အရင်တုန်းက ကျွန်မ ဘယ်လိုပြုံးခဲ့ဖူးတာလဲ မှတ်မိသေးရင်ကောင်းမယ်

ဝဋ်ကြွေးရှိသမှျပေါ့ …

တချို့တွေပြောကြသလို တကယ်လို့အတိတ်ကိုသာ နောက်ပြန်လှည့်လို့ရရင် အရင်လို မင်းနဲ့ပြန်မတွေ့ချင်တော့ဘူးလို့ မပြောဘူး။တကယ်လို့အတိတ်ကိုသာ နောက်ပြန်လှည့်လို့ရရင် ကိုယ့်မှာတင်နေသမျှအကြွေးတွေ ဒီထက် စောစောကျေအောင်ဆပ်ခဲ့မိမှာ …

၀ဋ်ကြွေးတဲ့ … ဘယ်ဘ၀ကတင်ခဲ့မှန်းမသိပေမယ့် ဒီဘ၀မှာတော့ နှလုံးသားနဲ့ရင်းပြီးဆပ်ရတယ် ။ အချစ်လို့ အမည်လှလှလေးတပ်ထားတဲ့ ဝဋ်ကြွေးလေ ။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲလေဆိုတဲ့စကားတွေကြားမှာ ပြေးပေါက်တွေမှားသလို … အရင်ကပြောခဲ့သားပဲဆိုတဲ့ စကားတွေကြားမှာ ခုမှ နောင်တတွေနဲ့ နာကျင်ရတယ် ။

လှမယ်ထင်လို့ ရေးခဲ့တဲ့ပန်းချီကားပဲလေ ။ မျက်ရည်တွေနဲ့ရောစပ်ပြီးဖျော်ရမယ်လို့မှ ထင်မှမထင်ခဲ့တာ …ဒါပေမယ့် ကိုယ်စခဲ့တဲ့ဇာတ်လမ်းကိုယ်ကိုယ်တိုင် က ဖို့တွေးပါတယ် ။ ရေစက်ကြောင့်ဆုံခဲ့တယ်လို့ထင်ခဲ့ဖူးတယ်လို့ပြောရင် စတွေ့ခဲ့စဥ်တုန်းက ပျော်ခဲ့မယ်လို့တွေးကြလိမ့်မယ်ထင်တယ် ။ ဟုတ်တယ် ကျွန်မ အဲ့ဒီအချိန်တွေကိုတော့ အခုချိန်ပြန်လိုချင်နေတုန်းပဲ ဒါပေမယ့် မမျှော်လင့်ရဲတော့ပါဘူး ။

ဒီတွေ့ဆုံခြင်းတွေဟာ ကျွန်မ အကြွေးတွေဆပ်ဖို့သက်သက် ဆုံလာခဲ့ခြင်းမှန်း တဖြေးဖြေးသိလာတဲ့နောက် အကျေဆပ်ဖို့ပဲတွေးပါတယ် ရှောင်ပြီးမပြေးတော့ဘူး … ကိုယ်ငိုမှ ပျော်မယ်ဆိုရင် ငိုပေးလိုက်မယ် … ကိုယ်နာကျင်နေတဲ့ကို မြင်မှစား၀င်မယ်ဆိုရင် နာကျင်ပေးလိုက်မယ် ။ ကိုယ့်စောင့်မျှော်နေရခြင်းတွေကို နှစ်သက်တယ်ဆိုရင် စောင့်နေပေးလိုက်မယ် ။

၀ဋ်ကြွေးရှိသမျှပေါ့ … ချစ်လား မချစ်ဘူးလားဆိုတာ အခုချိန်လာမေးရင် ကျွန်မကိုယ်ကျွန်မတောင် မသေချာတော့ဘူး ။ အရင်အချိန်တွေကသာ မေးခဲ့မယ်ဆိုရင် ကျွန်မသူ့ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ သေသေချာချာပြောမိဦးမှာပါ ခုတော့ ကျွန်မကိုယ်ကျွန်မတောင် ရေရေရာရာမသိတော့တာခက်တယ် ။

မျက်ရည်ကျစေတဲ့သူကပဲ မျက်ရည်ပြန်သုတ်ပေးမယ့်အချိန်ကို မျှော်လင့်နေရတဲ့ဘ၀လေ ။ သူက ငါ့ကို နာကျင်စေတာကိုသိပြီး သူ့ကို လက်လွှတ်ဖို့ခက်နေတဲ့ ဘ၀လေ ။ ကိုယ်မရှိလဲ ဖြစ်နေမှန်းသိသိရဲ့နဲ့ သူမရှိလို့မဖြစ်ပါဘူးဆိုပြီး ဆွဲနေမိတဲ့ ဘ၀လေ ။ ရပါတယ် …၀ဋ်ကြွေးရှိသမျှတော့ ကျွန်မ ဆက်ပြီးရှိနေဦးမှာပါ ။

၀ဋ်ကြွေးကျေသွားတဲ့တစ်နေ့ရောက်ရင်… အရင်တုန်းက ကျွန်မ ဘယ်လိုပြုံးခဲ့ဖူးတာလဲ မှတ်မိသေးရင်ကောင်းမယ် … ဒါမှမဟုတ် အရင်တုန်းက ကျွန်မ ဘယ်လိုပျော်ခဲ့ဖူးတာလဲ သတိရသေးရင်ကောင်းမယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဝဋ္ေႂကြးရွိသမွ်ေပါ့ …

