နင့်နေအောင် ချစ်ဆဲပါပဲ

လွမ်းစရာတွေ့တဲ့အခါ နာစရာတွေနဲ့ မဖြေရက်ခဲ့ဘူး …

အရင်တုန်းကလို သူ ကိုယ့်ကို သိပ်ချစ်ခဲ့ဖူးတယ်ဆိုတာ အခုကျတော့ အတိတ်ပါပဲ …တချို့နေရာတွေတောင် ကွက်တိကွက်ကျားတွေဖြစ်နေပြီ ..သေသေချာချာမှတ်မိဖို့ဆိုတာထက် သူ ငါ့ကို တကယ်သိပ်ချစ်ဖူးပါလားဆိုတဲ့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်ကလွဲလို့ ဘာမှဆက်ပြီးရှိမလား ခု … ကိုယ့်အရှေ့မှာရှိနေတဲ့သူက ကိုယ့်ကိုသိပ်ချစ်ခဲ့ဖူးတဲ့သူနဲ့ လားလားမှ မဆိုင်ခဲ့တာလေ ။

ချစ်တဲ့စိတ်တွေရှိနေခဲ့တုန်းက … ကိုယ့်နှုတ်ခမ်းလေးစူတာလေးကအစ သူအရာရာမှာ ဂရုစိုက်ခဲ့တယ် … ခုချိန်မှာတော့ ကိုယ်သေရတော့မယ်ဆိုရင်တောင် သူက… ကျော်ခွသွားနိုင်မယ့်အထိ ပစ်လို့ထားနိုင်နေပါပြီ ။ အကောင်းမမြင်နိုင်တော့တဲ့အခါ ကိုယ်လုပ်သမျှအရာရာဟာ အပြစ်ပေါ့ ။ အရင်က … ချစ်တယ်လို့ တဖွဖွပြောတတ်တဲ့ နှုတ်ခမ်းဖျားက ခုတော့ ကိုယ့်နှလုံးသားကို နာကျင်စေတဲ့ စကားလုံးတွေပဲ ထွက်ကျလာတော့တယ် ။ ချစ်မိသူကိုး… ကိုယ်က အတည်ကြီးချစ်ခဲ့မိတာလေ … ဒါပေမယ့် ချစ်ကြောင်းတွေပြခဲ့မိတာ ပိုပြီးအနိုင်ယူခံရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့မှ မဟုတ်ခဲ့ပဲ ။ ဒါပေမယ့် တကယ်ချစ်တဲ့သူက တကယ်ရှုံးပါတယ် ။ လက်မလွှတ်နိုင်မှန်းသိလို့…ပိုပြီးတော့ ရုန်းတယ် ။ ထားမသွားပါနဲ့ဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောနေမိတဲ့အဖြစ်ဟာ သိပ်ရှက်စရာကောင်းမှန်းသိပေမယ့် ထွက်မသွားစေချင်ရုံ ဆန္ဒနဲ့ ဆက်ပြီးဆွဲနေမိတုန်းပဲ ။ တချိန်က …ဘာမှမဟုတ်ခဲ့တဲ့အရာတွေဟာ အခုတော့ ပြသနာပါ .. ကို်ယ်နာကျင်မှ ပျော်မယ့်သူကတော့ ခဏခဏထိုးဆွတယ် ကိုယ်ကျတဲ့မျက်ရည်တွေကတော့ သူ့အတ္တတွေကို အရောင်တင်ပေးတဲ့အရာပေါ့ ဒါကြောင့် ကျွန်မမှာ မျက်ရည်ကျရတယ် ။

ဘာကြောင့်များ…ပြောင်းလဲသွားနိုင်ရတာလဲဆိုတဲ့ မေးခွန်းတွေမေးရင်း… တစ်ယောက်တည်း ချောင်ပိတ်နေမိတဲ့ညတွေတိုင်းဟာ ခြောက်ခြားစရာပါ အတိတ်မှာ ပျော်ခဲ့ဖူးတယ်ဆိုတာကတော့ အမှတ်တရပေါ့ ဘယ်တော့မှ ပြန်မရတော့ဘူး ။ နောက်ဆုံးမှာ … ကိုယ်ရင်နာနာနဲ့ လက်ခံလိုက်ရတဲ့အဖြစ်ဟာ … သူ ကိုယ့်ကို မချစ်တော့လို့ ဆိုတာပါပဲ အရင်ကသိသိပါရဲ့နဲ့ ဆက်ပြီး မိုက်ချင်နေခဲ့တာလေ ခုတော့ မျက်ရည်တွေနဲ့ လက်ခံလိုက်ရတယ် ။ သူ ငါ့ကို မချစ်တော့ဘူး ။

