တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ . . .

တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ . . .ကိုယ်ကောင်းလို့ ကိုယ့်ဘေးနားမှာ ရှိနေတာဆိုရင်အောင့်သက်သက်နိုင်ပါတယ် ဝမ်းလည်းနည်းရတယ်

ငါ မကောင်းတော့ရင် ငါဆိုးနေရင်ကော ရှိနေပါ့မလားဆိုတဲ့ အတွေး ခေါင်းထဲဝင်လာဖူးတယ်ဆိုရင် ဒီစာလေးကို ဆုံးတဲ့အထိ ဖတ်ကြည့်ပါ ။ ဘယ်လိုဆိုးရမလဲဆိုတာ ပြောပြထားတယ် ။ အမြဲတမ်းသည်းခံနေတာတွေ ရပ်ပြီး မြိုသိပ်ထားတာတွေ ရင်ဘတ်ထဲမှာရှိသမျှ ဖွင့်ပြောပြလိုက် ဘာဆက်ဖြစ်လာမယ်လို့ ထင်လဲ အဆိုးဆုံးအခြေအနေအရဆိုရင် ရန်သူတွေအထိ ဖြစ်သွားတတ်ပါတယ် ။

ကူညီနေတာတွေရပ်ပြီး ငါ မကူညီနိုင်တော့ဘူး မင်းဟာမင်းလုပ်တော့လို့ ပြောကြည့်ပါ ကမ္ဘာ့ရန်တွေ ဖြစ်သွားတဲ့အထိ ပြင်းထန်ကောင်း ပြင်းထန်ပါလိမ့်မယ် ။အမြဲတမ်းရှင်းနေကျဝိုင်းမှာ မရှင်းပဲ ထိုင်နေကြည့် ဘေစာရွက်လာတဲ့အခါ ကိုယ့်ကိုယ်လှမ်းကြည့်ကြလိမ့်မယ် အမြဲတမ်းကောင်းနေခဲ့တာကို ရပ်ပြီး တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ ဟုတ်ကဲ့လို့ အမြဲပြောခဲ့တာရပ်ပြီးကိုယ့်အတွက် ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း ဟင့်အင်းလို့ ငြင်းခဲ့ပါ ။

နောက်ဆုံးမှာလူတော်တော်များများ ကိုယ့်အနားက ထွက်သွားကြလိမ့်မယ် ကိုယ့်အပေါ် တကယ်နားလည်ပြီး တန်ဖိုးထားတဲ့လူတွေသာ ကျန်ခဲ့ကြလိမ့်မယ် ။ ဒါ အမြတ်ပဲလေ ။ လူများပြီး ပွဲမစည်တာထက်စာရင် ကိုယ့်အနားမှာရှိတဲ့လူတွေက ကိုယ့်ကို တန်ဖိုးထားပါလားဆိုတဲ့ အသိလေးက အရမ်းကျေနပ်ဖို့ ကောင်းပါတယ် ဒါကြောင့် ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ် ဆိုးကြည့်ပါ ပြီးရင် ဘယ်နှစ်ယောက်များကျန်ခဲ့မလဲလို့ ရေတွက်ကြည့်ပေါ့။

တစ်စုံတစ်ယောက်ပဲ ကျန်ခဲ့ရင်တောင် အရမ်းကို ပျော်ဖို့ကောင်းနေပါပြီ ကိုယ့်အနားမှာ ခင်သလိုလို မင်သလိုလိုနဲ့ ရပ်နေတဲ့လူတွေ ကိုယ်ဆိုးတဲ့အခါ ထွက်သွားကြလိမ့်မယ် ၀မ်းမနည်းနဲ့ ပြုံးပြုံးလေးသာ နှုတ်ဆက်ပေးလိုက်ပါ

အမြဲတမ်းကောင်းနေတဲ့အခါ အဖော်တွေအပေါင်းတွေ အများကြီးရှိနေလိမ့်မယ် ပြီးတော့ ဒုက္ခတွေကော ဒဏ်ရာတွေကော အများကြီးရှိနေလိမ့်မယ် ဘ၀မှာ တစ်ခါလောက်ဖြစ်ဖြစ်ပဲ ဆိုးကြည့်ပါ တစ်ခါလောက်ဖြစ်ဖြစ် ငြင်းကြည့်ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ခါေလာက္ျဖစ္ျဖစ္ ဆိုးၾကည့္ပါ . . .ကိုယ္ေကာင္းလို႔ ကိုယ့္ေဘးနားမွာ ရွိေနတာဆိုရင္ေအာင့္သက္သက္ႏိုင္ပါတယ္ ဝမ္းလည္းနည္းရတယ္

