သူ ချစ်မပြတတ်တာ နေမှာပါလို့ … ကျွန်မတွေးနေခဲ့တာ

သူ ချစ်မပြတတ်တာ နေမှာပါလို့ … ကျွန်မတွေးနေခဲ့တာ တကယ်တမ်းကျတော့ သူက ကျွန်မကိုပဲ ချစ်မပြနိုင်ခဲ့တာပါ … တခြားသူကိုတော့ အသေအလဲ ချစ်ပြတတ်တယ် ။

သူမချော့တတ်တာနေမှာပါဆိုပြီး ကိုယ့်ရဲ့ကောက်နေတဲ့စိတ်ကို ကိုယ်ကိုယ်တိုင် ပြန်ပြေခဲ့ရတာလဲ အခါခါပါ … ပြီးမှ သိလာခဲ့တာတွေက .. ကိုယ့်မို့လို့ သူ မချော့ခဲ့တာပါ ။

အချိန်တွေ ကြာလာတာနဲ့အမျှ ကိုယ်ဟာ ဘယ်နေရာဆိုတာမှန်း တဖြေးဖြေးသိလာရတယ် ။ တချို့လူတွေက ချစ်မပြတတ်ခဲ့တာ မဟုတ်ပဲ မချော့တတ်ခဲ့တာမဟုတ်ပဲ ကိုယ်က အချစ်ခံရဖို့ အချော့ခံရဖို့ထိ အရေးမပါတာတွေ ဖြစ်နေတတ်တာပါ ။

ကိုယ့်ကိုသာ … ချစ်ပြဖို့ ဂရုစိုက်ပြဖို့ သိပ်ခက်ခဲနေတဲ့လူတစ်ယောက်ဟာ ဘယ်သူ့အတွက်မဆို .. စိတ်ပူပြဖို့ မခက်ဘူးလေ ။ ဘယ်သူဖြစ်မှ မဟုတ်ဘူး ကျွန်မ မဟုတ်ရင်ကို သူ့အတွက် အဆင်ပြေနေပြီဆိုတာထိကို ကျွန်မ တွေးပြီးထင်လာမိတယ် ။

ခဏခဏ ဒီလိုဖြစ်လာတဲ့အခါ … ကျွန်မ တဖြေးဖြေးသိလာခဲ့တယ် သူချစ်မပြတတ်ခဲ့တာပါဆိုပြီး ဖြည့်ပြီးတွေးခဲ့တဲ့ ကျွန်မက သိပ်ကို မှားတယ် ။ တကယ်တမ်းကျတော့ ချစ်မပြတတ်ခဲ့တာ မဟုတ်ပဲ ကျွန်မကို မချစ်ခဲ့တာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ ခ်စ္မျပတတ္တာ ေနမွာပါလို႔ … ကြၽန္မေတြးေနခဲ့တာ တကယ္တမ္းက်ေတာ့ သူက ကြၽန္မကိုပဲ ခ်စ္မျပႏိုင္ခဲ့တာပါ … တျခားသူကိုေတာ့ အေသအလဲ ခ်စ္ျပတတ္တယ္ ။

သူမေခ်ာ့တတ္တာေနမွာပါဆိုၿပီး ကိုယ့္ရဲ႕ေကာက္ေနတဲ့စိတ္ကို ကိုယ္ကိုယ္တိုင္ ျပန္ေျပခဲ့ရတာလဲ အခါခါပါ … ၿပီးမွ သိလာခဲ့တာေတြက .. ကိုယ့္မို႔လို႔ သူ မေခ်ာ့ခဲ့တာပါ ။

အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် ကိုယ္ဟာ ဘယ္ေနရာဆိုတာမွန္း တေျဖးေျဖးသိလာရတယ္ ။ တခ်ိဳ႕လူေတြက ခ်စ္မျပတတ္ခဲ့တာ မဟုတ္ပဲ မေခ်ာ့တတ္ခဲ့တာမဟုတ္ပဲ ကိုယ္က အခ်စ္ခံရဖို႔ အေခ်ာ့ခံရဖို႔ထိ အေရးမပါတာေတြ ျဖစ္ေနတတ္တာပါ ။

ကိုယ့္ကိုသာ … ခ်စ္ျပဖို႔ ဂ႐ုစိုက္ျပဖို႔ သိပ္ခက္ခဲေနတဲ့လူတစ္ေယာက္ဟာ ဘယ္သူ႔အတြက္မဆို .. စိတ္ပူျပဖို႔ မခက္ဘူးေလ ။ ဘယ္သူျဖစ္မွ မဟုတ္ဘူး ကြၽန္မ မဟုတ္ရင္ကို သူ႔အတြက္ အဆင္ေျပေနၿပီဆိုတာထိကို ကြၽန္မ ေတြးၿပီးထင္လာမိတယ္ ။

ခဏခဏ ဒီလိုျဖစ္လာတဲ့အခါ … ကြၽန္မ တေျဖးေျဖးသိလာခဲ့တယ္ သူခ်စ္မျပတတ္ခဲ့တာပါဆိုၿပီး ျဖည့္ၿပီးေတြးခဲ့တဲ့ ကြၽန္မက သိပ္ကို မွားတယ္ ။ တကယ္တမ္းက်ေတာ့ ခ်စ္မျပတတ္ခဲ့တာ မဟုတ္ပဲ ကြၽန္မကို မခ်စ္ခဲ့တာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း