သူငါ့ကို ချစ်ရင် … ပြောင်းလဲလာမှာပါဆိုပြီး တွေးနေတုန်းလား

သူငါ့ကို ချစ်ရင် … ပြောင်းလဲလာမှာပါဆိုပြီး တွေးနေတုန်းလား

ကိုယ်မကြိုက်ဘူးဆိုတဲ့အရာတွေက တစ်စိုက်စိုက်မက်မက် လုပ်နေတဲ့ လူအပေါ် အဲ့လိုမျှော်လင့်ချက်ထားလို့မရဘူး ။ ကိုယ့်ဘက်က ပြောင်းလဲပေးချင်ပေမယ့် သူ့ဘက်က ပြောင်းလဲချင်တဲ့စိတ်လေးရှိဦးမှ ​လူတစ်ယောက် ပြောင်းလဲလာတတ်တာပါ ။

ဒါပေမယ့် ငါ ဒါလုပ်လိုက်ရင် … သူဘယ်လိုဖြစ်သွားမလဲဆိုတဲ့ စာနာမှုမျိုးမရှိတဲ့လူအတွက်တော့ ခွင့်လွှတ်မှုဆိုတာ ယူစရာအခွင့်အရေးသက်သက်ဖြစ်သွားပြီ ။ ကိုယ့်စေတနာတွေ ကိုယ့်ဒဏ်ရာကို ဘယ်တုန်းကမှ မမြင်ခဲ့မသိခဲ့သလိုပါပဲ သူ့စိတ်ထဲမှာ နောက်ထပ်တွေထပ်မှားလဲ သူတော့ ထပ်ပြီးခွင့်လွှတ်မှာပါဆိုတဲ့ စိတ်ပဲ ရှိတော့တယ် ။

သူငါ့ကို ချစ်ရင် … ပြင်လာမှာပါဆိုပြီး အချိန်တွေ အကြာကြီးဖြုန်းနေတဲ့ ခြေထောက်လေးကို ရပ်စောင့်နေမယ့်အစား လှည့်ထွက်ခဲ့တာကောင်းပါတယ် ။ လုံလုံလောက်လောက် အချိန်လဲ ပေးခဲ့ပြီးသလို လုံလုံလောက်လောက် ဒဏ်ရာလဲ ရခဲ့ပြီးရင် ဆိုရင်ပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း





မိန်းမသားတို့အတွက်
သျှင်ယွန်း