လူနှစ်ယောက်ရေရှည်လက်တွဲချင်တဲ့အခါ ချစ်တတ်ဖို့လိုပါတယ်

ချစ်တတ်ဖို့လိုတယ် ….

ရေစက်ရှိလို့ကြုံရတဲ့လူနှစ်ယောက် တွေ့ဆုံပြီးသွားလို့လမ်းခွဲခြင်းတွေ မလိုချင်တော့တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ချစ်တတ်ဖို့လိုပါတယ် ။ မိန်းကလေးဘက်ကလဲ နားလည်မှုရှိပေးဖို့လိုသလို ယောက်ျားလေးဘက်ကလဲ ချစ်တတ်ဖို့လိုပါတယ် ။

အမှန်အတိုင်းပြောရရင် သူစိမ်းနှစ်ဦးလေ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းလဲမတူတဲ့ သူစိမ်းနှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် ရေရှည်လက်တွဲသွားဖို့ဆိုရင် . . .တော်တော်လေးကို မလွယ်တဲ့ အရာပါ ။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး ။

တစ်ယောက်နဲ့တစ်ယောက် ချစ်လွန်းလို့ပါဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြတ်စဲသွားတဲ့သူတွေလဲ အများကြီးပါ ။ တစ်ယောက်နဲ့တစ်ယောက် မချစ်ဘူးလားဆိုရင် တကယ်ကို ချစ်ကြပါတယ် ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့သတိမရကြဘူး ။ အဲ့လို အတွဲက အဆင်ပြေနေတဲ့အခါ အရမ်းကိုပျော်စရာကောင်းပါတယ် ဒါပေမယ့် တစ်ယောက်ကို အဆင်မပြေဖြစ်နေတဲ့အခါ စိတ်ညစ်စရာဖြစ်သွားတတ်တယ် ။ ချစ်ပဲချစ်တတ်ခဲ့တာလေ နားလည်ဖို့သတိမရကြဘူး ။

နောက်ကတစ်မျိုးက ချစ်သင့့်သလောက်လဲ ချစ်တယ် နားလည်မှုရှိသင့်သလောက်လဲ ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရဲကြဘူးပေါ့ ဒီနှစ်ယောက်ကတော့ ပျော်ဖို့ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲပြီး ရန်ဖြစ်နေရတာပဲ များပါတယ် ။ ပျော်စရာတွေက ရှားတယ် တကယ်တော့ ချစ်ပေမယ့် မယုံကြည်ရဲတဲ့အခါ ဖြစ်တတ်တဲ့ အရာတွေပေါ့ ။

အချစ်တစ်ခုမှာ ပျော်ရွှင်ချင်တယ် ရေရှည် လက်တွဲချင်တယ် ဆိုရင် . . .ချစ်တတ်ဖို့လိုပါတယ် ။ ဘယ်လိုချစ်ရမလဲဆိုရင်တော့ . . . ကိုယ့်ဘက်က ချစ်သင့်သလောက်လေးပဲ ချစ်ပြီး တားသင့်သလောက်လေး တားတတ်ရတယ် ။ ကိုယ့်ဘက်က အဆုံးစွန်ထိ ချစ်ပြီး အရာအားလုံးကို အလျော့ပေးအလိုလိုက်ခဲ့ရင် နောင်တစ်ချိန် သင်အလိုမလိုက်နိုင်တော့တဲ့အခါ သူ့ကို အရင်လို မချစ်တော့ဘူးဆိုတဲ့ အထင်ရောက်သွားတတ်တယ်လေ ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းပြီး တစ်ယောက်ပြသနာ တစ်ယောက် နားထောင်ပေးတတ်ဖို့လဲ လိုတယ် ။ အဲ့တာမှသာ အော် သူဒီလိုအဆင်မပြေနေတာပဲ ဆိုပြီး တစ်ဖက်ကဆင်ခြင်သင့် ဆင်ခြင်လို့ရမယ် အားပေးသင့် အားပေးလို့ရမယ်လေ ။

မယုံကြည်ဘူးဆိုရင်တော့ရှေ့ဆက်ပြီး လက်မတွဲတာ အကောင်းဆုံးပဲ ရေရှည်လက်တွဲဖို့တွေးထားရင်တော့ တစ်ယောက်နဲ့တစ်ယောက် ယုံသင့်သလောက် ယုံကြည်ပေးဖို့လိုအပ်တယ်လေ ။ သူ ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေမှာလားဆိုတဲ့အတွေးက အရမ်းကို နာကျင်ဖို့ကောင်းသလို သံသယတွေ ရှိလာတဲ့အခါ နှစ်ယောက်သား မျက်နှာချင်းဆိုင်ရှင်းတတ်တဲ့အကျင့်လေးကို မွေးပါ ။ သံသယဆိုတာ ထိန်ချန်ထားတာများရင် နောက်ပိုင်း ပြသနာတွေ ပိုများတတ်တယ်လေ ။

လူနှစ်ယောက်ရေရှည်လက်တွဲချင်တဲ့အခါ ချစ်တတ်ဖို့လိုပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခ်စ္တတ္ဖို႔လိုတယ္ ….

