ရှင်သန်နေချိန်မှာ လိပ်ပြာလုံချင်တယ်

ရှင်သန်နေချိန်မှာ အနည်းဆုံးတော့ လိပ်ပြာလုံချင်တယ် အဲ့တာကြောင့် ဘယ်သူ့အပေါ်မှာမှ မယုတ်မာဘူး

စိတ်ထားကောင်းကောင်းထားတယ် မတန်တဲ့လူက အချိန်တန်ရင် ထွက်သွားကြမှာပဲ အဓိကက ကိုယ့်ဘက်က မေတ္တာမပျက်ဖို့ပဲ လိုတာပါ ကိုယ့်စကားတစ်ခွန်းကြောင့် သူတစ်ပါးကို မထိခိုက်စေဘူး ကိုယ့်လမ်းကိုယ်ပဲ လျှောက်တယ် အမြင့်ရောက်ဖို့ တစ်ခုတည်းအတွက် တစ်ခြားသူတွေရဲ့ဘ၀ကို နင်းမသွားတတ်ဘူး

ဘ၀မှာ ကိုယ့်သမိုင်းကိုယ် ရေးနေကြတဲ့လူတွေချည်းပါပဲ မသေခင်ကတည်းက နာမည်သေနေတာမျိုး နာမည်ပျက်နေတာမျိုး မဖြစ်ချင်ဘူးအချိန်တန်လို့ လက်ပြနှုတ်ဆက်ကြရတယ်ဆိုရင်တောင် ကိုယ့်ဘက်က လိပ်ပြာသန့်သန့်နဲ့ပဲ ကျန်ခဲ့ချင်တယ် နောင်တတွေလဲ မလိုချင်ဘူး လွမ်းဆွတ်နေရတာတွေကောပဲ တစ်နေ့တစ်ချိန် ပြန်ပြီးဆုံခဲ့ရင်တောင် ကိုယ်ဘက်က အလှဆုံးပြန်ပြုံးပြနိုင်တဲ့အထိ လိပ်ပြာလုံချင်တယ်

တစ်ဘ၀စံရမှာထက် နောက်ထပ်ဘ၀တွေများစွာခံရမှာကို ကြိုပြီး တွေးကြောက်ပါတယ် ကိုယ်စားတဲ့ ဟင်းတွေ ကောင်းချင်မှ ကောင်းမယ် အသားဟင်းတစ်ခွက်ပါဖို့ မလိုဘူး သူတစ်ပါးမျက်ရည်စက်တွေ မပါတဲ့ ထမင်းဝိုင်းက အလိုလို အာဟာရ ဖြစ်ပါတယ် အိပ်မက်လှလှမက်ဖို့အတွက်လဲ အိပ်ယာ​အကောင်းစားကြီးမလိုပါဘူး စိတ်သန့်သန့်နဲ့ အိပ်ရင် ဖျာပေါ်ပဲဖြစ်ဖြစ် ကြမ်းခင်းပေါ်ပဲဖြစ်ဖြစ် အိပ်မက်လှလှမက်ပါတယ်

လောဘ ရှိတယ် ဒါပေမယ့် အစွန်းမရောက်စေရဘူးဒေါသရှိတယ် အနောက်မှာ နောင်တတွေ မရှိစေရဘူး လောက . . . ကံဇာတ်ဆရာအလိုကျ ကပြနေရပေမယ့် ကိုယ့်သမိုင်းကိုယ်လှဖို့တော့ ကိုယ်နဲ့ပဲ ဆိုင်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ရွင္သန္ေနခ်ိန္မွာ အနည္းဆုံးေတာ့ လိပ္ျပာလုံခ်င္တယ္ အဲ့တာေၾကာင့္ ဘယ္သူ႔အေပၚမွာမွ မယုတ္မာဘူး

စိတ္ထားေကာင္းေကာင္းထားတယ္ မတန္တဲ့လူက အခ်ိန္တန္ရင္ ထြက္သြားၾကမွာပဲ အဓိကက ကိုယ့္ဘက္က ေမတၱာမပ်က္ဖို႔ပဲ လိုတာပါ ကိုယ့္စကားတစ္ခြန္းေၾကာင့္ သူတစ္ပါးကို မထိခိုက္ေစဘူး ကိုယ့္လမ္းကိုယ္ပဲ ေလွ်ာက္တယ္ အျမင့္ေရာက္ဖို႔ တစ္ခုတည္းအတြက္ တစ္ျခားသူေတြရဲ႕ဘ၀ကို နင္းမသြားတတ္ဘူး

ဘ၀မွာ ကိုယ့္သမိုင္းကိုယ္ ေရးေနၾကတဲ့လူေတြခ်ည္းပါပဲ မေသခင္ကတည္းက နာမည္ေသေနတာမ်ိဳး နာမည္ပ်က္ေနတာမ်ိဳး မျဖစ္ခ်င္ဘူးအခ်ိန္တန္လို႔ လက္ျပႏႈတ္ဆက္ၾကရတယ္ဆိုရင္ေတာင္ ကိုယ့္ဘက္က လိပ္ျပာသန္႔သန္႔နဲ႔ပဲ က်န္ခဲ့ခ်င္တယ္ ေနာင္တေတြလဲ မလိုခ်င္ဘူး လြမ္းဆြတ္ေနရတာေတြေကာပဲ တစ္ေန႔တစ္ခ်ိန္ ျပန္ၿပီးဆုံခဲ့ရင္ေတာင္ ကိုယ္ဘက္က အလွဆုံးျပန္ၿပဳံးျပႏိုင္တဲ့အထိ လိပ္ျပာလုံခ်င္တယ္

တစ္ဘ၀စံရမွာထက္ ေနာက္ထပ္ဘ၀ေတြမ်ားစြာခံရမွာကို ႀကိဳၿပီး ေတြးေၾကာက္ပါတယ္ ကိုယ္စားတဲ့ ဟင္းေတြ ေကာင္းခ်င္မွ ေကာင္းမယ္ အသားဟင္းတစ္ခြက္ပါဖို႔ မလိုဘူး သူတစ္ပါးမ်က္ရည္စက္ေတြ မပါတဲ့ ထမင္းဝိုင္းက အလိုလို အာဟာရ ျဖစ္ပါတယ္ အိပ္မက္လွလွမက္ဖို႔အတြက္လဲ အိပ္ယာ​အေကာင္းစားႀကီးမလိုပါဘူး စိတ္သန္႔သန္႔နဲ႔ အိပ္ရင္ ဖ်ာေပၚပဲျဖစ္ျဖစ္ ၾကမ္းခင္းေပၚပဲျဖစ္ျဖစ္ အိပ္မက္လွလွမက္ပါတယ္

ေလာဘ ရွိတယ္ ဒါေပမယ့္ အစြန္းမေရာက္ေစရဘူးေဒါသရွိတယ္ အေနာက္မွာ ေနာင္တေတြ မရွိေစရဘူး ေလာက . . . ကံဇာတ္ဆရာအလိုက် ကျပေနရေပမယ့္ ကိုယ့္သမိုင္းကိုယ္လွဖို႔ေတာ့ ကိုယ္နဲ႔ပဲ ဆိုင္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း