ဝေးသွားမှာစိုးတဲ့စိတ်နဲ့ မာနတွေ မထားဖြစ်ခဲ့တော့ …

ဝေးသွားမှာစိုးတဲ့စိတ်နဲ့ မာနတွေ မထားဖြစ်ခဲ့တော့ …

တကယ်ချစ်ရင် တစ်ယောက်နဲ့တစ်ယောက် မာနတွေ ထားဖို့မလိုဘူးဆိုတဲ့စကားကြောင့် … ကျွန်မ ရှိတဲ့မာနတွေကို ခဝါချခဲ့ဖူးတယ် ။ သူမခေါ်လဲ ငါခေါ်လိုက်ရင်ဖြစ်တာပါပဲ ဆိုတဲ့အတွေးနဲ့ အ၀င်call လုံး၀မရှိတဲ့ ဖုန်းတစ်လုံးဖြစ်လာခဲ့တယ်လေ ။

သူ့အတွက် စျေးတွေ ပေါသွားတယ်ထင်တာပဲ ။ ငါမခေါ်လဲ သူခေါ်လာမှာပဲဆိုတဲ့ အတွေးတွေ တွေးနေပုံရပါတယ် ။ ကိုယ်တိတ်ဆိတ်လိုက်တာနဲ့ သူက မခေါ်ပဲနေနိုင်တယ် ။ ကိုယ် မဆက်သွယ်တာနဲ့ သူလဲ မဆက်သွယ်ပဲနေနိုင်တယ် ။ တစ်ခါတစ်လေကျတော့ ကျွန်မလဲ … ဂရုစိုက်တာလေး ခံဖူးချင်တယ်လေ ။

ငါက မိန်းကလေးပဲလေဆိုတဲ့ မာနမထားခဲ့ဘူး ။ ဒါပေမယ့် သူကျတော့ ငါက ယောက်ျားလေးဆိုတဲ့ မာနထားတယ် ။ ယောက်ျားလေးတစ်ယောက်ရဲ့ ၀တ္တရားတွေကျ အမှတ်မရဘူးလေ ။ မချော့တတ်လို့ပါဆိုတဲ့ ဆင်ခြေနဲ့ ကိုယ်စိတ်ကောက်လဲ ကိုယ်ကိုယ်တိုင်ပဲ စိတ်ဖြေရတယ် ။

ဝေးသွားမှာစိုးလို့ဆိုတဲ့ စိတ်နဲ့ မာနတွေ မထားဖြစ်ခဲ့တာပါ သူကတော့ .. ငါ့ကိုမဆက်သွယ်ပဲ မခေါ်ပဲ မနေနိုင်ပါဘူးဆိုတဲ့ အတွေးနဲ့ တစ်ဖက်မှာလှောင်ရယ်ချင်ကောင်း လှောင်ရယ်နေလိမ့်မယ် ။ မလိုပါဘူး ပစ်ထားလိုက် အချိန်တန်ရင် ဆက်သွယ်လာလိမ့်မယ်ဆိုပြီးလဲ တွေးကောင်းတွေးနေနိုင်တယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေဝးသြားမွာစိုးတဲ့စိတ္နဲ႔ မာနေတြ မထားျဖစ္ခဲ့ေတာ့ …

တကယ္ခ်စ္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ မာနေတြ ထားဖို႔မလိုဘူးဆိုတဲ့စကားေၾကာင့္ … ကြၽန္မ ရွိတဲ့မာနေတြကို ခဝါခ်ခဲ့ဖူးတယ္ ။ သူမေခၚလဲ ငါေခၚလိုက္ရင္ျဖစ္တာပါပဲ ဆိုတဲ့အေတြးနဲ႔ အ၀င္call လုံး၀မရွိတဲ့ ဖုန္းတစ္လုံးျဖစ္လာခဲ့တယ္ေလ ။

သူ႔အတြက္ ေစ်းေတြ ေပါသြားတယ္ထင္တာပဲ ။ ငါမေခၚလဲ သူေခၚလာမွာပဲဆိုတဲ့ အေတြးေတြ ေတြးေနပုံရပါတယ္ ။ ကိုယ္တိတ္ဆိတ္လိုက္တာနဲ႔ သူက မေခၚပဲေနႏိုင္တယ္ ။ ကိုယ္ မဆက္သြယ္တာနဲ႔ သူလဲ မဆက္သြယ္ပဲေနႏိုင္တယ္ ။ တစ္ခါတစ္ေလက်ေတာ့ ကြၽန္မလဲ … ဂ႐ုစိုက္တာေလး ခံဖူးခ်င္တယ္ေလ ။

ငါက မိန္းကေလးပဲေလဆိုတဲ့ မာနမထားခဲ့ဘူး ။ ဒါေပမယ့္ သူက်ေတာ့ ငါက ေယာက္်ားေလးဆိုတဲ့ မာနထားတယ္ ။ ေယာက္်ားေလးတစ္ေယာက္ရဲ႕ ၀တၱရားေတြက် အမွတ္မရဘူးေလ ။ မေခ်ာ့တတ္လို႔ပါဆိုတဲ့ ဆင္ေျခနဲ႔ ကိုယ္စိတ္ေကာက္လဲ ကိုယ္ကိုယ္တိုင္ပဲ စိတ္ေျဖရတယ္ ။

ေဝးသြားမွာစိုးလို႔ဆိုတဲ့ စိတ္နဲ႔ မာနေတြ မထားျဖစ္ခဲ့တာပါ သူကေတာ့ .. ငါ့ကိုမဆက္သြယ္ပဲ မေခၚပဲ မေနႏိုင္ပါဘူးဆိုတဲ့ အေတြးနဲ႔ တစ္ဖက္မွာေလွာင္ရယ္ခ်င္ေကာင္း ေလွာင္ရယ္ေနလိမ့္မယ္ ။ မလိုပါဘူး ပစ္ထားလိုက္ အခ်ိန္တန္ရင္ ဆက္သြယ္လာလိမ့္မယ္ဆိုၿပီးလဲ ေတြးေကာင္းေတြးေနႏိုင္တယ္ေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း