တစ်ခါတစ်လေ ကိုယ်မမှားပါပဲ ကိုယ့်အမှားပါဆိုပြီး တံဆိပ်ကပ်ခံလိုက်ရတဲ့အချိန်တွေရှိတယ်

ထူးဆန်းလွန်းတဲ့လောကကြီး . . . တစ်ခါတစ်လေ ကိုယ်မမှားပါပဲ ကိုယ့်အမှားပါဆိုပြီး တံဆိပ်ကပ်ခံလိုက်ရတဲ့အချိန်တွေရှိတယ်

အခက်အခဲရှိလို့ ငွေလေးချေးပေးပါဦး ကျွန်မအတိုးဘယ်လောက်ပေးပါ့မယ် ကျေးဇူးပြုပြီး ကူညီပေးပါဆိုတုန်းက ဒူးဖက်မတတ် တောင်းပန်ပြီး ငွေချေးခဲ့ကြတဲ့လူတွေ ပြန်သွားတောင်းတဲ့အခါ မရှိသေးဘူးဟေ့ မရှိလို့ချေးတာပေါ့ ရှိရင် ဘယ်သူက ချေးမလဲ ဆိုပြီး ပြန်အော်ခံရတယ် ။ နောက်ဆုံး အဲ့ငွေလိမ်ခံလိုက်ရတဲ့အခါ ပတ်ဝန်းကျင်က ဘာပြောလဲဆိုတော့ နည်းတောင်နည်းသေးတယ် အတိုးမက်ပြီးငွေချေးတာကိုးတဲ့ လိမ်ခံရတာတောင် နည်းသေးတယ်တဲ့ ။ ကျွန်မက သူတပါးအခက်အခဲဖြစ်လို့ စေတနာနဲ့ အဆင်ပြေပါစေဆိုပြီး ကူညီပေးခဲ့တာပါ ။ နောက်ဆုံးတော့ ကျွန်မ ငွေလည်းဆုံးသွားတယ် . . .ကျွန်မ အမှားလည်းဖြစ်သွားတယ် ။

နောက်တစ်မျိုးက ကိုယ့်ချစ်သူကိုလည်း ပိုင်ရှင်ရှိမှန်းသိသိနဲ့လာပက်သက်သေးတယ် . . .ပြီးရင် ကိုယ့်ကိုယ်ပဲ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းပါလားတဲ့ . . . ပိုင်ရှင်ရှိပြီးသားလူကို ပက်သက်လို့ရှက်ရကောင်းမှန်းမသိ . . .မူလပိုင်ရှင်ကိုတောင် အပြစ်ဖို့သွားသေးတယ် . . .ကိုယ့်လူကိုယ်မနိုင်လို့ ဆိုတဲ့ပုံစံမျိုးနဲ့ ။

လောကကြီးက ထူးဆန်းလွန်းတယ် . . . ကိုယ်မမှားပဲ ကိုယ့်အမှားပါဆိုတဲ့ တံဆိပ်ကပ်ခံရခြင်းတွေ ကင်းဝေးကြပါစေ. . . .

မိန်းမသားတို့အတွက်
သျှင်ယွန်း

ထူးဆန္းလြန္းတဲ့ေလာကၾကီး . . . တစ္ခါတစ္ေလ ကိုယ္မမွားပါပဲ ကိုယ့္အမွားပါဆိုျပီး တံဆိပ္ကပ္ခံလိုက္ရတဲ့အခ်ိန္ေတြရွိတယ္

အခက္အခဲရွိလို႔ ေငြေလးေခ်းေပးပါဦး ကၽြန္မအတိုးဘယ္ေလာက္ေပးပါ့မယ္ ေက်းဇူးျပဳျပီး ကူညီေပးပါဆိုတုန္းက ဒူးဖက္မတတ္ ေတာင္းပန္ျပီး ေငြေခ်းခဲ့ၾကတဲ့လူေတြ ျပန္သြားေတာင္းတဲ့အခါ မရွိေသးဘူးေဟ့ မရွိလို့ေခ်းတာေပါ့ ရွိရင္ ဘယ္သူက ေခ်းမလဲ ဆိုျပီး ျပန္ေအာ္ခံရတယ္ ။ ေနာက္ဆံုး အဲ့ေငြလိမ္ခံလိုက္ရတဲ့အခါ ပတ္၀န္းက်င္က ဘာေျပာလဲဆိုေတာ့ နည္းေတာင္နည္းေသးတယ္ အတိုးမက္ျပီးေငြေခ်းတာကိုးတဲ့ လိမ္ခံရတာေတာင္ နည္းေသးတယ္တဲ့ ။ ကၽြန္မက သူတပါးအခက္အခဲျဖစ္လို႔ ေစတနာနဲ႔ အဆင္ေျပပါေစဆိုျပီး ကူညီေပးခဲ့တာပါ ။ ေနာက္ဆံုးေတာ့ ကၽြန္မ ေငြလည္းဆံုးသြားတယ္ . . .ကၽြန္မ အမွားလည္းျဖစ္သြားတယ္ ။

ေနာက္တစ္မ်ိဳးက ကိုယ့္ခ်စ္သူကိုလည္း ပိုင္ရွင္ရွိမွန္းသိသိနဲ႔လာပက္သက္ေသးတယ္ . . .ျပီးရင္ ကိုယ့္ကိုယ္ပဲ ကိုယ့္လူကိုယ္ ႏိုင္ေအာင္ထိန္းပါလားတဲ့ . . . ပိုင္ရွင္ရွိျပီးသားလူကို ပက္သက္လို႔ရွက္ရေကာင္းမွန္းမသိ . . .မူလပိုင္ရွင္ကိုေတာင္ အျပစ္ဖို႔သြားေသးတယ္ . . .ကိုယ့္လူကိုယ္မႏိုင္လို႔ ဆိုတဲ့ပံုစံမ်ိဳးနဲ႔ ။

ေလာကၾကီးက ထူးဆန္းလြန္းတယ္ . . . ကိုယ္မမွားပဲ ကိုယ့္အမွားပါဆိုတဲ့ တံဆိပ္ကပ္ခံရျခင္းေတြ ကင္းေ၀းၾကပါေစ. . . .

မိန္းမသားတို႔အတြက္
သွ်င္ယြန္း