ငယ်ချစ်ဦး … မပိုင်ဆိုင်ရမှန်းလဲသိတယ် ဒါပေမယ့် ချစ်တယ်

အတိတ်ကို ပြန်တွေးမိတဲ့အခါတိုင်း သူ့နာမည်လေးပေါ်လာတယ် ငယ်ကချစ် နှစ်တစ်ရာတဲ့ တကယ်ပါပဲ အချိန်တွေ ဘယ်လောက်ကြာကြာ ရာသီတွေ ဘယ်လောက်ပဲ ပြောင်​းပြောင်း​ ကိုယ့်ပထမဆုံး နှစ်နှစ်ကာကာ ချစ်ခဲ့မိတဲ့ ငယ်ချစ်ဦးကိုတော့ … ဘယ်တုန်းကမှ မေ့မရခဲ့ဘူး ။

မပိုင်ဆိုင်ရတော့မှန်းသိပါတယ် .. ဒါပေမယ့် သူ့ကိုတော့ချစ်တယ် … ဒါပေမယ့် အဲ့ဒီအချစ်တွေမှာ အတ္တတွေမပါဘူး ။ ပထမဦးဆုံးချစ်ခဲ့ဖူးတဲ့သူကို တစ်ခါတစ်လေပြန်လွမ်းမိရုံလေးနဲ့ ကျေနပ်ပြီး ပြုံးနေမိတာပါ ။ အဲ့ဒီလူကို ပထဦးဆုံး ချစ်ခဲ့မိတာလေ ။

ရင်ခုန်တက်စအရွယ်မှာ … အချစ်ရဲ့ လှည့်ဖြားမှုတွေအကြောင်း နားမလည်တတ်ခဲ့ဘူး .. ဟန်ဆောင်ခြင်းတွေ မာယာတွေ မပါခဲ့ဘူး ။ ကိုယ်သူ့ကို ချစ်တယ်ဆိုရုံနဲ့ ရှိတဲ့အချစ်တွေ အကုန်ပုံပေးပြီး ချစ်ခဲ့မိတာလေ ။ အဲ့လိုအချစ်မျိုးက အဲ့ဒီအချိန်မျိုးမှာပဲ ဖြစ်ပေါ်တတ်တယ် ။

နောက်ထပ်တစ်ယောက်ကို ထပ်ချစ်လိုက်လို့ရပေမယ့် ငယ်ချစ်ဦးကို ချစ်ခဲ့သလိုမျိုးတော့ ချစ်ပစ်လိုက်လို့မရခဲ့ဘူးလေ ။ တစ်နည်းအားဖြင့် ပထဦးဆုံးအချစ်ကို တစ်သက်လုံးမှတ်မိနေရုံပါပဲ ။ ဒီအချိန် ပြန်တွေ့ခဲ့မယ်ဆိုရင်လဲ ပြန်တွေ့ချင်ပါသေးတယ် ။တစ်ခါလောက်ပဲ ဖြစ်ဖြစ်ပေါ့ ။

ဒါဟာ … အတိတ်ကို လွမ်းချင်းတွေထဲက အမြဲတစ်ခုပါတဲ့ ငယ်ချစ်ဦးသို့ လွမ်းချင်းပေါ့ ။ အချစ်တွေ အကုန်ပေးပြီးချစ်ခဲ့မိတဲ့ ရင်ခုန်မှုမျိုးလေးကို ပြန်သတိရတဲ့ သူ့ကို မကြာခဏလွမ်းတယ် ။ ပိုင်ဆိုင်ရမှ ဆိုတဲ့အတ္တတွေ မပါခဲ့ပါပဲ မပိုင်ရမှန်းသိပေမယ့်လဲ ချစ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အတိတ္ကို ျပန္ေတြးမိတဲ့အခါတိုင္း သူ႔နာမည္ေလးေပၚလာတယ္ ငယ္ကခ်စ္ ႏွစ္တစ္ရာတဲ့ တကယ္ပါပဲ အခ်ိန္ေတြ ဘယ္ေလာက္ၾကာၾကာ ရာသီေတြ ဘယ္ေလာက္ပဲ ေျပာင္​းေျပာင္း​ ကိုယ့္ပထမဆုံး ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ့မိတဲ့ ငယ္ခ်စ္ဦးကိုေတာ့ … ဘယ္တုန္းကမွ ေမ့မရခဲ့ဘူး ။

မပိုင္ဆိုင္ရေတာ့မွန္းသိပါတယ္ .. ဒါေပမယ့္ သူ႔ကိုေတာ့ခ်စ္တယ္ … ဒါေပမယ့္ အဲ့ဒီအခ်စ္ေတြမွာ အတၱေတြမပါဘူး ။ ပထမဦးဆုံးခ်စ္ခဲ့ဖူးတဲ့သူကို တစ္ခါတစ္ေလျပန္လြမ္းမိ႐ုံေလးနဲ႔ ေက်နပ္ၿပီး ၿပဳံးေနမိတာပါ ။ အဲ့ဒီလူကို ပထဦးဆုံး ခ်စ္ခဲ့မိတာေလ ။

ရင္ခုန္တက္စအ႐ြယ္မွာ … အခ်စ္ရဲ႕ လွည့္ျဖားမႈေတြအေၾကာင္း နားမလည္တတ္ခဲ့ဘူး .. ဟန္ေဆာင္ျခင္းေတြ မာယာေတြ မပါခဲ့ဘူး ။ ကိုယ္သူ႔ကို ခ်စ္တယ္ဆို႐ုံနဲ႔ ရွိတဲ့အခ်စ္ေတြ အကုန္ပုံေပးၿပီး ခ်စ္ခဲ့မိတာေလ ။ အဲ့လိုအခ်စ္မ်ိဳးက အဲ့ဒီအခ်ိန္မ်ိဳးမွာပဲ ျဖစ္ေပၚတတ္တယ္ ။

ေနာက္ထပ္တစ္ေယာက္ကို ထပ္ခ်စ္လိုက္လို႔ရေပမယ့္ ငယ္ခ်စ္ဦးကို ခ်စ္ခဲ့သလိုမ်ိဳးေတာ့ ခ်စ္ပစ္လိုက္လို႔မရခဲ့ဘူးေလ ။ တစ္နည္းအားျဖင့္ ပထဦးဆုံးအခ်စ္ကို တစ္သက္လုံးမွတ္မိေန႐ုံပါပဲ ။ ဒီအခ်ိန္ ျပန္ေတြ႕ခဲ့မယ္ဆိုရင္လဲ ျပန္ေတြ႕ခ်င္ပါေသးတယ္ ။တစ္ခါေလာက္ပဲ ျဖစ္ျဖစ္ေပါ့ ။

ဒါဟာ … အတိတ္ကို လြမ္းခ်င္းေတြထဲက အၿမဲတစ္ခုပါတဲ့ ငယ္ခ်စ္ဦးသို႔ လြမ္းခ်င္းေပါ့ ။ အခ်စ္ေတြ အကုန္ေပးၿပီးခ်စ္ခဲ့မိတဲ့ ရင္ခုန္မႈမ်ိဳးေလးကို ျပန္သတိရတဲ့ သူ႔ကို မၾကာခဏလြမ္းတယ္ ။ ပိုင္ဆိုင္ရမွ ဆိုတဲ့အတၱေတြ မပါခဲ့ပါပဲ မပိုင္ရမွန္းသိေပမယ့္လဲ ခ်စ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း