ကိုယ့်အနားမှာ တကယ်မပျော်တော့မှန်းသိတဲ့အခါ ရင်နာနာနဲ့ လက်လွှတ်ဖို့ကို တွေးတယ် ။ ချစ်မှ မချစ်နိုင်တော့တာ …ဘယ်လောက်ပဲ ကိုယ့်ဘက်က ကောင်းနေပါစေ … အရာရာဟာ သူ့မျက်လုံးမှာ အပြစ်တွေချည်းပါပဲ… ဒီလိုနဲ့ လက်တွေ လွှတ်ခဲ့တယ် ။

လူနှစ်ယောက်မှာ …တစ်ယောက်တည်း ချစ်နေရုံနဲ့ ပြီးပြည့်စုံတာမျိုးမဟုတ်ဘူးလေ ။ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်ဆိုတဲ့ မျှခြေလေးရှိနေသင့်ခဲ့တာ ။ဒီသင်ခန်းစာဟာ .. သေလောက်အောင် နာကျင်ခဲ့ပြီးမှ ရခဲ့တဲ့အရာပါ ။ ကိုယ်ချစ်နေရုံ နဲ့ဖြစ်ပါတယ်လို့တွေးပေမယ့် သူတကယ်မချစ်မှန်းသိတဲ့နေ့ရက်တိုင်းဟာ ငရဲပါ …

ဘာကြောင့်လှည့်ထွက်ခဲ့လဲလို့မေးရင်…မုန်းသွားခဲ့တာလဲ မဟုတ်ခဲ့သလို … မချစ်တော့တာလဲ မဟုတ်ဘူး ဆက်ပြီး နာကျင်နေတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိတော့တာကလွဲရင် အခုချိန်ထိ နင့်နေအောင် ချစ်ဆဲပါပဲ ။ စိတ်ထဲရှိတဲ့အတိုင်း ၀န်ခံရရင် လွမ်းစရာရှိရင်တောင် နာစရာနဲ့မဖြေရက်လောက်အောင်ချစ်နေတုန်းပါပဲမောင်ရယ် …..

မိန်းမသားတို့အတွက်
သျှင်ယွန်း

လြမ္းစရာေတြ႕တဲ့အခါ နာစရာေတြနဲ႔ မေျဖရက္ခဲ့ဘူး …

အရင္တုန္းကလို သူ ကိုယ့္ကို သိပ္ခ်စ္ခဲ့ဖူးတယ္ဆိုတာ အခုက်ေတာ့ အတိတ္ပါပဲ …တခ်ိဳ႕ေနရာေတြေတာင္ ကြက္တိကြက္က်ားေတြျဖစ္ေနၿပီ ..ေသေသခ်ာခ်ာမွတ္မိဖို႔ဆိုတာထက္ သူ ငါ့ကို တကယ္သိပ္ခ်စ္ဖူးပါလားဆိုတဲ့ ဒ႑ာရီဆန္ဆန္ပုံျပင္ကလြဲလို႔ ဘာမွဆက္ၿပီးရွိမလား ခု … ကိုယ့္အေရွ႕မွာရွိေနတဲ့သူက ကိုယ့္ကိုသိပ္ခ်စ္ခဲ့ဖူးတဲ့သူနဲ႔ လားလားမွ မဆိုင္ခဲ့တာေလ ။

ခ်စ္တဲ့စိတ္ေတြရွိေနခဲ့တုန္းက … ကိုယ့္ႏႈတ္ခမ္းေလးစူတာေလးကအစ သူအရာရာမွာ ဂ႐ုစိုက္ခဲ့တယ္ … ခုခ်ိန္မွာေတာ့ ကိုယ္ေသရေတာ့မယ္ဆိုရင္ေတာင္ သူက… ေက်ာ္ခြသြားႏိုင္မယ့္အထိ ပစ္လို႔ထားႏိုင္ေနပါၿပီ ။ အေကာင္းမျမင္ႏိုင္ေတာ့တဲ့အခါ ကိုယ္လုပ္သမွ်အရာရာဟာ အျပစ္ေပါ့ ။ အရင္က … ခ်စ္တယ္လို႔ တဖြဖြေျပာတတ္တဲ့ ႏႈတ္ခမ္းဖ်ားက ခုေတာ့ ကိုယ့္ႏွလုံးသားကို နာက်င္ေစတဲ့ စကားလုံးေတြပဲ ထြက္က်လာေတာ့တယ္ ။ ခ်စ္မိသူကိုး… ကိုယ္က အတည္ႀကီးခ်စ္ခဲ့မိတာေလ … ဒါေပမယ့္ ခ်စ္ေၾကာင္းေတြျပခဲ့မိတာ ပိုၿပီးအႏိုင္ယူခံရဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔မွ မဟုတ္ခဲ့ပဲ ။ ဒါေပမယ့္ တကယ္ခ်စ္တဲ့သူက တကယ္ရႈံးပါတယ္ ။ လက္မလႊတ္ႏိုင္မွန္းသိလို႔…ပိုၿပီးေတာ့ ႐ုန္းတယ္ ။ ထားမသြားပါနဲ႔ဆိုတဲ့စကားကို အႀကိမ္ႀကိမ္ေျပာေနမိတဲ့အျဖစ္ဟာ သိပ္ရွက္စရာေကာင္းမွန္းသိေပမယ့္ ထြက္မသြားေစခ်င္႐ုံ ဆႏၵနဲ႔ ဆက္ၿပီးဆြဲေနမိတုန္းပဲ ။ တခ်ိန္က …ဘာမွမဟုတ္ခဲ့တဲ့အရာေတြဟာ အခုေတာ့ ျပသနာပါ .. ကို္ယ္နာက်င္မွ ေပ်ာ္မယ့္သူကေတာ့ ခဏခဏထိုးဆြတယ္ ကိုယ္က်တဲ့မ်က္ရည္ေတြကေတာ့ သူ႔အတၱေတြကို အေရာင္တင္ေပးတဲ့အရာေပါ့ ဒါေၾကာင့္ ကြၽန္မမွာ မ်က္ရည္က်ရတယ္ ။

