မောင် …တဲ့ ဒါက ကိုယ်တစ်ဦးတည်း ခေါ်တဲ့ အမည်နာမလေး

မောင် နဲ့ ကျွန်မ …ကျွန်မချစ်ရတဲ့ မောင့်အကြောင်းမပြောခင် … ကျွန်မ အကြောင်းအရင်ဆုံးပြောရအောင် ။ အရင်တုန်းက ကျွန်မဆိုတာ အချစ်နဲ့ ပတ်သက်ပြီး သည်းသည်းလှုပ်ဖြစ်တာ ရှားတယ် ။ ကိုယ်စဥ်းစားဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကိုတော့ ဘယ်တော့မှ မရွေးဘူးလို့ တွေးထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့ ။

မောင် …တဲ့ ဒါက ကိုယ်တစ်ဦးတည်း ခေါ်တဲ့ အမည်နာမလေးပါ ။ အသက်အရွယ်နဲ့ မလိုက်အောင် တစ်ခါတစ်လေ ရင့်ကျက်သလောက် တစ်ခါတစ်လေကျတော့ အငယ်ဆိုတဲ့ စိတ်နဲ့ ဆိုးတတ်တဲ့ ကောင်လေးတစ်ယောက်ပေါ့ ။ ပြဿနာဖြစ်တဲ့အခါတိုင်း ဒေါသတွေ ပေါက်ကွဲပြတတ်တယ် ။ ဒီလို ခပ်ဆိုးဆိုးကောင်လေးကို ချစ်မိသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိတာ အမှန်ပါ ။

စကားလုံး အလှတွေဟာ ကျွန်မ ကြွေခဲ့ရတဲ့ အရာတွေထဲက တစ်ခုပေါ့ ။ ကိုယ်မကြိုက်တာ တစ်ခုခုလုပ်ထားမိတဲ့အခါတိုင်းမှာ သူ့အပြောလေးတွေက ပိုပြီးချိုသာတယ် ။ မကလဲ… ဒီတစ်ခါတော့ ခွင့်လွှတ်ပါဆိုတဲ့ စကားမှာ ကျွန်မ မစိတ်မဆိုးနိုင်ပဲ ခွင့်လွှတ်ခဲ့ရတာလဲ အခါခါပါ ။

သူက ဆိုးတယ် မချစ်ပါနဲ့လို့ အတန်တန်တားတဲ့ ကြားကမှ မောင် နဲ့ကျွန်မ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့အခါ ကျွန်မ အပေါင်းအသင်းတွေကြားမှာ ကျွန်မဟာ စိတ်ဆိုးချင်စရာပါ ။ ဂရုမစိုက်ပါဘူး မောင်ရှိနေမယ်ဆိုရင် ကျွန်မ အတွက် ဖြစ်ပါတယ် ဆိုတဲ့သတ္တိတွေ အဲ့ဒီအချိန်တုန်းက ဘယ်လို ဘယ်နည်း ရခဲ့မှန်းမသိခဲ့ဘူး

ဆိုးမှန်းသိရဲ့နဲ့ အဲ့ဒီတဇွတ်ထိုးဆန်တာတွေကြောင့်ပဲ ကျွန်မ စိတ်ပူပေးရင်း ပိုချစ်မိသွားခဲ့တယ်ထင်တယ် ။ တစ်ခါတစ်လေ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ အများကြီး ပြောဖြစ်သလောက် တစ်ခါတစ်လေ မောင်က ကျွန်မကို ပစ်ထားတတ်သေးတယ် ။ အပေါင်းအသင်းမက်တတ်တဲ့ အကျင့်ကလဲ မောင့်ရဲ့ အကျင့်တစ်ခုပါပဲ ။

ဘယ်လို ဆိုးဆိုးပါ ကျွန်မ ဘက်က သည်းခံနိုင်ခဲ့မိတယ် ။ ဒါပေမယ့် မောင် နဲ့ ကျွန်မ ဇာတ်လမ်းအပြီးတိုင် ဖျက်ပစ်မယ် ခပ်ငယ်ငယ် ခပ်ချောချော ကောင်မလေး မ၀င်လာခင်အထိပေါ့ ။ အရင်က ရှုပ်တတ် ပွေတတ်မှန်းသိခဲ့ပေမယ့် ကျွန်မ ရှိပြီးနောက်မှာ မောင် မလုပ်လောက်တော့ပါဘူးဆိုတဲ့ အတွေးတွေ ရေစုံမျောခဲ့ရတဲ့ နေပေါ့ ။