ငါ မေကာင္းေတာ့ရင္ ငါဆိုးေနရင္ေကာ ရွိေနပါ့မလားဆိုတဲ့ အေတြး ေခါင္းထဲဝင္လာဖူးတယ္ဆိုရင္ ဒီစာေလးကို ဆုံးတဲ့အထိ ဖတ္ၾကည့္ပါ ။ ဘယ္လိုဆိုးရမလဲဆိုတာ ေျပာျပထားတယ္ ။ အၿမဲတမ္းသည္းခံေနတာေတြ ရပ္ၿပီး ၿမိဳသိပ္ထားတာေတြ ရင္ဘတ္ထဲမွာရွိသမွ် ဖြင့္ေျပာျပလိုက္ ဘာဆက္ျဖစ္လာမယ္လို႔ ထင္လဲ အဆိုးဆုံးအေျခအေနအရဆိုရင္ ရန္သူေတြအထိ ျဖစ္သြားတတ္ပါတယ္ ။

ကူညီေနတာေတြရပ္ၿပီး ငါ မကူညီႏိုင္ေတာ့ဘူး မင္းဟာမင္းလုပ္ေတာ့လို႔ ေျပာၾကည့္ပါ ကမာၻ႔ရန္ေတြ ျဖစ္သြားတဲ့အထိ ျပင္းထန္ေကာင္း ျပင္းထန္ပါလိမ့္မယ္ ။အၿမဲတမ္းရွင္းေနက်ဝိုင္းမွာ မရွင္းပဲ ထိုင္ေနၾကည့္ ေဘစာ႐ြက္လာတဲ့အခါ ကိုယ့္ကိုယ္လွမ္းၾကည့္ၾကလိမ့္မယ္ အၿမဲတမ္းေကာင္းေနခဲ့တာကို ရပ္ၿပီး တစ္ခါေလာက္ျဖစ္ျဖစ္ ဆိုးၾကည့္ပါ ဟုတ္ကဲ့လို႔ အၿမဲေျပာခဲ့တာရပ္ၿပီးကိုယ့္အတြက္ ကိုယ့္စိတ္ထဲမွာရွိတဲ့အတိုင္း ဟင့္အင္းလို႔ ျငင္းခဲ့ပါ ။

ေနာက္ဆုံးမွာလူေတာ္ေတာ္မ်ားမ်ား ကိုယ့္အနားက ထြက္သြားၾကလိမ့္မယ္ ကိုယ့္အေပၚ တကယ္နားလည္ၿပီး တန္ဖိုးထားတဲ့လူေတြသာ က်န္ခဲ့ၾကလိမ့္မယ္ ။ ဒါ အျမတ္ပဲေလ ။ လူမ်ားၿပီး ပြဲမစည္တာထက္စာရင္ ကိုယ့္အနားမွာရွိတဲ့လူေတြက ကိုယ့္ကို တန္ဖိုးထားပါလားဆိုတဲ့ အသိေလးက အရမ္းေက်နပ္ဖို႔ ေကာင္းပါတယ္ ဒါေၾကာင့္ ဘဝမွာ တစ္ခါေလာက္ျဖစ္ျဖစ္ ဆိုးၾကည့္ပါ ၿပီးရင္ ဘယ္ႏွစ္ေယာက္မ်ားက်န္ခဲ့မလဲလို႔ ေရတြက္ၾကည့္ေပါ့။

တစ္စုံတစ္ေယာက္ပဲ က်န္ခဲ့ရင္ေတာင္ အရမ္းကို ေပ်ာ္ဖို႔ေကာင္းေနပါၿပီ ကိုယ့္အနားမွာ ခင္သလိုလို မင္သလိုလိုနဲ႔ ရပ္ေနတဲ့လူေတြ ကိုယ္ဆိုးတဲ့အခါ ထြက္သြားၾကလိမ့္မယ္ ၀မ္းမနည္းနဲ႔ ၿပဳံးၿပဳံးေလးသာ ႏႈတ္ဆက္ေပးလိုက္ပါ

အၿမဲတမ္းေကာင္းေနတဲ့အခါ အေဖာ္ေတြအေပါင္းေတြ အမ်ားႀကီးရွိေနလိမ့္မယ္ ၿပီးေတာ့ ဒုကၡေတြေကာ ဒဏ္ရာေတြေကာ အမ်ားႀကီးရွိေနလိမ့္မယ္ ဘ၀မွာ တစ္ခါေလာက္ျဖစ္ျဖစ္ပဲ ဆိုးၾကည့္ပါ တစ္ခါေလာက္ျဖစ္ျဖစ္ ျငင္းၾကည့္ပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း