နားလည်ဖို့ကြိုးစားရင်းနဲ့ နားလည်မပေးနိုင်တော့တဲ့အရာတွေ ရှိတယ်

နားလည်ဖို့ကြိုးစားရင်းနဲ့ နားလည်မပေးနိုင်တော့တဲ့အရာတွေ ရှိတယ် ။

လူတစ်ယောက်ကို တစ်ကယ်ချစ်ရင် ချစ်နေရုံနဲ့ မပြီးသေးဘူးတဲ့ အချစ်ဆိုတာတွေရဲ့အနောက်မှာ နားလည်မှုလေးရှိဖို့လိုတယ်လို့ ပြောကြတယ် ။ တကယ်တမ်းလက်တွေ့မှာကျတော့ ကျွန်မ အကြိမ်ကြိမ် နားလည်ဖို့ ကြိုးစားခဲ့ပြီးပြီ … ဒါပေမယ့် နောက်ထပ်ဘယ်လို နားလည်ပေးရမယ်မှန်း မသိတော့ဘူး ။

ခဏပါပဲ ဆိုတဲ့စကားနောက်မှာ အကြောင်းပြချက်မပေးပဲပစ်ထားတတ်တဲ့သူကို မအားလို့နေမှာပါဆိုပြီး ဖြည့်တွေးပေးလိုက်လို့ရတယ် ဒါပေမယ့် နေ့စဥ်ရက်ဆက်များလာတဲ့အခါကျ သူ ငါ့ကို အလေးမထားပါလားဆိုတဲ့ အတွေးဟာ ဘယ်မိန်းကလေးမဆို ၀င်တာပါပဲ ။

နေရာတကာ မသိချင်ပါနဲ့ဆိုတဲ့ စည်းကို ကျွန်မနားလည်ပါတယ် နားလည်း နားလည်ပေးခဲ့ဖူးတယ် ။ ဒါပေမယ့် သူငယ်ချင်းဆိုတဲ့ကောင်းစဥ်အောက်မှာ သာမန်ထက်ပိုတဲ့ Conservationတွေကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်ပဲ မှားနေသလားဆိုတဲ့အတွေးတွေ ၀င်လာခဲ့တယ် ။

နားလည်မှု … လူတစ်ယောက်ကို နားလည်ပေးဖို့ လွယ်မယ်လို့ထင်ခဲ့တာပါ ။ ဒါပေမယ့် နားလည်ပေးဖို့ကြိုစားရင်းကနေ နားလည်မပေးနိုင်တော့တဲ့အထိ ဖြစ်ခဲ့ဖူးတယ် ။ မလွယ်ကူလှဘူး …

မိန်းမသားတို့အတွက်
သျှင်ယွန်း

နားလည္ဖို႔ႀကိဳးစားရင္းနဲ႔ နားလည္မေပးႏိုင္ေတာ့တဲ့အရာေတြ ရွိတယ္ ။

လူတစ္ေယာက္ကို တစ္ကယ္ခ်စ္ရင္ ခ်စ္ေန႐ုံနဲ႔ မၿပီးေသးဘူးတဲ့ အခ်စ္ဆိုတာေတြရဲ႕အေနာက္မွာ နားလည္မႈေလးရွိဖို႔လိုတယ္လို႔ ေျပာၾကတယ္ ။ တကယ္တမ္းလက္ေတြ႕မွာက်ေတာ့ ကြၽန္မ အႀကိမ္ႀကိမ္ နားလည္ဖို႔ ႀကိဳးစားခဲ့ၿပီးၿပီ … ဒါေပမယ့္ ေနာက္ထပ္ဘယ္လို နားလည္ေပးရမယ္မွန္း မသိေတာ့ဘူး ။

ခဏပါပဲ ဆိုတဲ့စကားေနာက္မွာ အေၾကာင္းျပခ်က္မေပးပဲပစ္ထားတတ္တဲ့သူကို မအားလို႔ေနမွာပါဆိုၿပီး ျဖည့္ေတြးေပးလိုက္လို႔ရတယ္ ဒါေပမယ့္ ေန႔စဥ္ရက္ဆက္မ်ားလာတဲ့အခါက် သူ ငါ့ကို အေလးမထားပါလားဆိုတဲ့ အေတြးဟာ ဘယ္မိန္းကေလးမဆို ၀င္တာပါပဲ ။

ေနရာတကာ မသိခ်င္ပါနဲ႔ဆိုတဲ့ စည္းကို ကြၽန္မနားလည္ပါတယ္ နားလည္း နားလည္ေပးခဲ့ဖူးတယ္ ။ ဒါေပမယ့္ သူငယ္ခ်င္းဆိုတဲ့ေကာင္းစဥ္ေအာက္မွာ သာမန္ထက္ပိုတဲ့ Conservationေတြကိုၾကည့္ရင္း ကိုယ့္ကိုယ္ကိုယ္ပဲ မွားေနသလားဆိုတဲ့အေတြးေတြ ၀င္လာခဲ့တယ္ ။

နားလည္မႈ … လူတစ္ေယာက္ကို နားလည္ေပးဖို႔ လြယ္မယ္လို႔ထင္ခဲ့တာပါ ။ ဒါေပမယ့္ နားလည္ေပးဖို႔ႀကိဳစားရင္းကေန နားလည္မေပးႏိုင္ေတာ့တဲ့အထိ ျဖစ္ခဲ့ဖူးတယ္ ။ မလြယ္ကူလွဘူး …

မိန္းမသားတို႔အတြက္
သွ်င္ယြန္း