ေရစက္ရွိလို႔ႀကဳံရတဲ့လူႏွစ္ေယာက္ ေတြ႕ဆုံၿပီးသြားလို႔လမ္းခြဲျခင္းေတြ မလိုခ်င္ေတာ့တဲ့အခါ တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္တတ္ဖို႔လိုပါတယ္ ။ မိန္းကေလးဘက္ကလဲ နားလည္မႈရွိေပးဖို႔လိုသလို ေယာက္်ားေလးဘက္ကလဲ ခ်စ္တတ္ဖို႔လိုပါတယ္ ။

အမွန္အတိုင္းေျပာရရင္ သူစိမ္းႏွစ္ဦးေလ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ခ်င္းလဲမတူတဲ့ သူစိမ္းႏွစ္ဦး တစ္ေယာက္နဲ႔ တစ္ေယာက္ ေရရွည္လက္တြဲသြားဖို႔ဆိုရင္ . . .ေတာ္ေတာ္ေလးကို မလြယ္တဲ့ အရာပါ ။ ဒါေပမယ့္ မျဖစ္ႏိုင္ဘူးဆိုတာေတာ့ မဟုတ္ပါဘူး ။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္လြန္းလို႔ပါဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ျပတ္စဲသြားတဲ့သူေတြလဲ အမ်ားႀကီးပါ ။ တစ္ေယာက္နဲ႔တစ္ေယာက္ မခ်စ္ဘူးလားဆိုရင္ တကယ္ကို ခ်စ္ၾကပါတယ္ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေပးဖို႔သတိမရၾကဘူး ။ အဲ့လို အတြဲက အဆင္ေျပေနတဲ့အခါ အရမ္းကိုေပ်ာ္စရာေကာင္းပါတယ္ ဒါေပမယ့္ တစ္ေယာက္ကို အဆင္မေျပျဖစ္ေနတဲ့အခါ စိတ္ညစ္စရာျဖစ္သြားတတ္တယ္ ။ ခ်စ္ပဲခ်စ္တတ္ခဲ့တာေလ နားလည္ဖို႔သတိမရၾကဘူး ။

ေနာက္ကတစ္မ်ိဳးက ခ်စ္သင့့္သေလာက္လဲ ခ်စ္တယ္ နားလည္မႈရွိသင့္သေလာက္လဲ ရွိေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ မယုံၾကည္ရဲၾကဘူးေပါ့ ဒီႏွစ္ေယာက္ကေတာ့ ေပ်ာ္ဖို႔ဆိုတာထက္ တစ္ေယာက္နဲ႔တစ္ေယာက္ စြပ္စြဲၿပီး ရန္ျဖစ္ေနရတာပဲ မ်ားပါတယ္ ။ ေပ်ာ္စရာေတြက ရွားတယ္ တကယ္ေတာ့ ခ်စ္ေပမယ့္ မယုံၾကည္ရဲတဲ့အခါ ျဖစ္တတ္တဲ့ အရာေတြေပါ့ ။

အခ်စ္တစ္ခုမွာ ေပ်ာ္႐ႊင္ခ်င္တယ္ ေရရွည္ လက္တြဲခ်င္တယ္ ဆိုရင္ . . .ခ်စ္တတ္ဖို႔လိုပါတယ္ ။ ဘယ္လိုခ်စ္ရမလဲဆိုရင္ေတာ့ . . . ကိုယ့္ဘက္က ခ်စ္သင့္သေလာက္ေလးပဲ ခ်စ္ၿပီး တားသင့္သေလာက္ေလး တားတတ္ရတယ္ ။ ကိုယ့္ဘက္က အဆုံးစြန္ထိ ခ်စ္ၿပီး အရာအားလုံးကို အေလ်ာ့ေပးအလိုလိုက္ခဲ့ရင္ ေနာင္တစ္ခ်ိန္ သင္အလိုမလိုက္ႏိုင္ေတာ့တဲ့အခါ သူ႔ကို အရင္လို မခ်စ္ေတာ့ဘူးဆိုတဲ့ အထင္ေရာက္သြားတတ္တယ္ေလ ။ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္လင္းၿပီး တစ္ေယာက္ျပသနာ တစ္ေယာက္ နားေထာင္ေပးတတ္ဖို႔လဲ လိုတယ္ ။ အဲ့တာမွသာ ေအာ္ သူဒီလိုအဆင္မေျပေနတာပဲ ဆိုၿပီး တစ္ဖက္ကဆင္ျခင္သင့္ ဆင္ျခင္လို႔ရမယ္ အားေပးသင့္ အားေပးလို႔ရမယ္ေလ ။

မယုံၾကည္ဘူးဆိုရင္ေတာ့ေရွ႕ဆက္ၿပီး လက္မတြဲတာ အေကာင္းဆုံးပဲ ေရရွည္လက္တြဲဖို႔ေတြးထားရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံသင့္သေလာက္ ယုံၾကည္ေပးဖို႔လိုအပ္တယ္ေလ ။ သူ ငါ့ေနာက္ကြယ္မွာ ေဖာက္ျပန္ေနမွာလားဆိုတဲ့အေတြးက အရမ္းကို နာက်င္ဖို႔ေကာင္းသလို သံသယေတြ ရွိလာတဲ့အခါ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ရွင္းတတ္တဲ့အက်င့္ေလးကို ေမြးပါ ။ သံသယဆိုတာ ထိန္ခ်န္ထားတာမ်ားရင္ ေနာက္ပိုင္း ျပသနာေတြ ပိုမ်ားတတ္တယ္ေလ ။

လူႏွစ္ေယာက္ေရရွည္လက္တြဲခ်င္တဲ့အခါ ခ်စ္တတ္ဖို႔လိုပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း