မလိုတဲ့အရပ်ကနေ လှည့်ထွက်ရဲတဲ့ မာနလေးထားဖြစ်အောင် ထားပါ

ကိုယ့်ကို မလိုအပ်တဲ့အရပ်မှာ ရပ်နေခြင်းက တန်ဖိုးတွေမဲ့သွားရုံ မျက်ရည်တွေကျလာရုံ ဒီထက်ပိုပြီးနာကျင်လာရရုံက လွဲလို့ တခြားဘာမှ ရလာမဟုတ်ဘူး ။ ကိုယ်ကို မလိုတဲ့အရပ်ဆိုတာ မအများကြီးရှိနေနိုင်တယ် ။

သူငယ်ချင်း မိတ်ဆွေကြားမှာ ဖြစ်ဖြစ် ချစ်သူရည်းစားတွေပဲ ဖြစ်ဖြစ် အသိုင်းအဝိုင်းပဲ ကြားမှာပဲ ဖြစ်ဖြစ် ကိုယ့်ကို မလိုတဲ့ အရပ်တွေဆိုတာ ရှိတယ် ။ တစ်နေ့တော့ လိုအပ်ကောင်းပါရဲ့ဆိုတဲ့ အတွေးနဲ့ ရပ်စောင့်နေမိရယ် ကိုယ်ကိုယ်တိုင်ကော ကိုယ့်အရည်အချင်းတွေကော ဖုံတက်သွားရုံကလွဲလို့ တခြား ဘာမှ ရလာမှာမဟုတ်ဘူးလေ ။

ကိုယ့်ကို မလိုအပ်တော့မှန်း သေသေချာချာသိလာတဲ့ ရက်တွေဟာ အချိန်တွေ အများကြီး နောက်ကျမသွားစေနဲ့ အချိန်တွေ အများကြီး လွန်မသွားစေနဲ့ ။ တချို့နေရာတွေမှာ ကိုယ်က မလိုတာမဟုတ်တော့ပဲ တစ်ခါတစ်ရံမှာ လူပိုတွေပါ ဖြစ်လာတတ်တယ် ။

အချိန်အကြာကြီး အဲ့လိုနေရပ်မှာရပ်ရင်း ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို မဖြုန်းတီးပစ်လိုက်နဲ့ တစ်ခါတစ်ရံ အဲ့လိုနေရာတွေမှာ ရပ်ရင်းနဲ့ ငါဟာ သူ့အတွက် အပိုလားဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်လာရတတ်သလို ကိုယ့်ကိုယ်ကိုယ် ဒုက္ခတွေ ပေးလာမိတတ်တယ် ။

မလိုတဲ့အရပ်ကနေ လှည့်ထွက်ရဲတဲ့ မာနလေးထားဖြစ်အောင် ထားပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း






မိန်းမသားတို့အတွက်
သျှင်ယွန်း