ငိုနေတဲ့ မျက်လုံးတွေဟာ ကောင်းကောင်းအိပ်လို့မရခဲ့ဘူး

ညဆိုတာ အိပ်ရတယ်တဲ့ ညသန်းခေါင်ထိ မအိပ်ပဲ နေတဲ့သူတွေမှာ သန်းခေါင်ယံထိ အိပ်မပျော်နိုင်တဲ့ ခံစားချက်တွေ ရှိနေတတ်တယ် ဆိုတာ သူတို့တွေ မသိဘူး ။ သာမန်ထက်ပိုပြီး အိပ်တဲ့သူက အထီးကျန်နေတတ်ပြီး သန်းခေါင်ယံထိ အိပ်မရတဲ့ လူတွေမှာ ၀မ်းနည်းနေတတ်ပါတယ် ။

ည … အိပ်ရမယ်ဆိုတာကောင်းကောင်းသိတာပေါ့ ။ ဒါပေမယ့် ငိုနေတဲ့ မျက်လုံးတွေဟာ ကောင်းကောင်းအိပ်လို့မရခဲ့ဘူး ။ တစ်စုံတစ်ယောက်စီက ခေါ်လာမယ့် ဖုန်းတွေကို မျှော်နေတဲ့သူဟာလဲ အိပ်လို့ ပျော်မှာ မဟုတ်ဘူး ။ တစ်ယောက်ယောက်ကြောင့် နာကျင်နေရတဲ့ သူတွေဟာလဲ ဒီည အိပ်လို့ပျော်မယ်ထင်တယ် ။

မေ့လိုက်ပါ… မခံစားနဲ့ … ဥပေက္ခာပြုလိုက် တဲ့ ပြောသလောက်သာလွယ်မယ်ဆိုရင် ကျွန်မ အိပ်မက်လှလှတွေ မက်တာ ကြာပါပြီ အပြောလွယ်သလောက် အလုပ်ခက်တာကြောင့် ညတွေ မအိပ်နိုင်သေးတာပါ ။ ငိုလို့မောသွားတဲ့ အိပ်ပျော်သွားတာတွေ ရှိတယ် ။ မျှော်လို့ မောသွားတဲ့အခါ အိပ်ပျော်သွားတာရှိတယ် ။ ကိုယ့်အသိရှိနေသေးသရွေ့တော့ မျှော်နေမိ ငိုနေမိတုန်းပါပဲ ။

ည … မအိပ်ရခြင်းတွေမှာ နောက်ထပ် အကြောင်းပြချက်တွေနဲ့ လူတွေရှိတယ် ။ ကိုယ့်စိတ်ကိုယ် မပိုင်တဲ့ နေ့တွေကို ဖြတ်သန်းရင်း ကိုယ့်ကိုယ်ကိုယ် ပိုင်တဲ့ ညတွေ ကုန်ဆုံးသွားမှာကြောက်တဲ့ လူတွေပေါ့ ။ မပျော်ပဲ ပြုံးရတဲ့ နေ့တွေ စိတ်မပါပဲ လျှောက်ရတဲ့ ခြေလှမ်းတွေ အပြီးမှာ ကိုယ့်ကိုယ်ကိုယ် ပိုင်တဲ့ ညတွေ ဘယ်သူမှ မနှောင့်ယှက်ညတွေ ကုန်လွန်သွားမှာစိုးလို့ တမင် မအိပ်တဲ့ လူတွေလဲ ရှိသေးတယ် ။

ည … ဆိုတာ အိပ်ရတယ်တဲ့ … ဒါပေမယ့် တချို့ ၀မ်းနည်းမှုတွေဟာ အိပ်စက်လိုက်ရုံနဲ့ ပျောက်မသွားတတ်ဘူးလေ ။ ဒါပေမယ့် ဒီတစ်ညတော့ အိပ်ပျော်အောင် အိပ်ပါ … အိပ်ရေးပျက်ပါများရင် မျက်တွင်းတွေ နက်တတ်တယ် ။ ဒီည ဘယ်သူချော့သိပ်တာမှ မစောင့် ကျွန်မ ချော့သိပ်တာလေးနဲ့ အိပ်ပါ ။ အိပ်မက်လှလှမက်ပါစေနော် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ညဆိုတာ အိပ္ရတယ္တဲ့ ညသန္းေခါင္ထိ မအိပ္ပဲ ေနတဲ့သူေတြမွာ သန္းေခါင္ယံထိ အိပ္မေပ်ာ္ႏိုင္တဲ့ ခံစားခ်က္ေတြ ရွိေနတတ္တယ္ ဆိုတာ သူတို႔ေတြ မသိဘူး ။ သာမန္ထက္ပိုၿပီး အိပ္တဲ့သူက အထီးက်န္ေနတတ္ၿပီး သန္းေခါင္ယံထိ အိပ္မရတဲ့ လူေတြမွာ ၀မ္းနည္းေနတတ္ပါတယ္ ။

