လွယ်လွယ်လေး ပေးလိုက်မိခဲ့တယ်ထင်တယ်

လွယ်လွယ်လေး ပေးလိုက်မိခဲ့တယ်ထင်တယ် ကိုယ့်ရဲ့မေတ္တာတွေ တန်ဖိုးထားရကောင်းမှန်းမသိတော့ဘူး

တွေ့ချင်ပါတယ်လို့ပြောတဲ့အခါတိုင်း ကိုယ့်ဘက်က ပြေးတွေ့ခဲ့မိလို့ထင်တယ် တွေ့ဆုံခြင်းတိုင်းက မနွေးထွေးတော့ဘူး အဆင်မပြေဘူးလို့မဟခင် ကိုယ့်ဘက်က အရာရာ အဆင်သင့်ဖြစ်နေခဲ့လို့ထင်တယ် ကျေးဇူးတင်ပါတယ်ပြောဖို့သတိမရတော့ဘူး ။

ဂရုစိုက်တတ်သူတစ်ယောက်ရဲ့ ပြန်ပြီးဂရုစိုက်ခံချင်တဲ့စိတ်ကို လူတွေက လျစ်လျူရှုပစ်လိုက်ကြတာလေ ။ အဆင်မပြေမှုအားလုံးကို နားထောင်ပေးခဲ့ဖူးတယ် ပြီးတော့ နှစ်သိမ့်ပေးခဲ့ဖူးတယ် ။ ဒါပေမယ့် ကိုယ့်အလှည့်ကျတော့ဘယ်သူကမှ ရှိမနေတတ်တော့ဘူး ။ သူရင့်ကျက်နေတာပဲ ဆိုပြီး လွယ်လွယ်လေးတွေ တွေးပြီး အားပေးဖို့မလိုပါဘူးလို့လွယ်လွယ်လေးဆုံးဖြတ်လိုက်ကြတာ တကယ့်ကို မှားပါတယ်

အားအပေးတတ်ဆုံးသူရဲ့ ရင်မှာ ဒဏ်ရာတွေ အများဆုံးရှိနေတတ်တာပါ ။ လူတိုင်းကို စာနာဖို့ကြိုးစားရင်း လူတိုင်းရဲ့ ဒဏ်ရာတွေကို ရင်ဘတ်ထဲမှာ သိမ်းထားပြီး နေတတ်ကြသူတွေပေါ့ ။ ပျော်အောင်နေတတ်ဖို့ဆိုတာ ဝေး ။ တကယ်တော့ သူကိုယ်တိုင်ကလဲ သူ့လိုစာနာနားလည်ပေးတတ်တဲ့ လက်တစ်စုံကို လိုအပ်တတ်ကြပါတယ် ။ လျစ်လျူရှုမပစ်လိုက်ပါနဲ့ကိုယ်တောင် နာကျင်ခံစားတတ်သေးရင် သူလဲလူ နာကျင်စရာတွေတော့ ရှိမှာပဲ ဆိုပြီး ကိုယ်ချင်းစာတတ်ပေးပါ ။ အလျှော့ပေးတိုင်း အနိုင်ယူဖို့မဟုတ်ဘူးလေ ။

လောကမှာ . . .ကိုယ့်ကို ဂရုစိုက် ကြင်နာတဲ့သူနဲ့ တွေ့ရင် ကိုယ့်ဘက်ကလဲ ပြန်ပြီး ဂရုစိုက်ပေးပါ ။ သူ့ရင်ထဲမှာလဲ ကိုယ်မသိ မမြင်နိုင်တဲ့ ဒဏ်ရာတွေ အများကြီးရှိနေနိုင်တယ်လေ ။ ကိုယ့်အပေါ် စေတနာတွေထားတဲ့သူအပေါ် ပြန်ပြီး သိတတ်ပေးဖို့မပေးပါနဲ့ ။

အရာရာမှာ သူ့တန်ဖိုးနဲ့ သူဆိုတာ ရှိပါတယ် ။ အဲ့ဒီတန်ဖိုးတွေကို ကိုယ်ပိုင်ဆိုင်တုန်းမှာ သိနေဖို့လိုသလို တန်ဖိုးထားတတ်ဖို့လဲ လိုပါတယ် အဝေးကြီးရောက်သွားမှ ပြန်ပြီး လွမ်းဆွတ်နေရတာမျိုး ပြန်ပြီးတောင့်တ နေတတ်မျိုးတွေ မဖြစ်စေချင်ဘူး ။ လူတွေဆိုတာက ရှိနေတဲ့အရာကို တန်ဖိုးထားဖို့ထက် ရမလာသေးတဲ့အရာကို ပိုပြီး မက်မောတတ်ကြတယ် ပြီးတော့မှသာ ဆုံးရှုံးရလေခြင်းဆိုတဲ့အတွေးနဲ့ နောင်တတွေ ရနေတတ်တာလေ ။ အဲ့လို လူတွေထဲမှာ ကိုယ် မပါသွားစေချင်ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လြယ္လြယ္ေလး ေပးလိုက္မိခဲ့တယ္ထင္တယ္ ကိုယ့္ရဲ႕ေမတၱာေတြ တန္ဖိုးထားရေကာင္းမွန္းမသိေတာ့ဘူး

