အချစ်ဆိုတာ ဘာမှန်းမသိတဲ့သူကိုမှ ကိုယ့်အချစ်တွေ အကုန်ပေးခဲ့မိတာ

အချစ်ဆိုတာ ဘာမှန်းမသိတဲ့သူကိုမှ ကိုယ့်အချစ်တွေ အကုန်ပေးခဲ့မိတာ ။

အချစ် တဲ့ … ပါးစပ်ဖျားလေးကနေ ချစ်တယ် ပြောဖို့ဆိုတာကတော့ မခက်ခဲပါဘူး ။ အိမ်ဘေးနားကလေးကို မုန့်ကျွေးပြီး ချစ်လားလို့မေးရင်တောင် ချစ်တယ်လို့ ဖြေတတ်တယ်လေ ။ တကယ်တမ်းချစ်ဖို့ကျတော့ နှလုံးသားထဲက ပေါက်ဖွားတတ်လာဖို့ လိုတယ် ။

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ … သူရဲ့ရုပ်ရည် ပိုင်ဆိုင်မှု ဘာမှကို မဆိုင်ဘူး သူဖြစ်နေလို့ကို ချစ်တာမျိုးပေါ့ ။ သူကတော့ ချစ်တယ်လို့ ပါးစပ်ဖျားကပဲ ပြောတတ်တယ် ။ သ၀န်တိုတယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကျွန်မကို လိုက်နာတတ်စေဖို့ပဲ သူတွေးတယ် ။ သူ့ဘက်က ဘာမှ မပေးခဲ့ဘူး ။

ချစ်တယ်လို့ပြောတတ်ရုံနဲ့ မလုံလောက်ဘူးလေ ။ လူတစ်ယောက်ကို တကယ်ချစ်ရင် တစ်နေ့ ပေါင်းဖက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးထားရမယ် ။ သူက ပေါ့ပျက်တယ် ကိုယ်မရှိလဲ တခြားတစ်ယောက်နဲ့ ပျော်အောင်နေတတ်တယ် ။ ချစ်တယ်လို့ပဲ ပြောတတ်တာပါ မချစ်တတ်သေးဘူး ။

ကျွန်မကတော့ … အဲ့လိုလူကိုမှ နှစ်နှစ်ကာကာ ချစ်ခဲ့မိတယ် ။ မျက်နှာညိုးသွားမှာကအစ … အဆင်မပြေတာအရာအားလုံးကို အဆုံး အလိုလိုခံစားမိလာတဲ့အထိ သူ့ကို ချစ်ခဲ့မိတာလေ ။ သူ မကြိုက်ဘူးထင်တယ်ဆိုပြီး ရှောင်ခဲ့တာတွေမှ အများကြီးပဲ ။ သူ မကြိုက်မှာဆိုးလို့ မပြောဖြစ်တော့တဲ့ သူငယ်ချင်းတွေမှ အများကြီးပဲ ။

သူ့ဘက်ကတော့ အရင်လိုပါပဲ အရင်အတိုင်းပဲ ချစ်တယ်ဆိုတဲ့စကားလုံးလေးကလွဲလို့ ဘာမှ ထပ်ပြီးထူးမလာခဲ့ဘူး ။တကယ်ချစ်ရင်ဆိုပြီး ပြောကြည့်ဖူးတယ် မချစ်ဘူးထင်ရင်လဲ မတတ်နိုင်ဘူးတဲ့လေ အချိန်လေးပေးဖို့ ပူဆာကြည့်ဖူးတယ် ဂိမ်းဆော့ရမှာမို့ မအားဘူးတဲ့လေ ။

အချစ်ဆိုတာ ဘာမှမသိတဲ့သူကို ကျွန်မ အချစ်တွေ အကုန်ပေးခဲ့မိတာ ထင်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်စ္ဆိုတာ ဘာမွန္းမသိတဲ့သူကိုမွ ကိုယ့္အခ်စ္ေတြ အကုန္ေပးခဲ့မိတာ ။

