သူ့ကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်ခဲ့မိတယ်

ကျွန်မ … သူ့ကို သိပ်ချစ််တယ် ..

ဘာကြောင့်ဆိုတဲ့အမေးတွေ မေးခဲ့မယ်ဆိုရင် အကြောင်းပြချက်တွေမရှိပါပဲ သူဖြစ်နေလို့ကို ချစ်တာပါဆိုတဲ့ အရာကိုပဲ ကျွန်မဖြေရမယ် ထင်တယ် ။ သူ ပြုံးနေတာလေးကအစ .. သူပစ်ထားတာအဆုံး ကျွန်မ ချစ်နေမိတယ် ။

သူချစ်လားမချစ်လားဆိုတဲ့ … မေးခွန်းတွေမတွေးပဲ ကိုယ်က ချစ်နေရရုံန​ဲ့တင် ဖြစ်တယ် ။ အဆင်မပြေဘူးကြားတဲ့အခါ … အပြေးလေးသွားဖို့ ၀န်မလေးခဲ့ဘူး စျေးပေါသွားမလားလို့ မတွေးဘူး ။ သူအဆင်ပြေမယ်ဆို ကိုယ်ခက်ခဲနေလဲ ဖြစ်ပါတယ် ။

ရင်နဲ့ရင်းပြီးချစ်ခဲ့မိတော့ အရာရာမှာ ရင်နဲ့ရင်းပြီး ခံစားမိတယ် ။ တစ်စုံတစ်ရာကို ငေးပြီး သက်ပြင်းရှည်ကြီးချတဲ့အခါ ကိုယ့်ရင်မောရတယ် ။ တစ်ခုခုကို ပြောပြီး တောက်တွေခေါက်တဲ့အခါ ကိုယ့်ရင် ပူရတယ် ။ ကိုယ်ဟာ သူ့အတွက်သီးသန့်ဖြစ်တည်လာရုံပါ ။

ချစ်နေရရုံ … ချစ်မိနေရုံက လွဲလို့ အများကြီးမျှော်လင့်မထားချင်တော့ဘူး ။ ကိုယ့်မျှော်လင့်ချက်တွေကြောင့် ချည်နှောင်ထားရင် သူမွန်းကျပ်လာမှာစိုးတယ် ။ ကိုယ်အဆင်မပြေတဲ့အခါ တိတ်တိတ်လေး နေဖြစ်ခဲ့သလောက် သူအဆင်မပြေတဲ့အခါ ကိုယ် ပြာယာခတ်တဲ့အထိ သိပ်ချစ်ဖူးတာပေါ့ ။

သူမှသူဆိုတာထက်လဲ ပိုတယ် ။ ကိုယ့်ကိုယ်ကိုယ်ထက်တော့ ဘယ်သူ့ကိုမှ ပိုမချစ်ပါဘူးဆိုတဲ့စကားတွေဟာ … သူနဲ့မှ ပျက်ရတာပါ ။ သူ့ကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်ခဲ့မိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ … သူ႔ကို သိပ္ခ်စ္္တယ္ ..

ဘာေၾကာင့္ဆိုတဲ့အေမးေတြ ေမးခဲ့မယ္ဆိုရင္ အေၾကာင္းျပခ်က္ေတြမရွိပါပဲ သူျဖစ္ေနလို႔ကို ခ်စ္တာပါဆိုတဲ့ အရာကိုပဲ ကြၽန္မေျဖရမယ္ ထင္တယ္ ။ သူ ၿပဳံးေနတာေလးကအစ .. သူပစ္ထားတာအဆုံး ကြၽန္မ ခ်စ္ေနမိတယ္ ။

သူခ်စ္လားမခ်စ္လားဆိုတဲ့ … ေမးခြန္းေတြမေတြးပဲ ကိုယ္က ခ်စ္ေနရ႐ုံန​ဲ့တင္ ျဖစ္တယ္ ။ အဆင္မေျပဘူးၾကားတဲ့အခါ … အေျပးေလးသြားဖို႔ ၀န္မေလးခဲ့ဘူး ေစ်းေပါသြားမလားလို႔ မေတြးဘူး ။ သူအဆင္ေျပမယ္ဆို ကိုယ္ခက္ခဲေနလဲ ျဖစ္ပါတယ္ ။

ရင္နဲ႔ရင္းၿပီးခ်စ္ခဲ့မိေတာ့ အရာရာမွာ ရင္နဲ႔ရင္းၿပီး ခံစားမိတယ္ ။ တစ္စုံတစ္ရာကို ေငးၿပီး သက္ျပင္းရွည္ႀကီးခ်တဲ့အခါ ကိုယ့္ရင္ေမာရတယ္ ။ တစ္ခုခုကို ေျပာၿပီး ေတာက္ေတြေခါက္တဲ့အခါ ကိုယ့္ရင္ ပူရတယ္ ။ ကိုယ္ဟာ သူ႔အတြက္သီးသန္႔ျဖစ္တည္လာ႐ုံပါ ။

ခ်စ္ေနရ႐ုံ … ခ်စ္မိေန႐ုံက လြဲလို႔ အမ်ားႀကီးေမွ်ာ္လင့္မထားခ်င္ေတာ့ဘူး ။ ကိုယ့္ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္ ခ်ည္ေႏွာင္ထားရင္ သူမြန္းက်ပ္လာမွာစိုးတယ္ ။ ကိုယ္အဆင္မေျပတဲ့အခါ တိတ္တိတ္ေလး ေနျဖစ္ခဲ့သေလာက္ သူအဆင္မေျပတဲ့အခါ ကိုယ္ ျပာယာခတ္တဲ့အထိ သိပ္ခ်စ္ဖူးတာေပါ့ ။

သူမွသူဆိုတာထက္လဲ ပိုတယ္ ။ ကိုယ့္ကိုယ္ကိုယ္ထက္ေတာ့ ဘယ္သူ႔ကိုမွ ပိုမခ်စ္ပါဘူးဆိုတဲ့စကားေတြဟာ … သူနဲ႔မွ ပ်က္ရတာပါ ။ သူ႔ကို ကိုယ့္ကိုယ္ကိုယ္ထက္ ပိုခ်စ္ခဲ့မိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း