မိန်းကလေးတွေက နားလည်ရခက်တယ်တဲ့ …

မိန်းကလေးတွေက နားလည်ရခက်တယ်တဲ့ … တကယ်တမ်းကျတော့ သူ ဘယ်တုန်းကမှ နားလည်အောင် မကြည့်တတ်ခဲ့တာ ။

ဝေဒနာနဲ့ ရင်းနှီးပြီးသားမိ်န်းမတွေ … တစ်လမှာတစ်ခါ … ကိုယ့်စိတ်ကိုယ် ကိုယ်မပိုင်ပဲ ဖြစ်ရတယ် ။ ဒီလိုအချိန်တွေမှာ အတတ်နိုင်ဆုံး စကားမပြောမိအောင် နေတယ် .. အခန့်မသင့်ရင် ပေါက်ကွဲလွယ်တတ်တဲ့ထိ စိတ်တွေ ထိလွယ်ရှလွယ်တယ် ။ ဒ္လိုအချိန်တွေမှာ လိုအပ်တာ နားလည်မှုပါ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေမဟုတ်ဘူး ။

လက်ဆောင် ပစ္စည်းတွေကိုမက်တာမဟုတ်ပဲ … ကိုယ့်ကို တန်ဖိုးထားမှုလေးကို မက်တာပါ ။ မိန်းကလေးသူငယ်ချင်းတွေကြား ပြောစရာလေးတစ်ခုလိုချင်တာ သူ ငါ့ကို ဘယ်လိုအလေးထားတာ တန်ဖိုးထားတာဆိုပြီး တစ်ခါတစ်လေလေး ကြွားချင်ကြရုံပါ ။ တန်ဖိုးကြီးတာမှ မဟုတ်ပဲ တန်ဖိုးထားတဲ့ဘယ်အရာကိုမဆို … မြတ်နိုးကြတာပါပဲ ။

တချို့ မိန်းကလေးတွေဟာ … ပတ်၀န်းကျင်အမြင်မှာ သိပ်ကို သန်မာတယ်ဆိုပေမယ့် … သူချစ်မြတ်နိုးတဲ့လူရှေ့မှာတော့ သူ့ ရဲ့ပြိုလဲနေတဲ့တစ်ဖက်ကို ပြတတ်ကြတယ် ။ ဒါဟာ .. ပျော့ညံ့လို့မဟုတ်ဘူး … မိန်ကလေးတစ်ယောက်ဟာ သူတကယ်အားကိုးတဲ့ သူစိမ်းတစ်ယောက်ရဲ့ အရှေ့မှာ မျက်ရည်တွေ ကျတတ်တယ် ။

မိန်းကလေးတွေက တကယ်တော့ နားလည်ရမခက်ပါဘူး ။ နားလည်အောင် မကြည့်တတ်ကြရုံပါ ။ သ၀န်တိုတာလား မယုံကြည်တာလား မသဲကွဲပဲ စိတ်တွေ ရှုပ်လိုက်တာလို့ ညည်းငြူဖို့ပဲ တွေးတယ် ။ မျက်ရည်လွယ်တာလား ဆုံးရံှုးရမှာကြောက်တာလား မသဲကွဲပဲ ပျော့ညံ့လိုက်တာဆိုတဲ့ ခေါင်းစဥ်တပ်တယ် ။

မိန်းကလေးတွေက နားလည်မရမခက်ပါဘူး ။ တကယ်တမ်းကျတော့ နားလည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ကြတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

 

မိန္းကေလးေတြက နားလည္ရခက္တယ္တဲ့ … တကယ္တမ္းက်ေတာ့ သူ ဘယ္တုန္းကမွ နားလည္ေအာင္ မၾကည့္တတ္ခဲ့တာ ။

ေဝဒနာနဲ႔ ရင္းႏွီးၿပီးသားမိ္န္းမေတြ … တစ္လမွာတစ္ခါ … ကိုယ့္စိတ္ကိုယ္ ကိုယ္မပိုင္ပဲ ျဖစ္ရတယ္ ။ ဒီလိုအခ်ိန္ေတြမွာ အတတ္ႏိုင္ဆုံး စကားမေျပာမိေအာင္ ေနတယ္ .. အခန္႔မသင့္ရင္ ေပါက္ကြဲလြယ္တတ္တဲ့ထိ စိတ္ေတြ ထိလြယ္ရွလြယ္တယ္ ။ ဒႅိဳအခ်ိန္ေတြမွာ လိုအပ္တာ နားလည္မႈပါ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းေတြမဟုတ္ဘူး ။

လက္ေဆာင္ ပစၥည္းေတြကိုမက္တာမဟုတ္ပဲ … ကိုယ့္ကို တန္ဖိုးထားမႈေလးကို မက္တာပါ ။ မိန္းကေလးသူငယ္ခ်င္းေတြၾကား ေျပာစရာေလးတစ္ခုလိုခ်င္တာ သူ ငါ့ကို ဘယ္လိုအေလးထားတာ တန္ဖိုးထားတာဆိုၿပီး တစ္ခါတစ္ေလေလး ႂကြားခ်င္ၾက႐ုံပါ ။ တန္ဖိုးႀကီးတာမွ မဟုတ္ပဲ တန္ဖိုးထားတဲ့ဘယ္အရာကိုမဆို … ျမတ္ႏိုးၾကတာပါပဲ ။

တခ်ိဳ႕ မိန္းကေလးေတြဟာ … ပတ္၀န္းက်င္အျမင္မွာ သိပ္ကို သန္မာတယ္ဆိုေပမယ့္ … သူခ်စ္ျမတ္ႏိုးတဲ့လူေရွ႕မွာေတာ့ သူ႔ ရဲ႕ၿပိဳလဲေနတဲ့တစ္ဖက္ကို ျပတတ္ၾကတယ္ ။ ဒါဟာ .. ေပ်ာ့ညံ့လို႔မဟုတ္ဘူး … မိန္ကေလးတစ္ေယာက္ဟာ သူတကယ္အားကိုးတဲ့ သူစိမ္းတစ္ေယာက္ရဲ႕ အေရွ႕မွာ မ်က္ရည္ေတြ က်တတ္တယ္ ။

မိန္းကေလးေတြက တကယ္ေတာ့ နားလည္ရမခက္ပါဘူး ။ နားလည္ေအာင္ မၾကည့္တတ္ၾက႐ုံပါ ။ သ၀န္တိုတာလား မယုံၾကည္တာလား မသဲကြဲပဲ စိတ္ေတြ ရႈပ္လိုက္တာလို႔ ညည္းျငဴဖို႔ပဲ ေတြးတယ္ ။ မ်က္ရည္လြယ္တာလား ဆုံးရံႈးရမွာေၾကာက္တာလား မသဲကြဲပဲ ေပ်ာ့ညံ့လိုက္တာဆိုတဲ့ ေခါင္းစဥ္တပ္တယ္ ။

မိန္းကေလးေတြက နားလည္မရမခက္ပါဘူး ။ တကယ္တမ္းက်ေတာ့ နားလည္ဖို႔ ဘယ္တုန္းကမွ မႀကိဳးစားခဲ့ၾကတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း