မ … ကျွန်တော် သိပ်ချစ်ရတဲ့ ကောင်မလေး တွေ့နေပြီတဲ့ … သူမို့ ပြောထွက်ရက်တယ် ။ အရင်ကတည်းကနေ သူ့ဘက်သူပဲ ကြည့်တတ်ခဲ့တာပဲ နောက်ဆုံးအချိန်ထိ ကိုယ့်ကို စကားလေးတစ်ခွန်းနဲ့ နာကျင်စေခဲ့ပြန်တယ် ။ အင်းလေ လို့ပြောပြီး လက်လွှတ်ပေးလိုက်ရုံကလွဲလို့ ကျွန်မ မောင့်ကို ဆွဲထားဖို့အားတွေ မရှိခဲ့ဘူး မောင်ပျော်မယ်လို့ထင်ခဲ့တာပဲ ပျော်လဲ ပျော်စေချင်ပါတယ်

မောင် နဲ့ ကျွန်မ ဘ၀တွေ အဆုံးထိ လက်တွဲသွားချင်ခဲ့တာ ဒါပေမယ့် အိပ်မက်တွေ မဆုံးခင်မှာပဲ ကျွန်မ ကျန်ခဲ့ရတယ် ။ ဒါပေမယ့် မောင့်ကို မုန်းလား မေးခဲ့မယ်ဆိုရင်တော့ ဒီနေ့ထိ ကျွန်မ မမုန်းနိုင်ခဲ့သေးဘူး ။ ဒါဟာ ချစ်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်လဲ မသက်ရောက်ပါဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေမာင္ နဲ႔ ကြၽန္မ …
ကြၽန္မခ်စ္ရတဲ့ ေမာင့္အေၾကာင္းမေျပာခင္ … ကြၽန္မ အေၾကာင္းအရင္ဆုံးေျပာရေအာင္ ။ အရင္တုန္းက ကြၽန္မဆိုတာ အခ်စ္နဲ႔ ပတ္သက္ၿပီး သည္းသည္းလႈပ္ျဖစ္တာ ရွားတယ္ ။ ကိုယ္စဥ္းစားျဖစ္ခဲ့မယ္ဆိုရင္ေတာင္ ကိုယ့္ထက္ အသက္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္ကိုေတာ့ ဘယ္ေတာ့မွ မေ႐ြးဘူးလို႔ ေတြးထားတဲ့ မိန္းကေလးတစ္ေယာက္ေပါ့ ။

ေမာင္ …တဲ့ ဒါက ကိုယ္တစ္ဦးတည္း ေခၚတဲ့ အမည္နာမေလးပါ ။ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ တစ္ခါတစ္ေလ ရင့္က်က္သေလာက္ တစ္ခါတစ္ေလက်ေတာ့ အငယ္ဆိုတဲ့ စိတ္နဲ႔ ဆိုးတတ္တဲ့ ေကာင္ေလးတစ္ေယာက္ေပါ့ ။ ျပႆနာျဖစ္တဲ့အခါတိုင္း ေဒါသေတြ ေပါက္ကြဲျပတတ္တယ္ ။ ဒီလို ခပ္ဆိုးဆိုးေကာင္ေလးကို ခ်စ္မိသြားလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိတာ အမွန္ပါ ။

စကားလုံး အလွေတြဟာ ကြၽန္မ ေႂကြခဲ့ရတဲ့ အရာေတြထဲက တစ္ခုေပါ့ ။ ကိုယ္မႀကိဳက္တာ တစ္ခုခုလုပ္ထားမိတဲ့အခါတိုင္းမွာ သူ႔အေျပာေလးေတြက ပိုၿပီးခ်ိဳသာတယ္ ။ မကလဲ… ဒီတစ္ခါေတာ့ ခြင့္လႊတ္ပါဆိုတဲ့ စကားမွာ ကြၽန္မ မစိတ္မဆိုးႏိုင္ပဲ ခြင့္လႊတ္ခဲ့ရတာလဲ အခါခါပါ ။

