အဆင်မပြေပေမယ့်လဲ အဆင်ပြေတယ်လို့ပဲ ဖြေမယ်

အဆင်မပြေပေမယ့်လဲ အဆင်ပြေတယ်လို့ပဲ ဖြေတယ် ။

ကိုယ်ဟာ …လူတိုင်းကို ပျော်စရာတွေ ပေးချင်တဲ့အတွက် ပျော်ချင်ယောင်ဆောင်တဲ့နေရာမှာ တော်တယ်လေ ။ ငိုချင်တဲ့မျက်လုံးတွေကို ဖုံးပြီး ကိုယ့်အနားကလူကို အလှဆုံးပြုံးပြတတ်တဲ့ ကျွန်မဟာ … မုသားတွေနဲ့ ဖုံးထားတာ မဟုတ်ခဲ့ပါဘူး ။ အပူတွေ မကူးစေချင်ရုံပါ ။

တချို့ရက်တွေမှာ .. ကိုယ်ရင်ထဲက ဒဏ်ရာ ကြီးကြီးမားမားတွေကိုဖွက်ထားပြီး မျက်ရည်ကျနေတဲ့ မျက်လုံးတွေကို မျက်ရည်သုတ်ပေးဖို့ ကြိုးစားတယ် ။ ကိုယ်မရခဲ့ဖူးတဲ့အရာကို ကိုယ်ပေးလိုက်ရတဲ့အခါ ရလာတဲ့ပီတိလေးက တစ်မျိုးလေး ချိုတယ်လေ ။

တကယ့်လက်တွေ့မှာ ဘာတစ်ခုမှ အဆင်မပြေတဲ့ရက်တွေဟာ အများကြီးပါပဲ ။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း တိတ်တိတ်လေး ခံစားတယ် ။ သန်မာလွန်းလို့လား ခံနိုင်ရည်ရှိလွန်းလို့လားတဲ့ မဟုတ်ပါဘူး ။ ကိုယ်ပြောလိုက်ရင်လဲ စကားတွေ ကားသွားရုံ ပိုပြီး အဆင်မပြေလာရုံပဲ ရှိတာလေ ။

ကိုယ့်အနားမှာ … ဘယ်အချိန်မှာ အဆင်မပြေမလဲဆိုပြီး ကြည့်နေတဲ့ မျက်လုံးတွေရှိတယ် ။ ကိုယ်အဆင်မပြေဘူးဆိုတဲ့အသံကြားရင် ဖုံးဖိမရအောင် ပျော်သွားမယ်လူတွေရှိတယ် ။ ကျွန်မ သူတို့ရှေ့မှာ ရှုံးလို့မဖြစ်ဘူး ။ မခံစားနိုင်ရင်တော့ တိတ်တိတ်လေးငိုမယ် ။

အဆင်မပြေပေမယ့်လဲ အဆင်ပြေတယ်လို့ပဲ ဖြေမယ် ။ အလှဆုံးပြုံးမယ် ။ ကိုယ့်အနားက လူတွေကို ပျော်စေချင်တဲ့အတွက် ပျော်ချင်ယောင်ဆောင်တဲ့နေရာမှာ ကျွန်မ တော်တယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အဆင္မေျပေပမယ့္လဲ အဆင္ေျပတယ္လို႔ပဲ ေျဖတယ္ ။

ကိုယ္ဟာ …လူတိုင္းကို ေပ်ာ္စရာေတြ ေပးခ်င္တဲ့အတြက္ ေပ်ာ္ခ်င္ေယာင္ေဆာင္တဲ့ေနရာမွာ ေတာ္တယ္ေလ ။ ငိုခ်င္တဲ့မ်က္လုံးေတြကို ဖုံးၿပီး ကိုယ့္အနားကလူကို အလွဆုံးၿပဳံးျပတတ္တဲ့ ကြၽန္မဟာ … မုသားေတြနဲ႔ ဖုံးထားတာ မဟုတ္ခဲ့ပါဘူး ။ အပူေတြ မကူးေစခ်င္႐ုံပါ ။

တခ်ိဳ႕ရက္ေတြမွာ .. ကိုယ္ရင္ထဲက ဒဏ္ရာ ႀကီးႀကီးမားမားေတြကိုဖြက္ထားၿပီး မ်က္ရည္က်ေနတဲ့ မ်က္လုံးေတြကို မ်က္ရည္သုတ္ေပးဖို႔ ႀကိဳးစားတယ္ ။ ကိုယ္မရခဲ့ဖူးတဲ့အရာကို ကိုယ္ေပးလိုက္ရတဲ့အခါ ရလာတဲ့ပီတိေလးက တစ္မ်ိဳးေလး ခ်ိဳတယ္ေလ ။

တကယ့္လက္ေတြ႕မွာ ဘာတစ္ခုမွ အဆင္မေျပတဲ့ရက္ေတြဟာ အမ်ားႀကီးပါပဲ ။ ဒါေပမယ့္ ကိုယ္တစ္ေယာက္တည္း တိတ္တိတ္ေလး ခံစားတယ္ ။ သန္မာလြန္းလို႔လား ခံႏိုင္ရည္ရွိလြန္းလို႔လားတဲ့ မဟုတ္ပါဘူး ။ ကိုယ္ေျပာလိုက္ရင္လဲ စကားေတြ ကားသြား႐ုံ ပိုၿပီး အဆင္မေျပလာ႐ုံပဲ ရွိတာေလ ။

ကိုယ့္အနားမွာ … ဘယ္အခ်ိန္မွာ အဆင္မေျပမလဲဆိုၿပီး ၾကည့္ေနတဲ့ မ်က္လုံးေတြရွိတယ္ ။ ကိုယ္အဆင္မေျပဘူးဆိုတဲ့အသံၾကားရင္ ဖုံးဖိမရေအာင္ ေပ်ာ္သြားမယ္လူေတြရွိတယ္ ။ ကြၽန္မ သူတို႔ေရွ႕မွာ ရႈံးလို႔မျဖစ္ဘူး ။ မခံစားႏိုင္ရင္ေတာ့ တိတ္တိတ္ေလးငိုမယ္ ။

အဆင္မေျပေပမယ့္လဲ အဆင္ေျပတယ္လို႔ပဲ ေျဖမယ္ ။ အလွဆုံးၿပဳံးမယ္ ။ ကိုယ့္အနားက လူေတြကို ေပ်ာ္ေစခ်င္တဲ့အတြက္ ေပ်ာ္ခ်င္ေယာင္ေဆာင္တဲ့ေနရာမွာ ကြၽန္မ ေတာ္တယ္ေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း