မေ နဲ့ မောင် ရဲ့ ဇာတ်လမ်းတွေ အစ

မေ နဲ့ မောင် …
မေ တဲ့ … မခမ်းနား မဆန်းပြားပေမယ့် သူခေါ်တဲ့အချိန်တိုင်းတော့ ရင်ဘတ်တစ်ခုလုံးနွေးတယ် ။ ကျွန်မကတော့ သူ့ကို မောင်ဆိုတဲ့ နာမ်စားလေးသုံးပြီး အမြတ်နိုးဆုံး ချစ်တယ် ။ ဒါက မေ နဲ့ မောင် ရဲ့ ဇာတ်လမ်းတွေ အစပေါ့ ။

မိန်းကလေးဆိုပေမယ့် မိန်းကလေးမဆန်တတ်တဲ့ကျွန်မ မေ ဆိုတဲ့ သူ့နှုတ်ခမ်းလေးက အသံလေးကို တဖြေးဖြေး နှစ်ခြိုက်တတ်လာခဲ့သလို … မောင်လို့ ဘယ်တော့မှ မခေါ်ဖြစ်လောက်ပါဘူးလို့တွေးခဲ့ဖူးတဲ့ကျွန်မကတော့ … မောင်လို့ နှစ်နှစ်ခြိုက်ခြိုက် ခေါ်နေမိပြန်တယ် ။

မောင်က ကျွန်မထက် သုံးနှစ်ငယ်တယ် ။ ဒါပေမယ့် ကိုယ့်ထက် ပိုပြီး ရင့်ကျက်သလို တစ်ခါတစ်လေကျတော့ အေးစက်တယ် ။ စိတ်မထင်ရင် မထင်သလို ဆိုးတတ်တာလေးက လွဲလို့ မောင့်မှာ အပြစ်လို့ထင်စရာ ကျွန်မ မတွေ့ခဲ့မိဘူး ။ ချစ်မိလို့ပဲ ထင်ပါတယ် ။

အချစ်နဲ့ ထိတွေ့တဲ့အခါ … လူတိုင်းဟာ ကဗျာဆန်သွားတတ်တယ် တဲ့ တကယ်မှန်နေပြီထင်ပါတယ် ။ တစ်ဖက်မှာလဲ ချစ်မိတဲ့ မျက်လုံးတွေက တဖြေးဖြေး ကန်းလာခဲ့တယ် ။ မေလို့ ခေါ်တဲ့အခါ ကြည်နူးခဲ့သလောက် မောင်ပစ်ထားတဲ့အခါ မျက်ရည်စက်လက် ငိုတတ်ခဲ့တယ် ။

မေကလဲ ကလေးဆန်လိုက်တာ တဲ့ … တစ်ခါတစ်လေကျတော့ ကိုယ်ချစ်တဲ့လူအပေါ် ဆိုးချင်ရုံပါ ။ ဒါပေမယ့် အဲ့ဒီအခွင့်အရေးတွေ ကျွန်မ မရခဲ့ဘူး ။ မောင် ဆေးလိပ်တွေသောက်တတ်သလို အပေါင်းအသင်းလဲ မက်တယ် ။ မထင်ရင်မထင်သလို ပစ်ထားတတ်သလို တချို့ရက်တွေမှာ ကျွန်မကို ငိုစေတယ် ။

၁နှစ်နဲ့ ခြောက်လဆိုတဲ့ အချိန်အတွင်း ချစ်နေကြတယ်ဆိုတာတွေရှိသလို ပြောင်းလဲလာခဲ့တာတွေလဲ အများကြီးပါပဲ အရင်က သိပ်ကို ချစ်တတ်တဲ့ မောင်က ကျွန်မအပေါ် တဖြေးဖြေး အနိုင်ယူချင်လာခဲ့ပြီး ဂရုစိုက်တတ်လွန်းတဲ့ မောင်က ထစ်ကနဲဆို ပစ်ထားတတ်လာပြီ ဖုန်းတွေ ဆက်တတ်တဲ့ မောင်က ကျွန်မဆက်တဲ့ ဖုန်းတွေကို ချတတ်လာပြီ ။

ပြောင်းလဲခြင်းတွေကြားမှာ နေသားကျဖို့နေနေသာ … တဖြေးဖြေး ပိုပြီး ငိုကြွေးတတ်လာခဲ့တာကတော့ ကျွန်မပေါ့ ။ ကံတရားကို လာဘ်ထိုးလို့ရခဲ့မယ်ဆိုရင်တော့ မေ နဲ့ မောင် ရဲ့ဇာတ်လမ်းတွေကို မျက်ရည်တွေနဲ့မဆုံးချင်ဘူး ။ သေတဖန်သက်တစ်ဆုံး ဆိုတဲ့ .. ဆုတွေနဲ့ပဲ ဆုံးချင်တယ် ။ ဒါပါပဲ မောင် … မေကတော့ ပစ်ထားလဲ ဆက်ချစ်နေမိတာပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေမ နဲ႔ ေမာင္ …
ေမ တဲ့ … မခမ္းနား မဆန္းျပားေပမယ့္ သူေခၚတဲ့အခ်ိန္တိုင္းေတာ့ ရင္ဘတ္တစ္ခုလုံးေႏြးတယ္ ။ ကြၽန္မကေတာ့ သူ႔ကို ေမာင္ဆိုတဲ့ နာမ္စားေလးသုံးၿပီး အျမတ္ႏိုးဆုံး ခ်စ္တယ္ ။ ဒါက ေမ နဲ႔ ေမာင္ ရဲ႕ ဇာတ္လမ္းေတြ အစေပါ့ ။

