အရင်းနှီးဆုံးသူစိမ်းမှသည် … သာမန်ထက်ပိုစိမ်းသော သူစိမ်းသို့ …

အရင်းနှီးဆုံးသူစိမ်းမှသည် … သာမန်ထက်ပိုစိမ်းသော သူစိမ်းသို့ …

သွေးမတော် သားမစပ်တဲ့လူနှစ်ယောက် … အချစ်ဆိုခေါင်းစဥ်အောက်မှာ … အရင်းနှီးဆုံးသူစိမ်းတွေ ဖြစ်ခဲ့ဖူးတယ် ။ သိပ်ချစ်ခဲ့တုန်းက ပျော်ခဲ့ရဖူးသလို ငိုခဲ့ရဖူးတယ် ။ ကြည်နူးခဲ့ရသလို စိတ်တွေ ပူပေးခဲ့ဖူးတယ် ။

ရေစက်ဆိုတာ ခဏဖြုတ်ပဲ ဆုံခဲ့မယ်မှန်းတကယ်မသိခဲ့ဘူး ချစ်နိုင်သမျှ ချစ်ခဲ့မိသလို မဝေးလောက်ပါဘူးဆိုတဲ့အတွေးတွေလဲ ရှိခဲ့ဖူးတယ် ။ အဲ့ဒီအချိန်တုန်းက ကိုယ်ဟာ သူ့အတွက် အရင်းနှီးဆုံးလေး သူစိမ်းပါတဲ့ …

လူနှစ်ယောက် ချစ်ပြီးလို့ ဝေးသွားကြတဲ့အခါကျရင်တော့ အဲ့ဒီအရင်းနှီးဆုံး သူစိမ်းဆိုတဲ့ ဂုဒ်ပုဒ်လေးဟာ ဘယ်တော့မှ မဆုံတော့တဲ့ သူစိမ်းတွေအဖြစ်ပြောင်းသွားတတ်ကြတယ် ။ တစ်သက်လုံး ချစ်နေချင်တဲ့အခါ … ၁၅၀၀ ဆိုတဲ့ စည်းထိ မရောက်နဲ့ ၅၂၈ မှာပဲရပ်နေလိုက်ပါ ။

ိနှစ်ရှည်လများ ခင်မင်မှုတွေက စတဲ့အချစ်တွေလဲ ပြတ်တောက်သွားတဲ့အခါ ကြားထဲက မိတ်ဆွေ သူငယ်ချင်းဆိုတဲ့ သံယောဇဥ်တွေလဲ အဆစ်ပါသွားတတ်တယ် ။ တစ်သက်လုံး အနားရှိချင်တဲ့အခါ သူငယ်ချင်းဆိုတဲ့ စည်းကို မဖောက်နဲ့ ။ အရင်းနှီးဆုံး သူစိမ်းမှသည် ဘယ်တော့မှ မဆုံမတွေ့တော့တဲ့ သူစိမ်းတွေ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အရင္းႏွီးဆုံးသူစိမ္းမွသည္ … သာမန္ထက္ပိုစိမ္းေသာ သူစိမ္းသို႔ …

ေသြးမေတာ္ သားမစပ္တဲ့လူႏွစ္ေယာက္ … အခ်စ္ဆိုေခါင္းစဥ္ေအာက္မွာ … အရင္းႏွီးဆုံးသူစိမ္းေတြ ျဖစ္ခဲ့ဖူးတယ္ ။ သိပ္ခ်စ္ခဲ့တုန္းက ေပ်ာ္ခဲ့ရဖူးသလို ငိုခဲ့ရဖူးတယ္ ။ ၾကည္ႏူးခဲ့ရသလို စိတ္ေတြ ပူေပးခဲ့ဖူးတယ္ ။

ေရစက္ဆိုတာ ခဏျဖဳတ္ပဲ ဆုံခဲ့မယ္မွန္းတကယ္မသိခဲ့ဘူး ခ်စ္ႏိုင္သမွ် ခ်စ္ခဲ့မိသလို မေဝးေလာက္ပါဘူးဆိုတဲ့အေတြးေတြလဲ ရွိခဲ့ဖူးတယ္ ။ အဲ့ဒီအခ်ိန္တုန္းက ကိုယ္ဟာ သူ႔အတြက္ အရင္းႏွီးဆုံးေလး သူစိမ္းပါတဲ့ …

လူႏွစ္ေယာက္ ခ်စ္ၿပီးလို႔ ေဝးသြားၾကတဲ့အခါက်ရင္ေတာ့ အဲ့ဒီအရင္းႏွီးဆုံး သူစိမ္းဆိုတဲ့ ဂုဒ္ပုဒ္ေလးဟာ ဘယ္ေတာ့မွ မဆုံေတာ့တဲ့ သူစိမ္းေတြအျဖစ္ေျပာင္းသြားတတ္ၾကတယ္ ။ တစ္သက္လုံး ခ်စ္ေနခ်င္တဲ့အခါ … ၁၅၀၀ ဆိုတဲ့ စည္းထိ မေရာက္နဲ႔ ၅၂၈ မွာပဲရပ္ေနလိုက္ပါ ။

ိႏွစ္ရွည္လမ်ား ခင္မင္မႈေတြက စတဲ့အခ်စ္ေတြလဲ ျပတ္ေတာက္သြားတဲ့အခါ ၾကားထဲက မိတ္ေဆြ သူငယ္ခ်င္းဆိုတဲ့ သံေယာဇဥ္ေတြလဲ အဆစ္ပါသြားတတ္တယ္ ။ တစ္သက္လုံး အနားရွိခ်င္တဲ့အခါ သူငယ္ခ်င္းဆိုတဲ့ စည္းကို မေဖာက္နဲ႔ ။ အရင္းႏွီးဆုံး သူစိမ္းမွသည္ ဘယ္ေတာ့မွ မဆုံမေတြ႕ေတာ့တဲ့ သူစိမ္းေတြ ဘယ္သူ႔ကိုမွ မျဖစ္ေစခ်င္ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း