တချို့ ချစ်ခြင်းမေတ္တာတွေဟာ မျက်နှာငယ်ရတယ်

တချို့ ချစ်ခြင်းမေတ္တာတွေဟာ မျက်နှာငယ်ရတယ် ။

သိပ်ချစ်တယ်လို့ အကျယ်ကြီးအော်ခွင့်မရှိခဲ့သလို … သတိရတဲ့အခါတိုင်း ပြေးတွေ့ခွင့်တွေမရှိခဲ့ဘူး ။ လွမ်းတဲ့အခါ လွမ်းတဲ့အကြောင်းတွေပြောဖို့အထိလဲ … အခွင့်အရေးတွေ မရှိကြဘူးလေ ရင်ဘတ်ထဲမှာ တိတ်တိတ်လေးသိမ်းထားရင်း တိတ်တိတ်လေး ကြေကွဲရတယ် ။

အချစ်တဲ့ … ရယူခြင်းသက်သက်နဲ့မဟုတ်ပဲ ပေးဆပ်ခြင်းတွေနဲ့ ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဖြူစင်ပါတယ် ဒါပေမယ့် မျက်နှာငယ်ရတယ် ။ ငေးနေရုံလေးနဲ့ ကျေနပ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံကျတော့ ပြေးတွေ့ချင်စိတ်တွေကို ထိန်းရတယ် ။

တစ်ခါတစ်လေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အလိုက်သတိ တိတ်ဆိတ်ပေးလိုက်တဲ့အခါ အမှတ်တမဲ့နဲ့ ရှိုက်သံလေးတွေ ထွက်မိတယ် ။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူမှ မသိခဲ့သလို ဘယ်သူမှ ကိုယ့်ဖက်လဲ မရှိကြပါဘူး ။ မလိုအပ်တော့မှန်း သိလာတဲ့အခါ အလိုက်သတိလေးပဲ ရှောင်ပေးနေခဲ့တာ ။

ချစ်ခြင်းမေတ္တာ … ချစ်နေရရုံနဲ့ကျေနပ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံကျတော့ ပိုင်ဆိုင်လိုတဲ့ အတ္တတွေ ရှိချင်ရှိနေတတ်တယ်လေ ။ မဆိုင်ပါဘူးလေဆိုတဲ့အတွေးနဲ့ သက်ပြင်းတွေချလိုက်သလို … မပိုင်တော့ပါဘူးလေဆိုတဲ့အတွေး မျက်နှာလွဲဖို့ကြိုးစားတယ် ။

တကယ်ပါ တချို့ ချစ်ခြင်းမေတ္တာတွေဟာ မျက်နှာငယ်ရတယ် ။ ရင်ဘတ်ထဲသိမ်းထားပြီး နာနာကျင်ကျင်ခံစားပြီး တိတ်တိတ်လေး ကြေကွဲကြရတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တခ်ိဳ႕ ခ်စ္ျခင္းေမတၱာေတြဟာ မ်က္ႏွာငယ္ရတယ္ ။

သိပ္ခ်စ္တယ္လို႔ အက်ယ္ႀကီးေအာ္ခြင့္မရွိခဲ့သလို … သတိရတဲ့အခါတိုင္း ေျပးေတြ႕ခြင့္ေတြမရွိခဲ့ဘူး ။ လြမ္းတဲ့အခါ လြမ္းတဲ့အေၾကာင္းေတြေျပာဖို႔အထိလဲ … အခြင့္အေရးေတြ မရွိၾကဘူးေလ ရင္ဘတ္ထဲမွာ တိတ္တိတ္ေလးသိမ္းထားရင္း တိတ္တိတ္ေလး ေၾကကြဲရတယ္ ။

အခ်စ္တဲ့ … ရယူျခင္းသက္သက္နဲ႔မဟုတ္ပဲ ေပးဆပ္ျခင္းေတြနဲ႔ ခ်စ္တဲ့ ခ်စ္ျခင္းေမတၱာေတြဟာ ျဖဴစင္ပါတယ္ ဒါေပမယ့္ မ်က္ႏွာငယ္ရတယ္ ။ ေငးေန႐ုံေလးနဲ႔ ေက်နပ္တယ္ဆိုေပမယ့္ တစ္ခါတစ္ရံက်ေတာ့ ေျပးေတြ႕ခ်င္စိတ္ေတြကို ထိန္းရတယ္ ။

တစ္ခါတစ္ေလ အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ အလိုက္သတိ တိတ္ဆိတ္ေပးလိုက္တဲ့အခါ အမွတ္တမဲ့နဲ႔ ရႈိက္သံေလးေတြ ထြက္မိတယ္ ။ ဒါေပမယ့္ ဒါေတြဟာ ဘယ္သူမွ မသိခဲ့သလို ဘယ္သူမွ ကိုယ့္ဖက္လဲ မရွိၾကပါဘူး ။ မလိုအပ္ေတာ့မွန္း သိလာတဲ့အခါ အလိုက္သတိေလးပဲ ေရွာင္ေပးေနခဲ့တာ ။

ခ်စ္ျခင္းေမတၱာ … ခ်စ္ေနရ႐ုံနဲ႔ေက်နပ္တယ္ဆိုေပမယ့္ တစ္ခါတစ္ရံက်ေတာ့ ပိုင္ဆိုင္လိုတဲ့ အတၱေတြ ရွိခ်င္ရွိေနတတ္တယ္ေလ ။ မဆိုင္ပါဘူးေလဆိုတဲ့အေတြးနဲ႔ သက္ျပင္းေတြခ်လိုက္သလို … မပိုင္ေတာ့ပါဘူးေလဆိုတဲ့အေတြး မ်က္ႏွာလြဲဖို႔ႀကိဳးစားတယ္ ။

တကယ္ပါ တခ်ိဳ႕ ခ်စ္ျခင္းေမတၱာေတြဟာ မ်က္ႏွာငယ္ရတယ္ ။ ရင္ဘတ္ထဲသိမ္းထားၿပီး နာနာက်င္က်င္ခံစားၿပီး တိတ္တိတ္ေလး ေၾကကြဲၾကရတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း