မိန်းမတစ်ယောက် ရဲ့ တန်ဖိုး

မိန်းမတစ်ယောက် ရဲ့ တန်ဖိုး

ဘယ်အရာမှာမဆို သူ့တန်ဖိုးနဲ့ သူရှိတတ်ကြသလို မိန်းမတိုင်းမှာလဲ သူ့တန်ဖိုးနဲ့သူ ရှိတတ်ကြတယ် ။ တန်ဖိုးမထားတဲ့အရပ်မှာ တန်ဖိုးမဲ့နေသလို ရပ်နေမိတဲ့အဖြစ်တွေကလွဲရင် … တန်ဖိုးမရှိဘူးဆိုတဲ့ မိန်းမ ဒီလောကမှာ မရှိဘူး ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတာ … တခြားသူတွေသတ်မှတ်ထားလို့ရတာမျိုးမဟုတ်ဘူး သူကိုယ်တိုင် သူ့စံ နဲ့သူ သတ်မှတ်ထားတာမျိုးပါ ။ နှင်းဆီပန်းလိုမိန်းမက … ဆူးနဲ့တူတဲ့မာနလေးတွေနဲ့ အလှဆုံးပွင့်တယ် ။ တစ်ယောက်တည်းပဲ ဒါပေမယ့် ဘယ်သူမှ လာမထိနဲ့ဆိုတဲ့ မိန်းမမျိုးတွေပေါ့ ။

ဒါပေမယ့် တန်ဖိုးထားခံရခြင်း မခံရခြင်းတွေက တစ်ခါတစ်လေကျတော့ … ပိုင်ဆိုင်ထားတဲ့သူက တန်ဖိုးသိခြင်းမသိခြင်းတွေနဲ့ အများကြီးဆိုင်တယ်လေ ။ ဒါပေမယ့် ကိုယ်တန်ဖိုးမဲ့သွားတာ မဟုတ်ဘူးနော် ။ အဲ့ဒီကိုမှ တန်ဖိုးမထားတတ်ပဲ ဖြစ်နေတာပါ ။

အဲ့လို တန်ဖိုးမထားတဲ့အရပ်မှာ ရပ်နေရင်းက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးအကျမခံနဲ့ ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေပါနဲ့ ။ တန်ဖိုး မသိတဲ့လူလက်ထဲမှာ တန်ဖိုးမရှိသလိုနေရင်း အချိန်တွေ အကုန်မခံနဲ့ ။ မိန်းမတစ်ယောက်ရဲ့တန်ဖိုးဟာ အဲ့ဒီ မိန်းမရဲ့လက်ထဲမှာပဲ ရှိပါတယ် ။

မာန ထားသင့်တဲ့နေရာရောက်တဲ့အခါ … ခေါင်းကိုကော့ ရင်ကို ကော့ပြီး … ရဲရဲကြီး လှည့်ထွက်ရဲတဲ့ မာနတွေလိုမယ် ။ ရုပ်လှချင်နေပါ … စိတ်ဓာတ်လေးလှအောင်ထားပြီး ကိုယ့်တန်ဖိုးကို ကိုယ် မြင့်တင်ဖို့လိုတယ် ။ ဘယ်သူ့လက်ထဲမှာမှ တန်ဖိုးအကျမခံပါနဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းမတစ္ေယာက္ ရဲ႕ တန္ဖိုး

ဘယ္အရာမွာမဆို သူ႔တန္ဖိုးနဲ႔ သူရွိတတ္ၾကသလို မိန္းမတိုင္းမွာလဲ သူ႔တန္ဖိုးနဲ႔သူ ရွိတတ္ၾကတယ္ ။ တန္ဖိုးမထားတဲ့အရပ္မွာ တန္ဖိုးမဲ့ေနသလို ရပ္ေနမိတဲ့အျဖစ္ေတြကလြဲရင္ … တန္ဖိုးမရွိဘူးဆိုတဲ့ မိန္းမ ဒီေလာကမွာ မရွိဘူး ။

မိန္းမတစ္ေယာက္ရဲ႕တန္ဖိုးဆိုတာ … တျခားသူေတြသတ္မွတ္ထားလို႔ရတာမ်ိဳးမဟုတ္ဘူး သူကိုယ္တိုင္ သူ႔စံ နဲ႔သူ သတ္မွတ္ထားတာမ်ိဳးပါ ။ ႏွင္းဆီပန္းလိုမိန္းမက … ဆူးနဲ႔တူတဲ့မာနေလးေတြနဲ႔ အလွဆုံးပြင့္တယ္ ။ တစ္ေယာက္တည္းပဲ ဒါေပမယ့္ ဘယ္သူမွ လာမထိနဲ႔ဆိုတဲ့ မိန္းမမ်ိဳးေတြေပါ့ ။

ဒါေပမယ့္ တန္ဖိုးထားခံရျခင္း မခံရျခင္းေတြက တစ္ခါတစ္ေလက်ေတာ့ … ပိုင္ဆိုင္ထားတဲ့သူက တန္ဖိုးသိျခင္းမသိျခင္းေတြနဲ႔ အမ်ားႀကီးဆိုင္တယ္ေလ ။ ဒါေပမယ့္ ကိုယ္တန္ဖိုးမဲ့သြားတာ မဟုတ္ဘူးေနာ္ ။ အဲ့ဒီကိုမွ တန္ဖိုးမထားတတ္ပဲ ျဖစ္ေနတာပါ ။

အဲ့လို တန္ဖိုးမထားတဲ့အရပ္မွာ ရပ္ေနရင္းက ကိုယ့္ကိုယ္ကိုယ္တန္ဖိုးအက်မခံနဲ႔ ။ ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္မေနပါနဲ႔ ။ တန္ဖိုး မသိတဲ့လူလက္ထဲမွာ တန္ဖိုးမရွိသလိုေနရင္း အခ်ိန္ေတြ အကုန္မခံနဲ႔ ။ မိန္းမတစ္ေယာက္ရဲ႕တန္ဖိုးဟာ အဲ့ဒီ မိန္းမရဲ႕လက္ထဲမွာပဲ ရွိပါတယ္ ။

မာန ထားသင့္တဲ့ေနရာေရာက္တဲ့အခါ … ေခါင္းကိုေကာ့ ရင္ကို ေကာ့ၿပီး … ရဲရဲႀကီး လွည့္ထြက္ရဲတဲ့ မာနေတြလိုမယ္ ။ ႐ုပ္လွခ်င္ေနပါ … စိတ္ဓာတ္ေလးလွေအာင္ထားၿပီး ကိုယ့္တန္ဖိုးကို ကိုယ္ ျမင့္တင္ဖို႔လိုတယ္ ။ ဘယ္သူ႔လက္ထဲမွာမွ တန္ဖိုးအက်မခံပါနဲ႔ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း