ည … အိပ္ရမယ္ဆိုတာေကာင္းေကာင္းသိတာေပါ့ ။ ဒါေပမယ့္ ငိုေနတဲ့ မ်က္လုံးေတြဟာ ေကာင္းေကာင္းအိပ္လို႔မရခဲ့ဘူး ။ တစ္စုံတစ္ေယာက္စီက ေခၚလာမယ့္ ဖုန္းေတြကို ေမွ်ာ္ေနတဲ့သူဟာလဲ အိပ္လို႔ ေပ်ာ္မွာ မဟုတ္ဘူး ။ တစ္ေယာက္ေယာက္ေၾကာင့္ နာက်င္ေနရတဲ့ သူေတြဟာလဲ ဒီည အိပ္လို႔ေပ်ာ္မယ္ထင္တယ္ ။

ေမ့လိုက္ပါ… မခံစားနဲ႔ … ဥေပကၡာျပဳလိုက္ တဲ့ ေျပာသေလာက္သာလြယ္မယ္ဆိုရင္ ကြၽန္မ အိပ္မက္လွလွေတြ မက္တာ ၾကာပါၿပီ အေျပာလြယ္သေလာက္ အလုပ္ခက္တာေၾကာင့္ ညေတြ မအိပ္ႏိုင္ေသးတာပါ ။ ငိုလို႔ေမာသြားတဲ့ အိပ္ေပ်ာ္သြားတာေတြ ရွိတယ္ ။ ေမွ်ာ္လို႔ ေမာသြားတဲ့အခါ အိပ္ေပ်ာ္သြားတာရွိတယ္ ။ ကိုယ့္အသိရွိေနေသးသေ႐ြ႕ေတာ့ ေမွ်ာ္ေနမိ ငိုေနမိတုန္းပါပဲ ။

ည … မအိပ္ရျခင္းေတြမွာ ေနာက္ထပ္ အေၾကာင္းျပခ်က္ေတြနဲ႔ လူေတြရွိတယ္ ။ ကိုယ့္စိတ္ကိုယ္ မပိုင္တဲ့ ေန႔ေတြကို ျဖတ္သန္းရင္း ကိုယ့္ကိုယ္ကိုယ္ ပိုင္တဲ့ ညေတြ ကုန္ဆုံးသြားမွာေၾကာက္တဲ့ လူေတြေပါ့ ။ မေပ်ာ္ပဲ ၿပဳံးရတဲ့ ေန႔ေတြ စိတ္မပါပဲ ေလွ်ာက္ရတဲ့ ေျခလွမ္းေတြ အၿပီးမွာ ကိုယ့္ကိုယ္ကိုယ္ ပိုင္တဲ့ ညေတြ ဘယ္သူမွ မေႏွာင့္ယွက္ညေတြ ကုန္လြန္သြားမွာစိုးလို႔ တမင္ မအိပ္တဲ့ လူေတြလဲ ရွိေသးတယ္ ။

ည … ဆိုတာ အိပ္ရတယ္တဲ့ … ဒါေပမယ့္ တခ်ိဳ႕ ၀မ္းနည္းမႈေတြဟာ အိပ္စက္လိုက္႐ုံနဲ႔ ေပ်ာက္မသြားတတ္ဘူးေလ ။ ဒါေပမယ့္ ဒီတစ္ညေတာ့ အိပ္ေပ်ာ္ေအာင္ အိပ္ပါ … အိပ္ေရးပ်က္ပါမ်ားရင္ မ်က္တြင္းေတြ နက္တတ္တယ္ ။ ဒီည ဘယ္သူေခ်ာ့သိပ္တာမွ မေစာင့္ ကြၽန္မ ေခ်ာ့သိပ္တာေလးနဲ႔ အိပ္ပါ ။ အိပ္မက္လွလွမက္ပါေစေနာ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း