.ပြိုလဲလို့မရဘူးဆိုတဲ့ အတွေးနဲ့ ရပ်နေတာပါ ။ တကယ်တမ်းကျတော့ ပင်ပန်းနေပါပြီ

ငိုချချင်ရင် ငိုလိုက်လေတဲ့ …

အဲ့လောက်မလွယ်တဲ့ ဘ၀မို့ပေါ့ … ကိုယ်ပြိုလဲလိုက်ရင် အနောက်မှာ မျှော်လင့်တကြီးနဲ့ ကြည့်နေတဲ့မျက်လုံးတွေ အသက်မဲ့သွားကြလိမ့်မယ် ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ရှင်သန်လို့ရပေမယ့် ချန်ထားလို့မရတဲ့အရာတွေအတွက် တဖြေးဖြေး မျိုသိပ်ပြီး နေတတ်လာတာပါ ။

ပင်ပန်းလားဆိုရင်တော့ ပင်ပန်းနေပြီ ။ လဲကျလိုက်ဖို့တွေးလိုက်ရုံနဲ့ ပစ်လဲသွားမယ့်အထိ ပင်ပန်းနေပါပြီ ။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း ရပ်နေခဲ့တာ မဟုတ်ဘူးလေ ။ အဲ့ဒီစိတ်နဲ့ပဲ လဲကျမသွားအောင် ရပ်နေခဲ့တာပါ ။ အနောက်မှာ ကိုယ့်ကို မှီပြီး ရပ်နေတ​ဲ့ ဘ၀တွေအတွက်ပေါ့။

မတူညီတဲ့ ဘ၀တွေမှာ … ကိုယ်တွေးကြည့်လို့မရတာတွေ အများကြီးရှိပါတယ် ။ ကိုယ်နဲ့ယှဥ္ပြီးပဲ အပြစ်မတင်ပါနဲ့ ။ နည်းနည်းလေး ပြောလိုက်တာနဲ့ မျက်ရည်ကျတတ်တဲ့ ကောင်မလေးမှာ နာကျင်စရာတွေ အများကြီး ရှိနေတတ်တယ် ။ ဒါမှမဟုတ် ဘာမှမဟုတ်တာလေးနဲ့ ပေါက်ကွဲတတ်တဲ့ မိန်းမကလေးမှာ အများကြီး သည်းခံနေရတာတွေ ရှိတယ် ။

ကျွန်မတို့တွေ…ပြိုလဲလို့မရဘူးဆိုတဲ့ အတွေးနဲ့ ရပ်နေတာပါ ။ တကယ်တမ်းကျတော့ ပင်ပန်းနေပါပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ငိုခ်ခ်င္ရင္ ငိုလိုက္ေလတဲ့ …

အဲ့ေလာက္မလြယ္တဲ့ ဘ၀မို႔ေပါ့ … ကိုယ္ၿပိဳလဲလိုက္ရင္ အေနာက္မွာ ေမွ်ာ္လင့္တႀကီးနဲ႔ ၾကည့္ေနတဲ့မ်က္လုံးေတြ အသက္မဲ့သြားၾကလိမ့္မယ္ ။ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ ရွင္သန္လို႔ရေပမယ့္ ခ်န္ထားလို႔မရတဲ့အရာေတြအတြက္ တေျဖးေျဖး မ်ိဳသိပ္ၿပီး ေနတတ္လာတာပါ ။

ပင္ပန္းလားဆိုရင္ေတာ့ ပင္ပန္းေနၿပီ ။ လဲက်လိုက္ဖို႔ေတြးလိုက္႐ုံနဲ႔ ပစ္လဲသြားမယ့္အထိ ပင္ပန္းေနပါၿပီ ။ ဒါေပမယ့္ ကိုယ္တစ္ေယာက္တည္း ရပ္ေနခဲ့တာ မဟုတ္ဘူးေလ ။ အဲ့ဒီစိတ္နဲ႔ပဲ လဲက်မသြားေအာင္ ရပ္ေနခဲ့တာပါ ။ အေနာက္မွာ ကိုယ့္ကို မွီၿပီး ရပ္ေနတ​ဲ့ ဘ၀ေတြအတြက္ေပါ့။

မတူညီတဲ့ ဘ၀ေတြမွာ … ကိုယ္ေတြးၾကည့္လို႔မရတာေတြ အမ်ားႀကီးရွိပါတယ္ ။ ကိုယ္နဲ႔ယွၪၸျီးပဲ အျပစ္မတင္ပါနဲ႔ ။ နည္းနည္းေလး ေျပာလိုက္တာနဲ႔ မ်က္ရည္က်တတ္တဲ့ ေကာင္မေလးမွာ နာက်င္စရာေတြ အမ်ားႀကီး ရွိေနတတ္တယ္ ။ ဒါမွမဟုတ္ ဘာမွမဟုတ္တာေလးနဲ႔ ေပါက္ကြဲတတ္တဲ့ မိန္းမကေလးမွာ အမ်ားႀကီး သည္းခံေနရတာေတြ ရွိတယ္ ။

ကြၽန္မတို႔ေတြ…ၿပိဳလဲလို႔မရဘူးဆိုတဲ့ အေတြးနဲ႔ ရပ္ေနတာပါ ။ တကယ္တမ္းက်ေတာ့ ပင္ပန္းေနပါၿပီ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း