ဘာေၾကာင့္မ်ား…ေျပာင္းလဲသြားႏိုင္ရတာလဲဆိုတဲ့ ေမးခြန္းေတြေမးရင္း… တစ္ေယာက္တည္း ေခ်ာင္ပိတ္ေနမိတဲ့ညေတြတိုင္းဟာ ေျခာက္ျခားစရာပါ အတိတ္မွာ ေပ်ာ္ခဲ့ဖူးတယ္ဆိုတာကေတာ့ အမွတ္တရေပါ့ ဘယ္ေတာ့မွ ျပန္မရေတာ့ဘူး ။ ေနာက္ဆုံးမွာ … ကိုယ္ရင္နာနာနဲ႔ လက္ခံလိုက္ရတဲ့အျဖစ္ဟာ … သူ ကိုယ့္ကို မခ်စ္ေတာ့လို႔ ဆိုတာပါပဲ အရင္ကသိသိပါရဲ႕နဲ႔ ဆက္ၿပီး မိုက္ခ်င္ေနခဲ့တာေလ ခုေတာ့ မ်က္ရည္ေတြနဲ႔ လက္ခံလိုက္ရတယ္ ။ သူ ငါ့ကို မခ်စ္ေတာ့ဘူး ။

ကိုယ့္အနားမွာ တကယ္မေပ်ာ္ေတာ့မွန္းသိတဲ့အခါ ရင္နာနာနဲ႔ လက္လႊတ္ဖို႔ကို ေတြးတယ္ ။ ခ်စ္မွ မခ်စ္ႏိုင္ေတာ့တာ …ဘယ္ေလာက္ပဲ ကိုယ့္ဘက္က ေကာင္းေနပါေစ … အရာရာဟာ သူ႔မ်က္လုံးမွာ အျပစ္ေတြခ်ည္းပါပဲ… ဒီလိုနဲ႔ လက္ေတြ လႊတ္ခဲ့တယ္ ။

လူႏွစ္ေယာက္မွာ …တစ္ေယာက္တည္း ခ်စ္ေန႐ုံနဲ႔ ၿပီးျပည့္စုံတာမ်ိဳးမဟုတ္ဘူးေလ ။ အနည္းဆုံးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ဆိုတဲ့ မွ်ေျခေလးရွိေနသင့္ခဲ့တာ ။ဒီသင္ခန္းစာဟာ .. ေသေလာက္ေအာင္ နာက်င္ခဲ့ၿပီးမွ ရခဲ့တဲ့အရာပါ ။ ကိုယ္ခ်စ္ေန႐ုံ နဲ႔ျဖစ္ပါတယ္လို႔ေတြးေပမယ့္ သူတကယ္မခ်စ္မွန္းသိတဲ့ေန႔ရက္တိုင္းဟာ ငရဲပါ …

ဘာေၾကာင့္လွည့္ထြက္ခဲ့လဲလို႔ေမးရင္…မုန္းသြားခဲ့တာလဲ မဟုတ္ခဲ့သလို … မခ်စ္ေတာ့တာလဲ မဟုတ္ဘူး ဆက္ၿပီး နာက်င္ေနတဲ့ ဒဏ္ကို ခံႏိုင္ရည္မရွိေတာ့တာကလြဲရင္ အခုခ်ိန္ထိ နင့္ေနေအာင္ ခ်စ္ဆဲပါပဲ ။ စိတ္ထဲရွိတဲ့အတိုင္း ၀န္ခံရရင္ လြမ္းစရာရွိရင္ေတာင္ နာစရာနဲ႔မေျဖရက္ေလာက္ေအာင္ခ်စ္ေနတုန္းပါပဲေမာင္ရယ္ …..

မိန္းမသားတို႔အတြက္
သွ်င္ယြန္း