သူပြန်လာမယ်အထင် အခုထိ စောင့်နေမိတုန်းပဲ

သူပြန်လာမယ်အထင် အခုထိ စောင့်နေမိတုန်းပဲ ။

နာကျင်ခဲ့ဖူးရင် မှတ်ထားပါတဲ့ … ကျွန်မကတော့ ခုချိန်ထိ အမှတ်သည်းခြေမရှိခဲ့သေးဘူး ။ တစ်ခါ နာကျင်စေခဲ့တဲ့သူကို ပြန်လာမယ်အထင်နဲ့ နှစ်တွေကြာတဲ့အထိ စောင့်နေမိတုန်းပဲ ။ မပျော်တော့လို့ ထွက်သွားတဲ့သူကို မမျှော်သင့်တော့မှန်းသိပေမယ့်လဲ မရေရာတဲ့တစ်နေ့တွေကို လက်ချိုးပြီးရေတွက်နေမိသေးတယ် ။

သူကျွန်မကို ထားခဲ့တာ ဒီနေ့နဲ့ဆို ဘယ်နှရက် ရှိပြီဆိုတာ နေ့တိုင်းရေတွက်နေမိသလို သူနာကျင်စေခဲ့တဲ့အတိတ်ကို ဖယ်ကို သူ့ကို ကြင်နာတယ်လို့ပဲ တွေးမိနေတယ် ။ တကယ်ဆိုရင်လေ ပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ရက်စက်ခဲ့တာတွေကို စိတ်နာတတ်ခဲ့မယ်ဆိုရင် ကျွန်မ ဦးအောင်လှည့်ထွက်ခဲ့ဖို့ထိ လုံလောက်နေပြီးသားပါ ။

ဒါပေမယ့် ချစ်ဖို့ပဲသိခဲ့တာလေ ။ စိတ်နာတတ်ဖို့ လမ်းခွဲကြဖို့ ယောင်လို့တောင် မတွေးမိခဲ့ဘူး ။ သူမရှိတော့ရင်လို့ သူရှိနေတုန်းက တွေးခဲ့ဖူးတယ် အနာဂတ်တွေဟာ မှောင်တယ် လက်ရှိ ပစ္စုပ္ပန်တွေလိုပေါ့ ။ သူနဲ့အတူတူလို့ မျှော်လင့်ပြီး လျှောက်ခဲ့တ့ဲလမ်းတွေမှာ ကိုယ်တစ်ယောက်တည်းလျှောက်ဖို့ အားတွေ မရှိခဲ့သေးဘူး ။

ပျော်အောင်ထားမယ့်လူတွေ ရှိတဲ့ကြားကမှ ကိုယ့်ကို ပစ်သွားတဲ့သူကို မျှော်နေတတ်တဲ့ကျွန်မဟာ ၀ဋ်တွေ ကြီးတယ်လို့ပဲ ဖြေပါမယ် ။ စိတ်တွေတော့ မနာတတ်ခဲ့သေးဘူး ။ တစ်နေ့နေ့တော့ သူပြန်မှာပါဆိုတဲ့အတွေးနဲ့ အခုထိ မျှော်နေမိတုန်းပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူျပန္လာမယ္အထင္ အခုထိ ေစာင့္ေနမိတုန္းပဲ ။

နာက်င္ခဲ့ဖူးရင္ မွတ္ထားပါတဲ့ … ကြၽန္မကေတာ့ ခုခ်ိန္ထိ အမွတ္သည္းေျခမရွိခဲ့ေသးဘူး ။ တစ္ခါ နာက်င္ေစခဲ့တဲ့သူကို ျပန္လာမယ္အထင္နဲ႔ ႏွစ္ေတြၾကာတဲ့အထိ ေစာင့္ေနမိတုန္းပဲ ။ မေပ်ာ္ေတာ့လို႔ ထြက္သြားတဲ့သူကို မေမွ်ာ္သင့္ေတာ့မွန္းသိေပမယ့္လဲ မေရရာတဲ့တစ္ေန႔ေတြကို လက္ခ်ိဳးၿပီးေရတြက္ေနမိေသးတယ္ ။

သူကြၽန္မကို ထားခဲ့တာ ဒီေန႔နဲ႔ဆို ဘယ္ႏွရက္ ရွိၿပီဆိုတာ ေန႔တိုင္းေရတြက္ေနမိသလို သူနာက်င္ေစခဲ့တဲ့အတိတ္ကို ဖယ္ကို သူ႔ကို ၾကင္နာတယ္လို႔ပဲ ေတြးမိေနတယ္ ။ တကယ္ဆိုရင္ေလ ေပးခဲ့တဲ့ ဒဏ္ရာေတြနဲ႔ ရက္စက္ခဲ့တာေတြကို စိတ္နာတတ္ခဲ့မယ္ဆိုရင္ ကြၽန္မ ဦးေအာင္လွည့္ထြက္ခဲ့ဖို႔ထိ လုံေလာက္ေနၿပီးသားပါ ။

ဒါေပမယ့္ ခ်စ္ဖို႔ပဲသိခဲ့တာေလ ။ စိတ္နာတတ္ဖို႔ လမ္းခြဲၾကဖို႔ ေယာင္လို႔ေတာင္ မေတြးမိခဲ့ဘူး ။ သူမရွိေတာ့ရင္လို႔ သူရွိေနတုန္းက ေတြးခဲ့ဖူးတယ္ အနာဂတ္ေတြဟာ ေမွာင္တယ္ လက္ရွိ ပစၥဳပၸန္ေတြလိုေပါ့ ။ သူနဲ႔အတူတူလို႔ ေမွ်ာ္လင့္ၿပီး ေလွ်ာက္ခဲ့တ့ဲလမ္းေတြမွာ ကိုယ္တစ္ေယာက္တည္းေလွ်ာက္ဖို႔ အားေတြ မရွိခဲ့ေသးဘူး ။

ေပ်ာ္ေအာင္ထားမယ့္လူေတြ ရွိတဲ့ၾကားကမွ ကိုယ့္ကို ပစ္သြားတဲ့သူကို ေမွ်ာ္ေနတတ္တဲ့ကြၽန္မဟာ ၀ဋ္ေတြ ႀကီးတယ္လို႔ပဲ ေျဖပါမယ္ ။ စိတ္ေတြေတာ့ မနာတတ္ခဲ့ေသးဘူး ။ တစ္ေန႔ေန႔ေတာ့ သူျပန္မွာပါဆိုတဲ့အေတြးနဲ႔ အခုထိ ေမွ်ာ္ေနမိတုန္းပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း