အခ်စ္ တဲ့ … ပါးစပ္ဖ်ားေလးကေန ခ်စ္တယ္ ေျပာဖို႔ဆိုတာကေတာ့ မခက္ခဲပါဘူး ။ အိမ္ေဘးနားကေလးကို မုန္႔ေကြၽးၿပီး ခ်စ္လားလို႔ေမးရင္ေတာင္ ခ်စ္တယ္လို႔ ေျဖတတ္တယ္ေလ ။ တကယ္တမ္းခ်စ္ဖို႔က်ေတာ့ ႏွလုံးသားထဲက ေပါက္ဖြားတတ္လာဖို႔ လိုတယ္ ။

လူတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ … သူရဲ႕႐ုပ္ရည္ ပိုင္ဆိုင္မႈ ဘာမွကို မဆိုင္ဘူး သူျဖစ္ေနလို႔ကို ခ်စ္တာမ်ိဳးေပါ့ ။ သူကေတာ့ ခ်စ္တယ္လို႔ ပါးစပ္ဖ်ားကပဲ ေျပာတတ္တယ္ ။ သ၀န္တိုတယ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ကြၽန္မကို လိုက္နာတတ္ေစဖို႔ပဲ သူေတြးတယ္ ။ သူ႔ဘက္က ဘာမွ မေပးခဲ့ဘူး ။

ခ်စ္တယ္လို႔ေျပာတတ္႐ုံနဲ႔ မလုံေလာက္ဘူးေလ ။ လူတစ္ေယာက္ကို တကယ္ခ်စ္ရင္ တစ္ေန႔ ေပါင္းဖက္ရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးထားရမယ္ ။ သူက ေပါ့ပ်က္တယ္ ကိုယ္မရွိလဲ တျခားတစ္ေယာက္နဲ႔ ေပ်ာ္ေအာင္ေနတတ္တယ္ ။ ခ်စ္တယ္လို႔ပဲ ေျပာတတ္တာပါ မခ်စ္တတ္ေသးဘူး ။

ကြၽန္မကေတာ့ … အဲ့လိုလူကိုမွ ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ့မိတယ္ ။ မ်က္ႏွာညိဳးသြားမွာကအစ … အဆင္မေျပတာအရာအားလုံးကို အဆုံး အလိုလိုခံစားမိလာတဲ့အထိ သူ႔ကို ခ်စ္ခဲ့မိတာေလ ။ သူ မႀကိဳက္ဘူးထင္တယ္ဆိုၿပီး ေရွာင္ခဲ့တာေတြမွ အမ်ားႀကီးပဲ ။ သူ မႀကိဳက္မွာဆိုးလို႔ မေျပာျဖစ္ေတာ့တဲ့ သူငယ္ခ်င္းေတြမွ အမ်ားႀကီးပဲ ။

သူ႔ဘက္ကေတာ့ အရင္လိုပါပဲ အရင္အတိုင္းပဲ ခ်စ္တယ္ဆိုတဲ့စကားလုံးေလးကလြဲလို႔ ဘာမွ ထပ္ၿပီးထူးမလာခဲ့ဘူး ။တကယ္ခ်စ္ရင္ဆိုၿပီး ေျပာၾကည့္ဖူးတယ္ မခ်စ္ဘူးထင္ရင္လဲ မတတ္ႏိုင္ဘူးတဲ့ေလ အခ်ိန္ေလးေပးဖို႔ ပူဆာၾကည့္ဖူးတယ္ ဂိမ္းေဆာ့ရမွာမို႔ မအားဘူးတဲ့ေလ ။

အခ်စ္ဆိုတာ ဘာမွမသိတဲ့သူကို ကြၽန္မ အခ်စ္ေတြ အကုန္ေပးခဲ့မိတာ ထင္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း