တစ်နေ့ကျရင် ကျွန်မ ပျော်ရမှာပါ

တစ်နေ့ကျရင်…. လူတိုင်းရေရွှတ်ဖူးတဲ့စကားလုံးလေးတစ်လုံးပါ … တစ်နေ့ကျရင်တော့ ဆိုတဲ့အနောက်မှာ မျှော်လင့်ချက်တွေ ပါလာတတ်သလို ဝမ်းနည်းမှုတွေလဲ ရှိနေတတ်တာ သဘာဝပါပဲ ။ အဲ့ဒီတစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အသက်ဆက်နေတဲ့လူတွေလဲ ရေတွက်လို့မကုန်ရှိနေလိမ့်မယ်ထင်ပါတယ် ။အဲ့ဒီလိုလူတွေထဲမှာ ကျွန်မလဲ တစ်ဦးအပါအဝင်ပေါ့ ။

တစ်နေ့ကျရင် ချစ်ကောင်းပါရဲ့ဆိုပြီး ကိုယ့်ကို မချစ်တဲ့သူကို ဖက်တွယ်ထားတဲ့လူတွေလဲရှိကြလိမ့်မယ် သူမချစ်ဘူးဆိုတာကို မြင်နေမှန်းသိသိရဲ့နဲ့ ဆက်ပြီးရပ်နေချင်တဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်လာတဲ့မျှော်လင့်ချက်လေးပေါ့ အဲ့ဒီရဲ့တစ်နေ့ရင်ဆိုတဲ့စကားလုံးတွေနောက်မှာ မျက်ရည်တွေပါတယ် ။ လက်ရှိဖြစ်ပျက်နေတာတွေရဲ့ ဆန့်ကျင်ဖက်တွေမျှော်လင့်ရင်းသာ ဆက်နေနေရတာ တကယ်တမ်းကျတော့ ဒဏ်ရာတွေနဲ့ ။

တစ်နေ့ကျရင် အဆင်ပြေလာမှာဆိုတဲ့ စကားလုံးမှာကျ လက်ရှိအဆင်ပြေမနေပါဘူးဆိုတဲ့ ရင်ဖွင့်သံတွေပါတယ် ။ ဘာပဲဖြစ်လာဖြစ်လာ မနာကျင်ပါဘူးဆိုတဲ့လူကတော့ ဘယ်ရှိပါ့မလဲ ဘယ်လောက်ပဲ ရင့်ကျက်ပါတယ်ပြောပြောအနည်းနဲ့အများတော့ နာကျင်နေရတာပဲ အဆင်မပြေပေမယ့် ရပ်လိုက်လို့မရတဲ့ခြေလှမ်းတွေအတွက် တစ်နေ့ကျရင် အဆင်ပြေလာမှာဆိုတဲ့အတွေးနဲ့ အားတင်းခဲ့ရဖူးတဲ့ရက်တွေရှိတယ် ။

တစ်နေ့ကျရင် နားလည်လာမှာပါဆိုတဲ့ စကားလုံးလေးမှာကျ ကိုယ်တကယ်ပင်ပန်းနေပါပြီဆိုတဲ့ အရိပ်အယောင်လေးတွေပါတယ် … ဘယ်လောက်ထိ ပေးဆပ်ခဲ့ဖူးလဲဆိုတာ မသိကြမမြင်ကြပဲ ကိုယ်ဟာ အပိုအဖြစ် ခံစားလာရတဲ့အခါမှာသုံးတယ် ။ နားလည်စေချင်ပါတယ်ဆိုတဲ့စိတ်ရှိပေမယ့် ကိုယ့်ကို ဘယ်သူ့မှ နားလည်မပေးနိုင်မှန်းသိတဲ့အခါတွေက တကယ်ကို ပင်ပန်းလှပါတယ် … ဒီလိုမျိုးတစ်နေ့ကျရင် နားလည်လာမှာဆိုတဲ့စကားမှာ … အဝေးကြီးထွက်ပြေးသွားဖို့အတွေးတွေ ပါချင်ပါနေတတ်တာ ။