မိန္းကေလးဆိုေပမယ့္ မိန္းကေလးမဆန္တတ္တဲ့ကြၽန္မ ေမ ဆိုတဲ့ သူ႔ႏႈတ္ခမ္းေလးက အသံေလးကို တေျဖးေျဖး ႏွစ္ၿခိဳက္တတ္လာခဲ့သလို … ေမာင္လို႔ ဘယ္ေတာ့မွ မေခၚျဖစ္ေလာက္ပါဘူးလို႔ေတြးခဲ့ဖူးတဲ့ကြၽန္မကေတာ့ … ေမာင္လို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေခၚေနမိျပန္တယ္ ။

ေမာင္က ကြၽန္မထက္ သုံးႏွစ္ငယ္တယ္ ။ ဒါေပမယ့္ ကိုယ့္ထက္ ပိုၿပီး ရင့္က်က္သလို တစ္ခါတစ္ေလက်ေတာ့ ေအးစက္တယ္ ။ စိတ္မထင္ရင္ မထင္သလို ဆိုးတတ္တာေလးက လြဲလို႔ ေမာင့္မွာ အျပစ္လို႔ထင္စရာ ကြၽန္မ မေတြ႕ခဲ့မိဘူး ။ ခ်စ္မိလို႔ပဲ ထင္ပါတယ္ ။

အခ်စ္နဲ႔ ထိေတြ႕တဲ့အခါ … လူတိုင္းဟာ ကဗ်ာဆန္သြားတတ္တယ္ တဲ့ တကယ္မွန္ေနၿပီထင္ပါတယ္ ။ တစ္ဖက္မွာလဲ ခ်စ္မိတဲ့ မ်က္လုံးေတြက တေျဖးေျဖး ကန္းလာခဲ့တယ္ ။ ေမလို႔ ေခၚတဲ့အခါ ၾကည္ႏူးခဲ့သေလာက္ ေမာင္ပစ္ထားတဲ့အခါ မ်က္ရည္စက္လက္ ငိုတတ္ခဲ့တယ္ ။

ေမကလဲ ကေလးဆန္လိုက္တာ တဲ့ … တစ္ခါတစ္ေလက်ေတာ့ ကိုယ္ခ်စ္တဲ့လူအေပၚ ဆိုးခ်င္႐ုံပါ ။ ဒါေပမယ့္ အဲ့ဒီအခြင့္အေရးေတြ ကြၽန္မ မရခဲ့ဘူး ။ ေမာင္ ေဆးလိပ္ေတြေသာက္တတ္သလို အေပါင္းအသင္းလဲ မက္တယ္ ။ မထင္ရင္မထင္သလို ပစ္ထားတတ္သလို တခ်ိဳ႕ရက္ေတြမွာ ကြၽန္မကို ငိုေစတယ္ ။

၁ႏွစ္နဲ႔ ေျခာက္လဆိုတဲ့ အခ်ိန္အတြင္း ခ်စ္ေနၾကတယ္ဆိုတာေတြရွိသလို ေျပာင္းလဲလာခဲ့တာေတြလဲ အမ်ားႀကီးပါပဲ အရင္က သိပ္ကို ခ်စ္တတ္တဲ့ ေမာင္က ကြၽန္မအေပၚ တေျဖးေျဖး အႏိုင္ယူခ်င္လာခဲ့ၿပီး ဂ႐ုစိုက္တတ္လြန္းတဲ့ ေမာင္က ထစ္ကနဲဆို ပစ္ထားတတ္လာၿပီ ဖုန္းေတြ ဆက္တတ္တဲ့ ေမာင္က ကြၽန္မဆက္တဲ့ ဖုန္းေတြကို ခ်တတ္လာၿပီ ။

ေျပာင္းလဲျခင္းေတြၾကားမွာ ေနသားက်ဖို႔ေနေနသာ … တေျဖးေျဖး ပိုၿပီး ငိုေႂကြးတတ္လာခဲ့တာကေတာ့ ကြၽန္မေပါ့ ။ ကံတရားကို လာဘ္ထိုးလို႔ရခဲ့မယ္ဆိုရင္ေတာ့ ေမ နဲ႔ ေမာင္ ရဲ႕ဇာတ္လမ္းေတြကို မ်က္ရည္ေတြနဲ႔မဆုံးခ်င္ဘူး ။ ေသတဖန္သက္တစ္ဆုံး ဆိုတဲ့ .. ဆုေတြနဲ႔ပဲ ဆုံးခ်င္တယ္ ။ ဒါပါပဲ ေမာင္ … ေမကေတာ့ ပစ္ထားလဲ ဆက္ခ်စ္ေနမိတာပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း