သူက ဆိုးတယ္ မခ်စ္ပါနဲ႔လို႔ အတန္တန္တားတဲ့ ၾကားကမွ ေမာင္ နဲ႔ကြၽန္မ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတဲ့အခါ ကြၽန္မ အေပါင္းအသင္းေတြၾကားမွာ ကြၽန္မဟာ စိတ္ဆိုးခ်င္စရာပါ ။ ဂ႐ုမစိုက္ပါဘူး ေမာင္ရွိေနမယ္ဆိုရင္ ကြၽန္မ အတြက္ ျဖစ္ပါတယ္ ဆိုတဲ့သတၱိေတြ အဲ့ဒီအခ်ိန္တုန္းက ဘယ္လို ဘယ္နည္း ရခဲ့မွန္းမသိခဲ့ဘူး

ဆိုးမွန္းသိရဲ႕နဲ႔ အဲ့ဒီတဇြတ္ထိုးဆန္တာေတြေၾကာင့္ပဲ ကြၽန္မ စိတ္ပူေပးရင္း ပိုခ်စ္မိသြားခဲ့တယ္ထင္တယ္ ။ တစ္ခါတစ္ေလ တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေတြ အမ်ားႀကီး ေျပာျဖစ္သေလာက္ တစ္ခါတစ္ေလ ေမာင္က ကြၽန္မကို ပစ္ထားတတ္ေသးတယ္ ။ အေပါင္းအသင္းမက္တတ္တဲ့ အက်င့္ကလဲ ေမာင့္ရဲ႕ အက်င့္တစ္ခုပါပဲ ။

ဘယ္လို ဆိုးဆိုးပါ ကြၽန္မ ဘက္က သည္းခံႏိုင္ခဲ့မိတယ္ ။ ဒါေပမယ့္ ေမာင္ နဲ႔ ကြၽန္မ ဇာတ္လမ္းအၿပီးတိုင္ ဖ်က္ပစ္မယ္ ခပ္ငယ္ငယ္ ခပ္ေခ်ာေခ်ာ ေကာင္မေလး မ၀င္လာခင္အထိေပါ့ ။ အရင္က ရႈပ္တတ္ ေပြတတ္မွန္းသိခဲ့ေပမယ့္ ကြၽန္မ ရွိၿပီးေနာက္မွာ ေမာင္ မလုပ္ေလာက္ေတာ့ပါဘူးဆိုတဲ့ အေတြးေတြ ေရစုံေမ်ာခဲ့ရတဲ့ ေနေပါ့ ။

မ … ကြၽန္ေတာ္ သိပ္ခ်စ္ရတဲ့ ေကာင္မေလး ေတြ႕ေနၿပီတဲ့ … သူမို႔ ေျပာထြက္ရက္တယ္ ။ အရင္ကတည္းကေန သူ႔ဘက္သူပဲ ၾကည့္တတ္ခဲ့တာပဲ ေနာက္ဆုံးအခ်ိန္ထိ ကိုယ့္ကို စကားေလးတစ္ခြန္းနဲ႔ နာက်င္ေစခဲ့ျပန္တယ္ ။ အင္းေလ လို႔ေျပာၿပီး လက္လႊတ္ေပးလိုက္႐ုံကလြဲလို႔ ကြၽန္မ ေမာင့္ကို ဆြဲထားဖို႔အားေတြ မရွိခဲ့ဘူး ေမာင္ေပ်ာ္မယ္လို႔ထင္ခဲ့တာပဲ ေပ်ာ္လဲ ေပ်ာ္ေစခ်င္ပါတယ္

ေမာင္ နဲ႔ ကြၽန္မ ဘ၀ေတြ အဆုံးထိ လက္တြဲသြားခ်င္ခဲ့တာ ဒါေပမယ့္ အိပ္မက္ေတြ မဆုံးခင္မွာပဲ ကြၽန္မ က်န္ခဲ့ရတယ္ ။ ဒါေပမယ့္ ေမာင့္ကို မုန္းလား ေမးခဲ့မယ္ဆိုရင္ေတာ့ ဒီေန႔ထိ ကြၽန္မ မမုန္းႏိုင္ခဲ့ေသးဘူး ။ ဒါဟာ ခ်စ္ေနေသးတယ္ဆိုတဲ့ အဓိပၸါယ္လဲ မသက္ေရာက္ပါဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း