ကျွန်မလဲ သတိရဖို့ထိုက်တန်ချင်တယ်

ကျွန်မလဲ သတိရဖို့ထိုက်တန်ချင်တယ် …

ကိုယ် ဘက်ကအလေးထားပေမယ့် တစ်ဖက်က ကိုယ် တွေးထားသလောက် ကိုယ့်ကို အရေးမပေးတဲ့အခါ ဘာကြောင့်လဲ ဆိုတဲ့ အတွေးတွေနဲ့ မိန်းမသားတွေက ဝမ်းနည်းနေတတ်ကြသလို အထီးကျန်နေတတ်တယ် ။ ဘယ်လောက်ပဲ မမျှော်လင့်ဘူးပြောပြော အနည်းဆုံးတော့ သတိတရရှိဖို့တော့ မျှော်လင့်တတ်ကြတာပါပဲ ။

ကျွန်မလဲ ရှင့်အတွက်သတိတရရှိနေဖို့အတွက် ထိုက်တန်ချင်တယ် ။ မအားတဲ့အခါ ဖုန်းမဆက်တာတွေဟာ အပြစ်မဟုတ်ပေမယ့် အားတဲ့အခါ သတိတရမရှိခြင်းတွေဟာ .. ကျွန်မ အတွက် သိပ်ကို ခံရခက်စေပါတယ် ။ ကိုယ်က အလေးထားခဲ့သလောက် ပြန်ပြီး ငဲ့ကြည့်ပေးဖို့သတိရစေချင်တယ် ။

ကိုယ်ချစ်သလောက် မချစ်ခဲ့ချင်လဲ နေပါ ။ ကိုယ်မျှော်လင့်ခဲ့သလောက် မျှော်လင့်မထားရင်လဲ နေပါ ။ နာကျင်စေတာမျိုး မလုပ်ပါနဲ့ ။ ဓားချက်ကြောင့်ပဲ လူတွေ သေနိုင်တာမဟုတ်ပါဘူး ။ ကိုယ်သိပ်ချစ်တဲ့သူရဲ့ လုပ်ရပ်တွေကြောင့်လဲ အကြိမ်ကြိမ်သေနိုင်ပါတယ် ။

ဖုန်းတွေ မဆက်ချင်နေပါ … စာတွေ မပို့ရင်နေပါ .. ကိုယ်ဆက်မယ့်ဖုန်းလေးကို ကိုင်ဖို့ဝန်မလေးပါနဲ့ ကိုယ်ပို့တဲ့စာလေးတွေကို အရေးတယူနဲ့ ဖတ်ဖို့ဝန်မလေးပါနဲ့ တစ်ကြိမ်တစ်ခါလောက်ပဲ ဖြစ်ဖြစ်ကျွန်မ လဲ သတိရခြင်းတွေနဲ့ ထိုက်တန်ချင်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မလဲ သတိရဖို႔ထိုက္တန္ခ်င္တယ္ …

ကိုယ္ ဘက္ကအေလးထားေပမယ့္ တစ္ဖက္က ကိုယ္ ေတြးထားသေလာက္ ကိုယ့္ကို အေရးမေပးတဲ့အခါ ဘာေၾကာင့္လဲ ဆိုတဲ့ အေတြးေတြနဲ႔ မိန္းမသားေတြက ၀မ္းနည္းေနတတ္ၾကသလို အထီးက်န္ေနတတ္တယ္ ။ ဘယ္ေလာက္ပဲ မေမွ်ာ္လင့္ဘူးေျပာေျပာ အနည္းဆုံးေတာ့ သတိတရရွိဖို႔ေတာ့ ေမွ်ာ္လင့္တတ္ၾကတာပါပဲ ။

ကြၽန္မလဲ ရွင့္အတြက္သတိတရရွိေနဖို႔အတြက္ ထိုက္တန္ခ်င္တယ္ ။ မအားတဲ့အခါ ဖုန္းမဆက္တာေတြဟာ အျပစ္မဟုတ္ေပမယ့္ အားတဲ့အခါ သတိတရမရွိျခင္းေတြဟာ .. ကြၽန္မ အတြက္ သိပ္ကို ခံရခက္ေစပါတယ္ ။ ကိုယ္က အေလးထားခဲ့သေလာက္ ျပန္ၿပီး ငဲ့ၾကည့္ေပးဖို႔သတိရေစခ်င္တယ္ ။

ကိုယ္ခ်စ္သေလာက္ မခ်စ္ခဲ့ခ်င္လဲ ေနပါ ။ ကိုယ္ေမွ်ာ္လင့္ခဲ့သေလာက္ ေမွ်ာ္လင့္မထားရင္လဲ ေနပါ ။ နာက်င္ေစတာမ်ိဳး မလုပ္ပါနဲ႔ ။ ဓားခ်က္ေၾကာင့္ပဲ လူေတြ ေသႏိုင္တာမဟုတ္ပါဘူး ။ ကိုယ္သိပ္ခ်စ္တဲ့သူရဲ႕ လုပ္ရပ္ေတြေၾကာင့္လဲ အႀကိမ္ႀကိမ္ေသႏိုင္ပါတယ္ ။

ဖုန္းေတြ မဆက္ခ်င္ေနပါ … စာေတြ မပို႔ရင္ေနပါ .. ကိုယ္ဆက္မယ့္ဖုန္းေလးကို ကိုင္ဖို႔၀န္မေလးပါနဲ႔ ကိုယ္ပို႔တဲ့စာေလးေတြကို အေရးတယူနဲ႔ ဖတ္ဖို႔၀န္မေလးပါနဲ႔ တစ္ႀကိမ္တစ္ခါေလာက္ပဲ ျဖစ္ျဖစ္ကြၽန္မ လဲ သတိရျခင္းေတြနဲ႔ ထိုက္တန္ခ်င္တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း