ဘယ်ဘ၀ကများ ဆုတောင်းတွေ မှားခဲ့လဲ သိချင်မိတယ်

လူတစ်ယောက်ကို ချစ်လို့ပဲ ဖြစ်ဖြစ် ဆုတွေမတောင်းနဲ့ မုန်းလို့ပဲဖြစ်ဖြစ် ကျိန်စာတွေနဲ့ မတိုက်မိစေနဲ့ …အရင်ဘ၀တွေကိုသာ လှမ်းကြည့်ခွင့်တွေရခဲ့ရင် ဘယ်ဘ၀ကများ ဆုတောင်းတွေ မှားခဲ့လဲ သိချင်မိတယ် ။

ကိုယ့်ကို မချစ်မနှစ်သက်တဲ့သူကိုမှ ကိုယ်က တစ်ဖက်သတ် လိုက်ချစ်နေရတဲ့အဖြစ်တွေ … အနားမှာ မနေချင်မှန်းသိသိရဲ့နဲ့ လက်မလွှတ်နိုင်ခဲ့တဲ့အဖြစ်တွေ … သတိမရတဲ့သူဆီကမှ မျှော်နေမိတဲ့ ဖုန်းတွေ … ကိုယ်မရှိလဲ ဖြစ်တဲ့သူကိုမှ သူမရှိရင် မဖြစ်တဲ့အကြောင်း ပြောနေမိတာတွေ …

ကိုယ့်ဘက်က ဖြူစင်ခဲ့သလောက် တစ်ဖက်က လိမ်ညာဖို့တွေးနေတတ်တဲ့ မိတ်ဆွေတွေ … ကိုယ့်ဘက်က စိတ်ရင်းနဲ့ပေါင်းခဲ့သလောက် တစ်ဖက်က အပေါ်ယံလေးပဲ ပြန်ပြီးရလာတာတွေ …ကိုယ်ကူနိုင်ခဲ့တုန်းက လူတွေ များခဲ့သလောက် ကိုယ်တကယ်ခက်ခဲတဲ့အခါ ဘယ်မိတ်ဆွေမှ ရှိမနေခဲ့တာတွေ …

ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေနေပါ…ကိုယ့်ကို အကောင်းမမြင်တဲ့ မျက်လုံးတွေကြားမှာ အပြစ်တင်မလွတ်ခဲ့တဲ့အဖြစ်တွေ … ကိုယ့်ကို နဲနဲလေးမှ နားလည်မှုမရှိတဲ့အရပ်မှာ ရပ်နေရတာတွေ ..ဒါတွေ အားလုံးကို သေသေချာချာတွေးကြည့်တဲ့အခါ အရင်ဘ၀တွေကများ ဆုတောင်းတွေမှားခဲ့ဖူးလားလို့ ထင်မိတယ် ။ ၀ဋ်ကြွေးဆိုလဲ ကျေနိုင်လောက်တဲ့ထိ စိတ်ရော ကိုယ်ပါ နာကျင်ခဲ့ပြီးပြီလေ ။ ဒါလဲ မဟုတ်သေးဘူး ။

အခုက ကိုယ်ကိုယ်တိုင်ကိုက မကောင်းမှန်းသိသိနဲ့ ကိုယ်ကိုယ်တိုင် မစွန့်လွှတ်နိုင်ခဲ့တဲ့အဖြစ်တွေလေ ကိုယ့်အတွက် မဖြစ်နိုင်မှန်းသိသိရဲ့နဲ့ ဖက်တွယ်ထားမိတဲ့အဖြစ်တွေ ကိုယ်ကိုယ်တိုင်ကိုက မပြတ်သားနိုင်ခဲ့တာပါ ဆုတောင်းမှားခဲ့ဖူးတယ်ပဲ ထင်ပါတယ် ။ ဒါပေမယ့် ကျေပါစေဆိုတဲ့ဆုတွေ မတောင်းဖြစ်တော့ဘူး ။ ကိုယ်ကိုယ်တိုင်က နာကျင်နေရဲ့နဲ့တောင် ဒီဒဏ်ရာတွေကို ခုံမင်နေမိတယ် ထင်တယ် ။

ဒီဘ၀မှာတော့ … ဘာဆုမှမတောင်းပဲ ဘယ်သူ့ကိုမှ ဘာကျိန်စာမှ မတိုက်ပဲ မှားခဲ့ဖူးတဲ့ ဆုတောင်းတွေကြားမှာ နာကျင်နေလဲ ရအောင်ပြုံးပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတစ္ေယာက္ကို ခ်စ္လို႔ပဲ ျဖစ္ျဖစ္ ဆုေတြမေတာင္းနဲ႔ မုန္းလို႔ပဲျဖစ္ျဖစ္ က်ိန္စာေတြနဲ႔ မတိုက္မိေစနဲ႔ …အရင္ဘ၀ေတြကိုသာ လွမ္းၾကည့္ခြင့္ေတြရခဲ့ရင္ ဘယ္ဘ၀ကမ်ား ဆုေတာင္းေတြ မွားခဲ့လဲ သိခ်င္မိတယ္ ။