တခ်ိဳ႕ေတြေျပာၾကသလို တကယ္လို႔အတိတ္ကိုသာ ေနာက္ျပန္လွည့္လို႔ရရင္ အရင္လို မင္းနဲ႔ျပန္မေတြ႕ခ်င္ေတာ့ဘူးလို႔ မေျပာဘူး။တကယ္လို႔အတိတ္ကိုသာ ေနာက္ျပန္လွည့္လို႔ရရင္ ကိုယ့္မွာတင္ေနသမွ်အေႂကြးေတြ ဒီထက္ ေစာေစာေက်ေအာင္ဆပ္ခဲ့မိမွာ …

၀ဋ္ေႂကြးတဲ့ … ဘယ္ဘ၀ကတင္ခဲ့မွန္းမသိေပမယ့္ ဒီဘ၀မွာေတာ့ ႏွလုံးသားနဲ႔ရင္းၿပီးဆပ္ရတယ္ ။ အခ်စ္လို႔ အမည္လွလွေလးတပ္ထားတဲ့ ဝဋ္ေႂကြးေလ ။ ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ကိုယ္ပဲေလဆိုတဲ့စကားေတြၾကားမွာ ေျပးေပါက္ေတြမွားသလို … အရင္ကေျပာခဲ့သားပဲဆိုတဲ့ စကားေတြၾကားမွာ ခုမွ ေနာင္တေတြနဲ႔ နာက်င္ရတယ္ ။

လွမယ္ထင္လို႔ ေရးခဲ့တဲ့ပန္းခ်ီကားပဲေလ ။ မ်က္ရည္ေတြနဲ႔ေရာစပ္ၿပီးေဖ်ာ္ရမယ္လို႔မွ ထင္မွမထင္ခဲ့တာ …ဒါေပမယ့္ ကိုယ္စခဲ့တဲ့ဇာတ္လမ္းကိုယ္ကိုယ္တိုင္ က ဖို႔ေတြးပါတယ္ ။ ေရစက္ေၾကာင့္ဆုံခဲ့တယ္လို႔ထင္ခဲ့ဖူးတယ္လို႔ေျပာရင္ စေတြ႕ခဲ့စဥ္တုန္းက ေပ်ာ္ခဲ့မယ္လို႔ေတြးၾကလိမ့္မယ္ထင္တယ္ ။ ဟုတ္တယ္ ကြၽန္မ အဲ့ဒီအခ်ိန္ေတြကိုေတာ့ အခုခ်ိန္ျပန္လိုခ်င္ေနတုန္းပဲ ဒါေပမယ့္ မေမွ်ာ္လင့္ရဲေတာ့ပါဘူး ။

ဒီေတြ႕ဆုံျခင္းေတြဟာ ကြၽန္မ အေႂကြးေတြဆပ္ဖို႔သက္သက္ ဆုံလာခဲ့ျခင္းမွန္း တေျဖးေျဖးသိလာတဲ့ေနာက္ အေက်ဆပ္ဖို႔ပဲေတြးပါတယ္ ေရွာင္ၿပီးမေျပးေတာ့ဘူး … ကိုယ္ငိုမွ ေပ်ာ္မယ္ဆိုရင္ ငိုေပးလိုက္မယ္ … ကိုယ္နာက်င္ေနတဲ့ကို ျမင္မွစား၀င္မယ္ဆိုရင္ နာက်င္ေပးလိုက္မယ္ ။ ကိုယ့္ေစာင့္ေမွ်ာ္ေနရျခင္းေတြကို ႏွစ္သက္တယ္ဆိုရင္ ေစာင့္ေနေပးလိုက္မယ္ ။

၀ဋ္ေႂကြးရွိသမွ်ေပါ့ … ခ်စ္လား မခ်စ္ဘူးလားဆိုတာ အခုခ်ိန္လာေမးရင္ ကြၽန္မကိုယ္ကြၽန္မေတာင္ မေသခ်ာေတာ့ဘူး ။ အရင္အခ်ိန္ေတြကသာ ေမးခဲ့မယ္ဆိုရင္ ကြၽန္မသူ႔ကို ဘယ္ေလာက္ခ်စ္တဲ့အေၾကာင္းေတြ ေသေသခ်ာခ်ာေျပာမိဦးမွာပါ ခုေတာ့ ကြၽန္မကိုယ္ကြၽန္မေတာင္ ေရေရရာရာမသိေတာ့တာခက္တယ္ ။

မ်က္ရည္က်ေစတဲ့သူကပဲ မ်က္ရည္ျပန္သုတ္ေပးမယ့္အခ်ိန္ကို ေမွ်ာ္လင့္ေနရတဲ့ဘ၀ေလ ။ သူက ငါ့ကို နာက်င္ေစတာကိုသိၿပီး သူ႔ကို လက္လႊတ္ဖို႔ခက္ေနတဲ့ ဘ၀ေလ ။ ကိုယ္မရွိလဲ ျဖစ္ေနမွန္းသိသိရဲ႕နဲ႔ သူမရွိလို႔မျဖစ္ပါဘူးဆိုၿပီး ဆြဲေနမိတဲ့ ဘ၀ေလ ။ ရပါတယ္ …၀ဋ္ေႂကြးရွိသမွ်ေတာ့ ကြၽန္မ ဆက္ၿပီးရွိေနဦးမွာပါ ။

၀ဋ္ေႂကြးေက်သြားတဲ့တစ္ေန႔ေရာက္ရင္… အရင္တုန္းက ကြၽန္မ ဘယ္လိုၿပဳံးခဲ့ဖူးတာလဲ မွတ္မိေသးရင္ေကာင္းမယ္ … ဒါမွမဟုတ္ အရင္တုန္းက ကြၽန္မ ဘယ္လိုေပ်ာ္ခဲ့ဖူးတာလဲ သတိရေသးရင္ေကာင္းမယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း