ကျွန်မလဲ ပြန်ပြီး ငဲ့ကြည့်ဖို့တန်ဖိုးထားဖို့ထိုက်တန်ချင်ပါတယ်

ကိုယ်အလေးထားသလောက် ပြန်အလေးမထားတဲ့အရပ်မှာနေနေရတာ တစ်ခါတစ်လေကျ .. ကိုယ့်ကိုယ်ကို ဘာမှန်းမသိအောင် ဖြစ်လာတတ်တယ် … ကျွန်မက ဘာလဲဆိုတဲ့မေးခွန်းမျိုး ကျွန်မကိုယ် ကျွန်မ မေးပြီး ကျွန်မမှာ ဆောက်တည်ရာမရတွေ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် အခါခါပါပဲ ။ လှည့်ထွက်ခဲ့လိုက်ပါတဲ့ ကျွန်မ သိပါတယ် ။ ကျွန်မ မလုပ်နိုင်သေးတာ ။

ကိုယ့်ဘက်က … အစစ်အမှန်တွေ ပေးနေပါရဲ့နဲ့ တစ်ဖက်က ပြန်ရလာတာတွေက အပေါ်ယံတွေပဲ ဖြစ်နေတဲ့အခါ တစ်ခါတစ်လေကျတော့ ငိုချင်တယ် ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုပေမယ့် ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုဖြစ်ဖို့တော့ မလွယ်ကူဘူးလေ ကိုယ်ပေးသလို ပြန်ရချင်မှ ရလာလိမ့်မယ် ကိုယ်ထားတဲ့စေတနာတွေ တန်ဖိုးနားလည်ချင်မှ နားလည်လိမ့်မယ် ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ပေးတဲ့စေတနာတွေကို တန်ဖိုးလေး နားလည်စေချင်တာတော့ အမှန်ပဲ ။

ကျွန်မ … ဒီအရာကို ပေးပြီးသွားပြီ ပြန်ရလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့့ဘယ်အရာကိုမှ မပေးခဲ့ဖူးဘူး မေတ္တာပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် …ဘယ်အရာကိုမဆို ကိုယ့်ဘက်က ပေးနိုင်တယ်ဆိုတာအရာတွေ မတွန့်တိုပဲ ပေးခဲ့တာပါ … တစ်ဖက်က ကျိန်းသေပြန်ရလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ကျွန်မ ပေးခဲ့တာမဟုတ်ဘူး . ပြန်ပြီး မသိတတ်ချင်နေပါ … ကိုယ်ပေးတဲ့အရာလေးတွေကို တန်ဖိုးထားတတ်စေချင်တယ် ။

တစ်ခါတစ်လေမှာ ကိုယ်အဆင်ပြေနေလွန်းလို့ကူညီပေးနေတာမဟုတ်ဘူး ကိုယ်အဆင်မပြေတဲ့ကြားက အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့စာနာပေးခဲ့တာ … ဇာတ်လမ်းတွေဆုံးတော့ တကယ်တမ်းဒုက္ခတွေနဲ့ ကျန်ခဲ့တဲ့သူက ကိုယ်ဖြစ်နေရုံကလွဲလို့ဘာမှထပ်ပြီး ပိုမလာခဲ့ဘူး … နောင်တရတယ်ဆိုတာထက် ၀မ်းနည်းတာပါ ။

ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ အနည်းနဲ့အများးတော့ ခံစားရတာတွေချည်းပဲလေ … ကျွန်မမှာ ခံစားရတာတွေများလာတော့ … ကိုယ်နဲ့မဆိုင်ပါဘူးလေဆိုတဲ့အတွေးတွေးတတ်ချင်လာတယ် … အဆင်ပြေသွားမှာဆိုပြီး မျက်နှာလွဲတတ်ချင်လာတယ် .. တကယ်ဆို ကျွန်မလဲ ပြန်ပြီး ငဲ့ကြည့်ဖို့တန်ဖိုးထားဖို့ထိုက်တန်ချင်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ္အေလးထားသေလာက္ ျပန္အေလးမထားတဲ့အရပ္မွာေနေနရတာ တစ္ခါတစ္ေလက် .. ကိုယ့္ကိုယ္ကို ဘာမွန္းမသိေအာင္ ျဖစ္လာတတ္တယ္ … ကြၽန္မက ဘာလဲဆိုတဲ့ေမးခြန္းမ်ိဳး ကြၽန္မကိုယ္ ကြၽန္မ ေမးၿပီး ကြၽန္မမွာ ေဆာက္တည္ရာမရေတြ ျဖစ္ခဲ့တာလည္း အႀကိမ္ႀကိမ္ အခါခါပါပဲ ။ လွည့္ထြက္ခဲ့လိုက္ပါတဲ့ ကြၽန္မ သိပါတယ္ ။ ကြၽန္မ မလုပ္ႏိုင္ေသးတာ ။