ေတြ႕ခ်င္ပါတယ္လို႔ေျပာတဲ့အခါတိုင္း ကိုယ့္ဘက္က ေျပးေတြ႕ခဲ့မိလို႔ထင္တယ္ ေတြ႕ဆုံျခင္းတိုင္းက မေႏြးေထြးေတာ့ဘူး အဆင္မေျပဘူးလို႔မဟခင္ ကိုယ့္ဘက္က အရာရာ အဆင္သင့္ျဖစ္ေနခဲ့လို႔ထင္တယ္ ေက်းဇူးတင္ပါတယ္ေျပာဖို႔သတိမရေတာ့ဘူး ။

ဂ႐ုစိုက္တတ္သူတစ္ေယာက္ရဲ႕ ျပန္ၿပီးဂ႐ုစိုက္ခံခ်င္တဲ့စိတ္ကို လူေတြက လ်စ္လ်ဴရႈပစ္လိုက္ၾကတာေလ ။ အဆင္မေျပမႈအားလုံးကို နားေထာင္ေပးခဲ့ဖူးတယ္ ၿပီးေတာ့ ႏွစ္သိမ့္ေပးခဲ့ဖူးတယ္ ။ ဒါေပမယ့္ ကိုယ့္အလွည့္က်ေတာ့ဘယ္သူကမွ ရွိမေနတတ္ေတာ့ဘူး ။ သူရင့္က်က္ေနတာပဲ ဆိုၿပီး လြယ္လြယ္ေလးေတြ ေတြးၿပီး အားေပးဖို႔မလိုပါဘူးလို႔လြယ္လြယ္ေလးဆုံးျဖတ္လိုက္ၾကတာ တကယ့္ကို မွားပါတယ္

အားအေပးတတ္ဆုံးသူရဲ႕ ရင္မွာ ဒဏ္ရာေတြ အမ်ားဆုံးရွိေနတတ္တာပါ ။ လူတိုင္းကို စာနာဖို႔ႀကိဳးစားရင္း လူတိုင္းရဲ႕ ဒဏ္ရာေတြကို ရင္ဘတ္ထဲမွာ သိမ္းထားၿပီး ေနတတ္ၾကသူေတြေပါ့ ။ ေပ်ာ္ေအာင္ေနတတ္ဖို႔ဆိုတာ ေဝး ။ တကယ္ေတာ့ သူကိုယ္တိုင္ကလဲ သူ႔လိုစာနာနားလည္ေပးတတ္တဲ့ လက္တစ္စုံကို လိုအပ္တတ္ၾကပါတယ္ ။ လ်စ္လ်ဴရႈမပစ္လိုက္ပါနဲ႔ကိုယ္ေတာင္ နာက်င္ခံစားတတ္ေသးရင္ သူလဲလူ နာက်င္စရာေတြေတာ့ ရွိမွာပဲ ဆိုၿပီး ကိုယ္ခ်င္းစာတတ္ေပးပါ ။ အေလွ်ာ့ေပးတိုင္း အႏိုင္ယူဖို႔မဟုတ္ဘူးေလ ။

ေလာကမွာ . . .ကိုယ့္ကို ဂ႐ုစိုက္ ၾကင္နာတဲ့သူနဲ႔ ေတြ႕ရင္ ကိုယ့္ဘက္ကလဲ ျပန္ၿပီး ဂ႐ုစိုက္ေပးပါ ။ သူ႔ရင္ထဲမွာလဲ ကိုယ္မသိ မျမင္ႏိုင္တဲ့ ဒဏ္ရာေတြ အမ်ားႀကီးရွိေနႏိုင္တယ္ေလ ။ ကိုယ့္အေပၚ ေစတနာေတြထားတဲ့သူအေပၚ ျပန္ၿပီး သိတတ္ေပးဖို႔မေပးပါနဲ႔ ။

အရာရာမွာ သူ႔တန္ဖိုးနဲ႔ သူဆိုတာ ရွိပါတယ္ ။ အဲ့ဒီတန္ဖိုးေတြကို ကိုယ္ပိုင္ဆိုင္တုန္းမွာ သိေနဖို႔လိုသလို တန္ဖိုးထားတတ္ဖို႔လဲ လိုပါတယ္ အေဝးႀကီးေရာက္သြားမွ ျပန္ၿပီး လြမ္းဆြတ္ေနရတာမ်ိဳး ျပန္ၿပီးေတာင့္တ ေနတတ္မ်ိဳးေတြ မျဖစ္ေစခ်င္ဘူး ။ လူေတြဆိုတာက ရွိေနတဲ့အရာကို တန္ဖိုးထားဖို႔ထက္ ရမလာေသးတဲ့အရာကို ပိုၿပီး မက္ေမာတတ္ၾကတယ္ ၿပီးေတာ့မွသာ ဆုံးရႈံးရေလျခင္းဆိုတဲ့အေတြးနဲ႔ ေနာင္တေတြ ရေနတတ္တာေလ ။ အဲ့လို လူေတြထဲမွာ ကိုယ္ မပါသြားေစခ်င္ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း