တစ်နေ့ကျရင် ပြောင်းလဲလာမှာပေါ့ဆိုတဲ့ မျှော်လင့်ချက်လေးကကျတော့ … ကိုယ့်အတွက်မဟုတ်တောင် သူ့အတွက်ပြောင်းလဲစေချင်ပါတယ်ဆိုတဲ့ မေတ္တာရှင်လေးတွေမှာ တွေ့ရတတ်တယ် ။ ငါပြောင်းလဲပေးရင် ရမှာပါဆိုတဲ့ ရည်မှန်းချက်တွေရှိခဲ့ပေးမယ့် အဲ့ဒီရည်မှန်းချက်တွေ ဝေဝါးသွားတဲ့အခါ တစ်နေ့ကျရင်တော့ သူပြောင်းလဲကောင်းပါရဲ့ဆိုတဲ့ မျှော်လင့်ချက်လေးကျန်သေးတာပေါ့ ။

ကျွန်မ တို့တွေ ဒီလို တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ဖြတ်သန်းခဲ့တဲ့ရက်တွေ အများကြီးရှိပါတယ် ဒီစကားလုံးမှာ … နာကျင်မှုတွေပါတယ် .. ဒဏ်ရာတွေပါတယ် ရင်ဖွင့်သံတွေပါတယ် သာမန်စကားလုံးလေးပါပဲဆိုပေမယ့် ကျွန်မတို့ရဲ့ အနာဂတ်တွေတောင် ပါချင်ပါနေတတ်သေးတာ …

ခုလောလောဆယ်တော့ တစ်နေ့ကျရင် ကျွန်မ ပျော်ရမှာပါဆိုတဲ့ စကားလုံးလေးသုံးတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ေန႔က်ရင္…. လူတိုင္းေရ႐ႊတ္ဖူးတဲ့စကားလုံးေလးတစ္လုံးပါ … တစ္ေန႔က်ရင္ေတာ့ ဆိုတဲ့အေနာက္မွာ ေမွ်ာ္လင့္ခ်က္ေတြ ပါလာတတ္သလို ဝမ္းနည္းမႈေတြလဲ ရွိေနတတ္တာ သဘာဝပါပဲ ။ အဲ့ဒီတစ္ေန႔က်ရင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ အသက္ဆက္ေနတဲ့လူေတြလဲ ေရတြက္လို႔မကုန္ရွိေနလိမ့္မယ္ထင္ပါတယ္ ။အဲ့ဒီလိုလူေတြထဲမွာ ကြၽန္မလဲ တစ္ဦးအပါအဝင္ေပါ့ ။

တစ္ေန႔က်ရင္ ခ်စ္ေကာင္းပါရဲ႕ဆိုၿပီး ကိုယ့္ကို မခ်စ္တဲ့သူကို ဖက္တြယ္ထားတဲ့လူေတြလဲရွိၾကလိမ့္မယ္ သူမခ်စ္ဘူးဆိုတာကို ျမင္ေနမွန္းသိသိရဲ႕နဲ႔ ဆက္ၿပီးရပ္ေနခ်င္တဲ့ ဆႏၵေၾကာင့္ ျဖစ္ေပၚလာတဲ့ေမွ်ာ္လင့္ခ်က္ေလးေပါ့ အဲ့ဒီရဲ႕တစ္ေန႔ရင္ဆိုတဲ့စကားလုံးေတြေနာက္မွာ မ်က္ရည္ေတြပါတယ္ ။ လက္ရွိျဖစ္ပ်က္ေနတာေတြရဲ႕ ဆန္႔က်င္ဖက္ေတြေမွ်ာ္လင့္ရင္းသာ ဆက္ေနေနရတာ တကယ္တမ္းက်ေတာ့ ဒဏ္ရာေတြနဲ႔ ။

