သိပ်မကြာခင်မှာ ကိုယ်မသိဖာသာနဲ့ မေ့သွားလိမ့်မယ်

တစ်ခါတစ်လေမှာ . . . မေ့ပစ်ဖို့တွေးထားတဲ့ အရာကိုမှ ပိုပြီး သတိရနေတတ်တာမျိုးလေ . . .

အချိန်ဆိုတဲ့သမားတော်ကြီးလဲ အိပ်ငိုက်နေတယ်ထင်ပါတယ် အချ်န်တွေ တရွေ့ရွေ့သာ ကုန်ဆုံးခဲ့တာ မေ့ပစ်ချင်နေတဲ့အကြောင်းအရာတွေက ဆက်ပြီး သတိရဖို့ကောင်းနေတုန်းပဲ အဲ့လို ခဏခဏပြန်ပြီး အမှတ်ရနေတဲ့ အတိတ်တွေထဲမှာ မကောင်းတဲ့ အတိတ်တွေက ပိုပြီးများပါတယ် မေ့ဖို့ ကြိုးစားလေလေ ပိုပိုပြီးသတိရလေလေပါပဲ ထပ်ပြီးလဲ နာကျင်ရတယ်လေ

ဂဲမှန်ခဲ့ဖူးတဲ့စာသူငယ်လိုပေါ့ ….နောက်တစ်ကြိမ်ပြန်ပြီးနာကျင်ရမှာကို မသိစိတ်က စိုးရွံ့ပြီး ကြောက်ရွံ့နေတတ်တာမျိုးလေ …ဒါပေမယ့် အတိတ်ကို ပြန်ပြန်တွေးပြီး ထပ်ခါထပ်ခါ ပြန်ပြီးနာကျင်နေရတာက … ဘ၀မှာ နှစ်ခါသုံးခါ ထပ်ထပ်ပြီးသေရတာနဲ့တူတယ် ။

မေ့ပစ်လိုက်ပါဆိုတဲ့စကား …အပြောမှာ လွယ်ပါတယ် တကယ်လက်တွေ့မှာ မေ့ပစ်ဖို့ အားထုတ်တဲ့အခါ ပိုပိုပြီးသတိရနေတတ်တာလဲ သဘာ၀လိုပါပဲ ။ ငါ သူ့ကို မေ့မယ် မေ့မယ်နဲ့ မမေ့နိုင်တဲ့အပြင် ပိုပြီးသတိရနေတတ်သေးတာ အဲ့လိုအချိန်တွေ အများကြီး ကြုံတွေ့ခဲ့ရဖူးပါတယ် ။

အဲ့လို … ခဏခဏပြန်တွေးပြီး ခဏခဏနာကျင်ရတဲ့အခါ … အကောင်းဆုံး နည်းလမ်းလေးတစ်ခုလေးကို ညွှန်ပေးမယ် … သူ့ကို သတိရချိန်မရအောင် ကိုယ့်ကိုယ်ကို ခိုင်းပါ … ဝါသနာပါတဲ့အရာတွေကိုပဲဖြစ်ဖြစ် တစ်စိုက်မတ်မတ်လုပ်တာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို မအားလပ်အောင် လုပ်တာပဲဖြစ်ဖြစ် သတိရချိန်မပေးပဲ ကိုယ့်ကိုယ်ကိုယ် ခိုင်းတဲ့အခါ အချိန်ကြာလာတဲ့အမျှ ကိုယ်မသိခင်မှာပဲ နေသားကျလာလိမ့်မယ် ။

တစ်ယောက်တည်းနေတာထက် … အရင်က ကိုယ်အမှုမဲ့အမှတ်မဲ့နေခဲ့တဲ့ မိသားစုနဲ့ သိုက်သိုက်၀န်း၀န်းလေးနေ … နာကျင်ကြေကွဲနေတာထက်စာရင် နွေးနွေးထွေးထွေးလေးနေတာက အထီးကျန်မဆန်တော့ဘူးပေါ့ ။ ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေနဲ့.. အချိန်တွေဖြုန်းပါ … လည်စရာပတ်စရာတွေလည် စားရင်သောက်ရင်း ငယ်ကျိုးငယ်နာတွေဖော်ရင်း ပျော်ပျော်ပါးပါးလေး နေ …. အချိန်က ကုစားသွားမှာပါမဟုတ်ဘူး တချို့ဒဏ်ရာတွေက ကိုယ်ကိုယ်တိုင်ကုစားရတာမျိုးလေ ။

တဖြေးဖြေး နေသားကျလာလိမ့်မယ်ဆိုတာထက် …. ကိုယ့်ဘ၀နဲ့ကိုယ် တဖြေးဖြေးချင်း ​ပျော်တတ်လာလိမ့်မယ် ။ အနားမှာမရှိလဲ တဖြေးဖြေးနေသားကျလာလိမ့်မယ် ။ အရင်လို ခဏခဏသတိရနေတာထက် သိပ်မကြာခင်မှာ ကိုယ်မသိဖာသာနဲ့ မေ့သွားလိမ့်မယ် ။ အမှတ်တရတွေရှိတဲ့အခါ သတိတရရှိတတ်တာတော့ သဘာ၀ပါ … ဒါပေမယ့် အရင်လို ခဏခဏ တမ်းတရင်း နာကျင်စရာမလိုတော့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း
တစ္ခါတစ္ေလမွာ . . . ေမ့ပစ္ဖို႔ေတြးထားတဲ့ အရာကိုမွ ပိုၿပီး သတိရေနတတ္တာမ်ိဳးေလ . . .

