အမေဖက်ထားတာလေး ပြန်လိုချင်တယ် လွမ်းတယ် အမေ

တစ်ခါတစ်ရံမှာ ကိုယ်အတတ်နိုင်ဆုံး ပြုံးနေတဲ့ကြားက မဲ့မဲ့သွားတတ်သေးတယ်မရင့်ကျက်ခြင်း သဘောတွေပေါ့

ထိုးနှက်ချက်တွေကြားမှာ အတတ်နိုင်ဆုံး ကျွန်မ ပြုံးပါတယ် အထိနာစေမယ့် စကားလုံးတွေတိုင်းကိုတော့ ခံနိုင်ရည် မရှိခဲ့ဘူးပေါ့ ဥပမာ – အမေများနေ့ရောက်တဲ့အခါ ကျွန်မ မျက်ရည်ဝဲရတယ် ကျွန်မမှာ အမေလို့ ခေါ်ခွင့်မဲ့ခဲ့တာ နှစ်ကာလ အတန်ကြာပြီလေ ။

အိမ်ကို ပြန်ရောက်တဲ့အခါ အပြုံးနဲ့မျှော်နေမယ့် အမေ ကျွန်မ ဘ၀ထဲက ထွက်သွားခဲ့ပြီ ။စိတ်ပူသံလေးနဲ့ တဖွဖွမှာတတ် စကားတွေလဲ ကျွန်မ ဘ၀မှာ တိတ်ဆိတ်ခဲ့တာ အတော်ကြာပါပြီ

ရင်ဘတ်ထဲကနေ အမေလို့ တမ်းတရတာနဲ့ ဘေးနားကအမေကို ဖက်ထားရတာ ဘယ်တူပါ့မလဲ ကျွန်မလဲ တခြားသူတွေလို အမေ့လို ချွဲခွင့်လေးရချင်သေးတယ် အမေ့အပြုံးလေးတွေကို ဖန်တီးခွင့်ရချင်သေးတယ် ဒီဘ၀တော့ ကျွန်မ ထပ်ပြီး မရနိုင်တော့ပါဘူး

ဒါကြောင့် သင့်မှာ အမေလို့ ခေါ်ခွင့်ရှိနေသေးရင် အမေလို့ တ၀ကြီးခေါ်ပစ်လိုက်စမ်းပါ အဝေးမှာပဲ ရောက်နေနေ အနီးမှာပဲ ရှိနေနေ အမေ့ကို စိတ်ချမ်းသာအောင် ထားပါလူတိုင်းမှာ ဒီလိုအခွင့်အရေးမျိုး မရကြဘူး ကျွန်မလို တမ်းတပြီး လွမ်းရတာမျိုးလဲ ဘယ် သားသမီးကိုမှ မဖြစ်စေချင်ဘူး

အမေ . . . . . လွမ်းတယ် အမေ ပြိုလဲကျချင်နေတဲ့ ​အချိန် အမေ့ကိုဖက်ပြီး ရပ်ချင်တယ် ငိုကြွေးချင်တဲ့အချိန် အမေ့ရင်ခွင်ထဲ ၀င်ပြေးချင်တယ် နေထိုင်မကောင်းတဲ့အချိန် အမေဖက်ထားတာလေး ပြန်လိုချင်တယ် လွမ်းတယ် အမေ။

သမီး သျှင်ယွန်း

တစ္ခါတစ္ရံမွာ ကိုယ္အတတ္ႏိုင္ဆုံး ၿပဳံးေနတဲ့ၾကားက မဲ့မဲ့သြားတတ္ေသးတယ္မရင့္က်က္ျခင္း သေဘာေတြေပါ့

ထိုးႏွက္ခ်က္ေတြၾကားမွာ အတတ္ႏိုင္ဆုံး ကြၽန္မ ၿပဳံးပါတယ္ အထိနာေစမယ့္ စကားလုံးေတြတိုင္းကိုေတာ့ ခံႏိုင္ရည္ မရွိခဲ့ဘူးေပါ့ ဥပမာ – အေမမ်ားေန႔ေရာက္တဲ့အခါ ကြၽန္မ မ်က္ရည္ဝဲရတယ္ ကြၽန္မမွာ အေမလို႔ ေခၚခြင့္မဲ့ခဲ့တာ ႏွစ္ကာလ အတန္ၾကာၿပီေလ ။

အိမ္ကို ျပန္ေရာက္တဲ့အခါ အၿပဳံးနဲ႔ေမွ်ာ္ေနမယ့္ အေမ ကြၽန္မ ဘ၀ထဲက ထြက္သြားခဲ့ၿပီ ။စိတ္ပူသံေလးနဲ႔ တဖြဖြမွာတတ္ စကားေတြလဲ ကြၽန္မ ဘ၀မွာ တိတ္ဆိတ္ခဲ့တာ အေတာ္ၾကာပါၿပီ

ရင္ဘတ္ထဲကေန အေမလို႔ တမ္းတရတာနဲ႔ ေဘးနားကအေမကို ဖက္ထားရတာ ဘယ္တူပါ့မလဲ ကြၽန္မလဲ တျခားသူေတြလို အေမ့လို ခြၽဲခြင့္ေလးရခ်င္ေသးတယ္ အေမ့အၿပဳံးေလးေတြကို ဖန္တီးခြင့္ရခ်င္ေသးတယ္ ဒီဘ၀ေတာ့ ကြၽန္မ ထပ္ၿပီး မရႏိုင္ေတာ့ပါဘူး

ဒါေၾကာင့္ သင့္မွာ အေမလို႔ ေခၚခြင့္ရွိေနေသးရင္ အေမလို႔ တ၀ႀကီးေခၚပစ္လိုက္စမ္းပါ အေဝးမွာပဲ ေရာက္ေနေန အနီးမွာပဲ ရွိေနေန အေမ့ကို စိတ္ခ်မ္းသာေအာင္ ထားပါလူတိုင္းမွာ ဒီလိုအခြင့္အေရးမ်ိဳး မရၾကဘူး ကြၽန္မလို တမ္းတၿပီး လြမ္းရတာမ်ိဳးလဲ ဘယ္ သားသမီးကိုမွ မျဖစ္ေစခ်င္ဘူး

အေမ . . . . . လြမ္းတယ္ အေမ ၿပိဳလဲက်ခ်င္ေနတဲ့ ​အခ်ိန္ အေမ့ကိုဖက္ၿပီး ရပ္ခ်င္တယ္ ငိုေႂကြးခ်င္တဲ့အခ်ိန္ အေမ့ရင္ခြင္ထဲ ၀င္ေျပးခ်င္တယ္ ေနထိုင္မေကာင္းတဲ့အခ်ိန္ အေမဖက္ထားတာေလး ျပန္လိုခ်င္တယ္ လြမ္းတယ္ အေမ။

သမီး သွ်င္ယြန္း