ကိုယ့်ကို နားမလည်တဲ့သူကို နားလည်ပါဆိုပြီး ​မပြောဖြစ်တော့ရုံပါ

ကျွန်မ ဘာဖြစ်နေလဲ ဂရုမစိုက်တဲ့သူကိုကျွန်မ နာကျင်နေပါတယ်ဆိုပြီး ရင်ဖွင့်မပြတော့ဘူး ။ ရင်ဖွင့်ပြလို့လဲ စကားတွေပြောနေတဲ့ ကိုယ်ပဲ မောမှာပါ ဘာမှ ထပ်ပြီး ထူးလာမှာမဟုတ်ဘူးလေ ။ နာကျင်နေတဲ့ဒဏ်ရာ ဒီထပ်ပိုတိုးလာဖို့ပဲ ရှိတာပါ ။

ကျွန်မ ဘာလုပ်လုပ် အပြစ်မြင်တဲ့သူကို ကျွန်မ မှန်နေပါတယ်လို့ မပြောပြတော့ဘူး ။ ဖြေရှင်းနေလဲ မထူးဘူးလေ ။ အစက အမှန်မမြင်တဲ့သူက ကျွန်မ ဘာပဲလုပ်လုပ် အမှန်လို့ မထင်တော့ဘူး ။ ကျွန်မ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူ့အတွက်ဆို ကျွန်မ ထာ၀ရမှားနေမှာပါ ။

ကျွန်မဘာပြောပြော ဝေဒနာလို့ထင်နေတဲ့လူကို စေတနာတွေ ဖြစ်တဲ့အကြောင်း မရှင်းပြဖြစ်တော့ဘူး။ တချို့ နားတွေက သူတို့ ကြားချင်တဲ့အရာကိုပဲ ကွက်ပြီး ကြားတတ်တာလေ ။ ပိတ်ထားတဲ့ နားတွေကို အော်ပြောနေရုံနဲ့ ကြားလာမှာမဟုတ်ဘူး ။

မြိုသိပ်တတ်လာတာမျိုးတွေထက် … မပြောသင့်တော့ဘူးထင်လို့ မပြောပဲနေလိုက်တာပါ ဒီထက် ထူးမလာတဲ့အခြေအနေတွေအတွက် ဒီထက် ထူးပြီး မနာကျင်ချင်တော့တဲ့အခါ ပါးစပ်ပိတ်နေလိုက်တာ ကောင်းပါတယ် ။

ကိုယ့်ကို နားမလည်တဲ့သူကို နားလည်ပါဆိုပြီး ​မပြောဖြစ်တော့ရုံပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ဘာျဖစ္ေနလဲ ဂ႐ုမစိုက္တဲ့သူကိုကြၽန္မ နာက်င္ေနပါတယ္ဆိုၿပီး ရင္ဖြင့္မျပေတာ့ဘူး ။ ရင္ဖြင့္ျပလို႔လဲ စကားေတြေျပာေနတဲ့ ကိုယ္ပဲ ေမာမွာပါ ဘာမွ ထပ္ၿပီး ထူးလာမွာမဟုတ္ဘူးေလ ။ နာက်င္ေနတဲ့ဒဏ္ရာ ဒီထပ္ပိုတိုးလာဖို႔ပဲ ရွိတာပါ ။

ကြၽန္မ ဘာလုပ္လုပ္ အျပစ္ျမင္တဲ့သူကို ကြၽန္မ မွန္ေနပါတယ္လို႔ မေျပာျပေတာ့ဘူး ။ ေျဖရွင္းေနလဲ မထူးဘူးေလ ။ အစက အမွန္မျမင္တဲ့သူက ကြၽန္မ ဘာပဲလုပ္လုပ္ အမွန္လို႔ မထင္ေတာ့ဘူး ။ ကြၽန္မ မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ သူ႔အတြက္ဆို ကြၽန္မ ထာ၀ရမွားေနမွာပါ ။

ကြၽန္မဘာေျပာေျပာ ေဝဒနာလို႔ထင္ေနတဲ့လူကို ေစတနာေတြ ျဖစ္တဲ့အေၾကာင္း မရွင္းျပျဖစ္ေတာ့ဘူး။ တခ်ိဳ႕ နားေတြက သူတို႔ ၾကားခ်င္တဲ့အရာကိုပဲ ကြက္ၿပီး ၾကားတတ္တာေလ ။ ပိတ္ထားတဲ့ နားေတြကို ေအာ္ေျပာေန႐ုံနဲ႔ ၾကားလာမွာမဟုတ္ဘူး ။

ၿမိဳသိပ္တတ္လာတာမ်ိဳးေတြထက္ … မေျပာသင့္ေတာ့ဘူးထင္လို႔ မေျပာပဲေနလိုက္တာပါ ဒီထက္ ထူးမလာတဲ့အေျခအေနေတြအတြက္ ဒီထက္ ထူးၿပီး မနာက်င္ခ်င္ေတာ့တဲ့အခါ ပါးစပ္ပိတ္ေနလိုက္တာ ေကာင္းပါတယ္ ။

ကိုယ့္ကို နားမလည္တဲ့သူကို နားလည္ပါဆိုၿပီး ​မေျပာျဖစ္ေတာ့႐ုံပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း