တစ္ေန႔က်ရင္ အဆင္ေျပလာမွာဆိုတဲ့ စကားလုံးမွာက် လက္ရွိအဆင္ေျပမေနပါဘူးဆိုတဲ့ ရင္ဖြင့္သံေတြပါတယ္ ။ ဘာပဲျဖစ္လာျဖစ္လာ မနာက်င္ပါဘူးဆိုတဲ့လူကေတာ့ ဘယ္ရွိပါ့မလဲ ဘယ္ေလာက္ပဲ ရင့္က်က္ပါတယ္ေျပာေျပာအနည္းနဲ႔အမ်ားေတာ့ နာက်င္ေနရတာပဲ အဆင္မေျပေပမယ့္ ရပ္လိုက္လို႔မရတဲ့ေျခလွမ္းေတြအတြက္ တစ္ေန႔က်ရင္ အဆင္ေျပလာမွာဆိုတဲ့အေတြးနဲ႔ အားတင္းခဲ့ရဖူးတဲ့ရက္ေတြရွိတယ္ ။

တစ္ေန႔က်ရင္ နားလည္လာမွာပါဆိုတဲ့ စကားလုံးေလးမွာက် ကိုယ္တကယ္ပင္ပန္းေနပါၿပီဆိုတဲ့ အရိပ္အေယာင္ေလးေတြပါတယ္ … ဘယ္ေလာက္ထိ ေပးဆပ္ခဲ့ဖူးလဲဆိုတာ မသိၾကမျမင္ၾကပဲ ကိုယ္ဟာ အပိုအျဖစ္ ခံစားလာရတဲ့အခါမွာသုံးတယ္ ။ နားလည္ေစခ်င္ပါတယ္ဆိုတဲ့စိတ္ရွိေပမယ့္ ကိုယ့္ကို ဘယ္သူ႔မွ နားလည္မေပးႏိုင္မွန္းသိတဲ့အခါေတြက တကယ္ကို ပင္ပန္းလွပါတယ္ … ဒီလိုမ်ိဳးတစ္ေန႔က်ရင္ နားလည္လာမွာဆိုတဲ့စကားမွာ … အေဝးႀကီးထြက္ေျပးသြားဖို႔အေတြးေတြ ပါခ်င္ပါေနတတ္တာ ။

တစ္ေန႔က်ရင္ ေျပာင္းလဲလာမွာေပါ့ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးကက်ေတာ့ … ကိုယ့္အတြက္မဟုတ္ေတာင္ သူ႔အတြက္ေျပာင္းလဲေစခ်င္ပါတယ္ဆိုတဲ့ ေမတၱာရွင္ေလးေတြမွာ ေတြ႕ရတတ္တယ္ ။ ငါေျပာင္းလဲေပးရင္ ရမွာပါဆိုတဲ့ ရည္မွန္းခ်က္ေတြရွိခဲ့ေပးမယ့္ အဲ့ဒီရည္မွန္းခ်က္ေတြ ေဝဝါးသြားတဲ့အခါ တစ္ေန႔က်ရင္ေတာ့ သူေျပာင္းလဲေကာင္းပါရဲ႕ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးက်န္ေသးတာေပါ့ ။

ကြၽန္မ တို႔ေတြ ဒီလို တစ္ေန႔က်ရင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ျဖတ္သန္းခဲ့တဲ့ရက္ေတြ အမ်ားႀကီးရွိပါတယ္ ဒီစကားလုံးမွာ … နာက်င္မႈေတြပါတယ္ .. ဒဏ္ရာေတြပါတယ္ ရင္ဖြင့္သံေတြပါတယ္ သာမန္စကားလုံးေလးပါပဲဆိုေပမယ့္ ကြၽန္မတို႔ရဲ႕ အနာဂတ္ေတြေတာင္ ပါခ်င္ပါေနတတ္ေသးတာ …

ခုေလာေလာဆယ္ေတာ့ တစ္ေန႔က်ရင္ ကြၽန္မ ေပ်ာ္ရမွာပါဆိုတဲ့ စကားလုံးေလးသုံးတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း