကယ်ဆို အဲ့ဒီအချိန်ကတည်းကနေ လက်လွှတ်ပေးလိုက်ဖို့ တွေးရမှာ ။ မမျှော်တော့ဘူး … တကယ်ကို မမျှော်တော့ပါဘူး …

ပျော်မယ်လို့ထင်တဲ့အရပ်ကို ထွက်သွားတာပဲ .. ပိုင်ဆိုင်ဖို့သက်သက်ချစ်ခဲ့တာမှ မဟုတ်တာ မပိုင်ဆိုင်ရလဲ ချစ်မြဲချစ်ပါတယ် ။ ဒါပေမယ့် ဆက်ပြီး ဆွဲနိုင်မယ့် အင်အားတွေမရှိတော့လို့ ငြိမ်းချမ်းပါစေတော့ဆိုတဲ့အတွေးနဲ့ လက်တွေ လွှတ်ပေးလိုက်တယ် ။ ကိုယ့်အနားမှာရပ်နေပေမယ့် သူ့အတွေးမှာ ကိုယ်ရှိမနေတဲ့ ဘ၀တွေက ခါးပါတယ် ။ တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ တစ်ရက်ရက်ဆိုတဲ့ အိပ်မက်တွေလဲ ပြယ်ခဲ့ပါပြီ ။ ကိုယ့်အနားမှာ နေစေချင်တဲ့ အတွေးတွေ ရှိတော့တယ် အရင်တုန်းကလို သူ့ကို မထွက်ပါနဲ့လို့ တားဖို့ သတ္တိတွေ မရှိတော့ဘူး ။

ဒီတစ်ခါ တကယ်လွှတ်ချလိုက်ဖို့ တွေးတတ်ခဲ့တာပါ …ဒီတစ်ခါ သူတကယ်ကို ဝေးမယ့်လမ်းကို ရွေးခဲ့တာပါ …ဒီလမ်းခွဲခြင်းတွေဟာ မုန်းသွားလို့မဟုတ်ပဲ မပျော်တော့မှန်းသိတဲ့အတွက် ရင်နာနာနဲ့ ကားလိပ်တွေချခဲ့တဲ့ ဇာတ်လမ်းလေးပါ ပြီးဆုံးသွားခြင်းတွေနောက်မှာ မျှော်ဆိုတဲ့ စကားလုံးတွေ ပါမလာတော့ပဲ The End နဲ့ပဲ ဆုံးတယ် ။

ဒီအတွေးတွေ အရင်ကတည်းက တွေးမိခဲ့ရင်.. ဒီအချိန်ဆို သူလဲ ပျော်နေလောက်ပြီ …ကိုယ်လဲ နေနိုင်လောက်ပြီ လေ ။ အဲ့ဒီသတ္တိတွေ မွေးပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မေမွ်ာ္ေတာ့ပါဘူး … တကယ္ မေမွ်ာ္ေတာ့ပါဘူး

ကိုယ့္အနားမွာ မေပ်ာ္ေတာ့လို႔ အတင္းေျပးထြက္သြားတဲ့ေျခေထာက္ကို ကြၽန္မကို ခ်စ္ရင္ဆိုတဲ့ စကားေတြနဲ႔ မခ်ဳပ္ခ်င္ေတာ့ဘူး … ေပ်ာ္မယ့္အရပ္ကို သြားမယ့္လူလဲ သြားပါေစ … ကိုယ္လဲ အဆင္ေျပသလိုေလး က်န္ခဲ့မယ္လို႔ပဲ ေတြးတယ္ …

အရင္က … အရင္က … ဒီလိုစိတ္ေတြ မထားခဲ့ႏိုင္ခဲ့တုန္းက အေတြးေတြထဲမွာ ခဏခဏ ၀မ္းနည္းဖူးတယ္ ။ ေန႔မွ ညမွ မဟုတ္ဘူး အဲ့ဒီအေတြးေတြ ၀င္လာတဲ့အခါတိုင္း မ်က္ရည္နဲ႔ မ်က္ခြက္ပဲ …အဲ့ဒီရက္ေတြတုန္းက မေပ်ာ္မွန္းသိေပမယ့္ ကိုယ့္အနားမွာရွိေန႐ုံနဲ႔တင္ ျဖစ္ပါတယ္ဆိုတဲ့အေတြးနဲ႔ ​ေက်ာခိုင္းဖို႔ ႀကံေနတဲ့သူကို အတင္းဖက္တြယ္ထားခဲ့ဖူးတယ္ ။ လက္ေတြ ရင္ေတြ နာနာနဲ႔ေပါ့ ။ တကယ္ဆို အဲ့ဒီအခ်ိန္ကတည္းကေန လက္လႊတ္ေပးလိုက္ဖို႔ ေတြးရမွာ ။ မေမွ်ာ္ေတာ့ဘူး … တကယ္ကို မေမွ်ာ္ေတာ့ပါဘူး …

ေပ်ာ္မယ္လို႔ထင္တဲ့အရပ္ကို ထြက္သြားတာပဲ .. ပိုင္ဆိုင္ဖို႔သက္သက္ခ်စ္ခဲ့တာမွ မဟုတ္တာ မပိုင္ဆိုင္ရလဲ ခ်စ္ၿမဲခ်စ္ပါတယ္ ။ ဒါေပမယ့္ ဆက္ၿပီး ဆြဲႏိုင္မယ့္ အင္အားေတြမရွိေတာ့လို႔ ၿငိမ္းခ်မ္းပါေစေတာ့ဆိုတဲ့အေတြးနဲ႔ လက္ေတြ လႊတ္ေပးလိုက္တယ္ ။ ကိုယ့္အနားမွာရပ္ေနေပမယ့္ သူ႔အေတြးမွာ ကိုယ္ရွိမေနတဲ့ ဘ၀ေတြက ခါးပါတယ္ ။ တစ္ေန႔ေန႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ တစ္ရက္ရက္ဆိုတဲ့ အိပ္မက္ေတြလဲ ျပယ္ခဲ့ပါၿပီ ။ ကိုယ့္အနားမွာ ေနေစခ်င္တဲ့ အေတြးေတြ ရွိေတာ့တယ္ အရင္တုန္းကလို သူ႔ကို မထြက္ပါနဲ႔လို႔ တားဖို႔ သတၱိေတြ မရွိေတာ့ဘူး ။

ဒီတစ္ခါ တကယ္လႊတ္ခ်လိုက္ဖို႔ ေတြးတတ္ခဲ့တာပါ …ဒီတစ္ခါ သူတကယ္ကို ေဝးမယ့္လမ္းကို ေ႐ြးခဲ့တာပါ …ဒီလမ္းခြဲျခင္းေတြဟာ မုန္းသြားလို႔မဟုတ္ပဲ မေပ်ာ္ေတာ့မွန္းသိတဲ့အတြက္ ရင္နာနာနဲ႔ ကားလိပ္ေတြခ်ခဲ့တဲ့ ဇာတ္လမ္းေလးပါ ၿပီးဆုံးသြားျခင္းေတြေနာက္မွာ ေမွ်ာ္ဆိုတဲ့ စကားလုံးေတြ ပါမလာေတာ့ပဲ The End နဲ႔ပဲ ဆုံးတယ္ ။

ဒီအေတြးေတြ အရင္ကတည္းက ေတြးမိခဲ့ရင္.. ဒီအခ်ိန္ဆို သူလဲ ေပ်ာ္ေနေလာက္ၿပီ …ကိုယ္လဲ ေနႏိုင္ေလာက္ၿပီ ေလ ။ အဲ့ဒီသတၱိေတြ ေမြးပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း