အခ်ိန္ဆိုတဲ့သမားေတာ္ႀကီးလဲ အိပ္ငိုက္ေနတယ္ထင္ပါတယ္ အခ်္န္ေတြ တေ႐ြ႕ေ႐ြ႕သာ ကုန္ဆုံးခဲ့တာ ေမ့ပစ္ခ်င္ေနတဲ့အေၾကာင္းအရာေတြက ဆက္ၿပီး သတိရဖို႔ေကာင္းေနတုန္းပဲ အဲ့လို ခဏခဏျပန္ၿပီး အမွတ္ရေနတဲ့ အတိတ္ေတြထဲမွာ မေကာင္းတဲ့ အတိတ္ေတြက ပိုၿပီးမ်ားပါတယ္ ေမ့ဖို႔ ႀကိဳးစားေလေလ ပိုပိုၿပီးသတိရေလေလပါပဲ ထပ္ၿပီးလဲ နာက်င္ရတယ္ေလ

ဂဲမွန္ခဲ့ဖူးတဲ့စာသူငယ္လိုေပါ့ ….ေနာက္တစ္ႀကိမ္ျပန္ၿပီးနာက်င္ရမွာကို မသိစိတ္က စိုး႐ြံ႕ၿပီး ေၾကာက္႐ြံ႕ေနတတ္တာမ်ိဳးေလ …ဒါေပမယ့္ အတိတ္ကို ျပန္ျပန္ေတြးၿပီး ထပ္ခါထပ္ခါ ျပန္ၿပီးနာက်င္ေနရတာက … ဘ၀မွာ ႏွစ္ခါသုံးခါ ထပ္ထပ္ၿပီးေသရတာနဲ႔တူတယ္ ။

ေမ့ပစ္လိုက္ပါဆိုတဲ့စကား …အေျပာမွာ လြယ္ပါတယ္ တကယ္လက္ေတြ႕မွာ ေမ့ပစ္ဖို႔ အားထုတ္တဲ့အခါ ပိုပိုၿပီးသတိရေနတတ္တာလဲ သဘာ၀လိုပါပဲ ။ ငါ သူ႔ကို ေမ့မယ္ ေမ့မယ္နဲ႔ မေမ့ႏိုင္တဲ့အျပင္ ပိုၿပီးသတိရေနတတ္ေသးတာ အဲ့လိုအခ်ိန္ေတြ အမ်ားႀကီး ႀကဳံေတြ႕ခဲ့ရဖူးပါတယ္ ။

အဲ့လို … ခဏခဏျပန္ေတြးၿပီး ခဏခဏနာက်င္ရတဲ့အခါ … အေကာင္းဆုံး နည္းလမ္းေလးတစ္ခုေလးကို ၫႊန္ေပးမယ္ … သူ႔ကို သတိရခ်ိန္မရေအာင္ ကိုယ့္ကိုယ္ကို ခိုင္းပါ … ဝါသနာပါတဲ့အရာေတြကိုပဲျဖစ္ျဖစ္ တစ္စိုက္မတ္မတ္လုပ္တာပဲျဖစ္ျဖစ္ ကိုယ္လုပ္စရာရွိတဲ့အလုပ္ကို မအားလပ္ေအာင္ လုပ္တာပဲျဖစ္ျဖစ္ သတိရခ်ိန္မေပးပဲ ကိုယ့္ကိုယ္ကိုယ္ ခိုင္းတဲ့အခါ အခ်ိန္ၾကာလာတဲ့အမွ် ကိုယ္မသိခင္မွာပဲ ေနသားက်လာလိမ့္မယ္ ။

တစ္ေယာက္တည္းေနတာထက္ … အရင္က ကိုယ္အမႈမဲ့အမွတ္မဲ့ေနခဲ့တဲ့ မိသားစုနဲ႔ သိုက္သိုက္၀န္း၀န္းေလးေန … နာက်င္ေၾကကြဲေနတာထက္စာရင္ ေႏြးေႏြးေထြးေထြးေလးေနတာက အထီးက်န္မဆန္ေတာ့ဘူးေပါ့ ။ ကိုယ့္အေပါင္းအသင္းမိတ္ေဆြေတြနဲ႔.. အခ်ိန္ေတြျဖဳန္းပါ … လည္စရာပတ္စရာေတြလည္ စားရင္ေသာက္ရင္း ငယ္က်ိဳးငယ္နာေတြေဖာ္ရင္း ေပ်ာ္ေပ်ာ္ပါးပါးေလး ေန …. အခ်ိန္က ကုစားသြားမွာပါမဟုတ္ဘူး တခ်ိဳ႕ဒဏ္ရာေတြက ကိုယ္ကိုယ္တိုင္ကုစားရတာမ်ိဳးေလ ။

တေျဖးေျဖး ေနသားက်လာလိမ့္မယ္ဆိုတာထက္ …. ကိုယ့္ဘ၀နဲ႔ကိုယ္ တေျဖးေျဖးခ်င္း ​ေပ်ာ္တတ္လာလိမ့္မယ္ ။ အနားမွာမရွိလဲ တေျဖးေျဖးေနသားက်လာလိမ့္မယ္ ။ အရင္လို ခဏခဏသတိရေနတာထက္ သိပ္မၾကာခင္မွာ ကိုယ္မသိဖာသာနဲ႔ ေမ့သြားလိမ့္မယ္ ။ အမွတ္တရေတြရွိတဲ့အခါ သတိတရရွိတတ္တာေတာ့ သဘာ၀ပါ … ဒါေပမယ့္ အရင္လို ခဏခဏ တမ္းတရင္း နာက်င္စရာမလိုေတာ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း