ကိုယ့္ဘက္က … အစစ္အမွန္ေတြ ေပးေနပါရဲ႕နဲ႔ တစ္ဖက္က ျပန္ရလာတာေတြက အေပၚယံေတြပဲ ျဖစ္ေနတဲ့အခါ တစ္ခါတစ္ေလက်ေတာ့ ငိုခ်င္တယ္ ။ သက္ေရာက္မႈတိုင္းမွာ တန္ျပန္သက္ေရာက္မႈရွိတယ္ဆိုေပမယ့္ ထပ္တူညီတဲ့ တန္ျပန္သက္ေရာက္မႈျဖစ္ဖို႔ေတာ့ မလြယ္ကူဘူးေလ ကိုယ္ေပးသလို ျပန္ရခ်င္မွ ရလာလိမ့္မယ္ ကိုယ္ထားတဲ့ေစတနာေတြ တန္ဖိုးနားလည္ခ်င္မွ နားလည္လိမ့္မယ္ ။ ဘာပဲျဖစ္ျဖစ္ပါ ကိုယ္ေပးတဲ့ေစတနာေတြကို တန္ဖိုးေလး နားလည္ေစခ်င္တာေတာ့ အမွန္ပဲ ။

ကြၽန္မ … ဒီအရာကို ေပးၿပီးသြားၿပီ ျပန္ရလာလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔့ဘယ္အရာကိုမွ မေပးခဲ့ဖူးဘူး ေမတၱာပဲ ျဖစ္ျဖစ္ ေစတနာပဲျဖစ္ျဖစ္ …ဘယ္အရာကိုမဆို ကိုယ့္ဘက္က ေပးႏိုင္တယ္ဆိုတာအရာေတြ မတြန္႔တိုပဲ ေပးခဲ့တာပါ … တစ္ဖက္က က်ိန္းေသျပန္ရလာလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ကြၽန္မ ေပးခဲ့တာမဟုတ္ဘူး . ျပန္ၿပီး မသိတတ္ခ်င္ေနပါ … ကိုယ္ေပးတဲ့အရာေလးေတြကို တန္ဖိုးထားတတ္ေစခ်င္တယ္ ။

တစ္ခါတစ္ေလမွာ ကိုယ္အဆင္ေျပေနလြန္းလို႔ကူညီေပးေနတာမဟုတ္ဘူး ကိုယ္အဆင္မေျပတဲ့ၾကားက အဆင္ေျပပါေစဆိုတဲ့စိတ္နဲ႔စာနာေပးခဲ့တာ … ဇာတ္လမ္းေတြဆုံးေတာ့ တကယ္တမ္းဒုကၡေတြနဲ႔ က်န္ခဲ့တဲ့သူက ကိုယ္ျဖစ္ေန႐ုံကလြဲလို႔ဘာမွထပ္ၿပီး ပိုမလာခဲ့ဘူး … ေနာင္တရတယ္ဆိုတာထက္ ၀မ္းနည္းတာပါ ။

ကိုယ္ေမွ်ာ္လင့္ထားတဲ့အတိုင္းျဖစ္မလာတဲ့အခါ အနည္းနဲ႔အမ်ားးေတာ့ ခံစားရတာေတြခ်ည္းပဲေလ … ကြၽန္မမွာ ခံစားရတာေတြမ်ားလာေတာ့ … ကိုယ္နဲ႔မဆိုင္ပါဘူးေလဆိုတဲ့အေတြးေတြးတတ္ခ်င္လာတယ္ … အဆင္ေျပသြားမွာဆိုၿပီး မ်က္ႏွာလြဲတတ္ခ်င္လာတယ္ .. တကယ္ဆို ကြၽန္မလဲ ျပန္ၿပီး ငဲ့ၾကည့္ဖို႔တန္ဖိုးထားဖို႔ထိုက္တန္ခ်င္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း