ကိုယ့္ကို မခ်စ္မႏွစ္သက္တဲ့သူကိုမွ ကိုယ္က တစ္ဖက္သတ္ လိုက္ခ်စ္ေနရတဲ့အျဖစ္ေတြ … အနားမွာ မေနခ်င္မွန္းသိသိရဲ႕နဲ႔ လက္မလႊတ္ႏိုင္ခဲ့တဲ့အျဖစ္ေတြ … သတိမရတဲ့သူဆီကမွ ေမွ်ာ္ေနမိတဲ့ ဖုန္းေတြ … ကိုယ္မရွိလဲ ျဖစ္တဲ့သူကိုမွ သူမရွိရင္ မျဖစ္တဲ့အေၾကာင္း ေျပာေနမိတာေတြ …

ကိုယ့္ဘက္က ျဖဴစင္ခဲ့သေလာက္ တစ္ဖက္က လိမ္ညာဖို႔ေတြးေနတတ္တဲ့ မိတ္ေဆြေတြ … ကိုယ့္ဘက္က စိတ္ရင္းနဲ႔ေပါင္းခဲ့သေလာက္ တစ္ဖက္က အေပၚယံေလးပဲ ျပန္ၿပီးရလာတာေတြ …ကိုယ္ကူႏိုင္ခဲ့တုန္းက လူေတြ မ်ားခဲ့သေလာက္ ကိုယ္တကယ္ခက္ခဲတဲ့အခါ ဘယ္မိတ္ေဆြမွ ရွိမေနခဲ့တာေတြ …

ကိုယ္ဘယ္ေလာက္ပဲ ေကာင္းေအာင္ေနေနပါ…ကိုယ့္ကို အေကာင္းမျမင္တဲ့ မ်က္လုံးေတြၾကားမွာ အျပစ္တင္မလြတ္ခဲ့တဲ့အျဖစ္ေတြ … ကိုယ့္ကို နဲနဲေလးမွ နားလည္မႈမရွိတဲ့အရပ္မွာ ရပ္ေနရတာေတြ ..ဒါေတြ အားလုံးကို ေသေသခ်ာခ်ာေတြးၾကည့္တဲ့အခါ အရင္ဘ၀ေတြကမ်ား ဆုေတာင္းေတြမွားခဲ့ဖူးလားလို႔ ထင္မိတယ္ ။ ၀ဋ္ေႂကြးဆိုလဲ ေက်ႏိုင္ေလာက္တဲ့ထိ စိတ္ေရာ ကိုယ္ပါ နာက်င္ခဲ့ၿပီးၿပီေလ ။ ဒါလဲ မဟုတ္ေသးဘူး ။

အခုက ကိုယ္ကိုယ္တိုင္ကိုက မေကာင္းမွန္းသိသိနဲ႔ ကိုယ္ကိုယ္တိုင္ မစြန္႔လႊတ္ႏိုင္ခဲ့တဲ့အျဖစ္ေတြေလ ကိုယ့္အတြက္ မျဖစ္ႏိုင္မွန္းသိသိရဲ႕နဲ႔ ဖက္တြယ္ထားမိတဲ့အျဖစ္ေတြ ကိုယ္ကိုယ္တိုင္ကိုက မျပတ္သားႏိုင္ခဲ့တာပါ ဆုေတာင္းမွားခဲ့ဖူးတယ္ပဲ ထင္ပါတယ္ ။ ဒါေပမယ့္ ေက်ပါေစဆိုတဲ့ဆုေတြ မေတာင္းျဖစ္ေတာ့ဘူး ။ ကိုယ္ကိုယ္တိုင္က နာက်င္ေနရဲ႕နဲ႔ေတာင္ ဒီဒဏ္ရာေတြကို ခုံမင္ေနမိတယ္ ထင္တယ္ ။

ဒီဘ၀မွာေတာ့ … ဘာဆုမွမေတာင္းပဲ ဘယ္သူ႔ကိုမွ ဘာက်ိန္စာမွ မတိုက္ပဲ မွားခဲ့ဖူးတဲ့ ဆုေတာင္းေတြၾကားမွာ နာက်င္ေနလဲ ရေအာင္ၿပဳံးပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း