အချစ်နဲ့ ပတ်သက်မိရင်…အနည်းနဲ့အများတော့ ငိုရတာပါပဲ

အချစ်နဲ့ ပတ်သက်မိရင်…အနည်းနဲ့အများတော့ ငိုရတာပါပဲ ။

ပျော်ရတယ်ဆိုရင်တောင် လွမ်းတဲ့စိတ်ကြောင့် မျက်ရည်ကျရတဲ့အခါတွေ ရှိတယ် ။ ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ပူလောင်ရတာတွေရှိတယ် ။ စိတ်မချခြင်းတွေနဲ့ ပူပန်ရတာတွေရှိတယ် ။ တချို့ဘ၀တွေက ပိုဆိုးတယ် … နာနာကျင်ကျင်နဲ့ကို တိတ်တ်လေး မျက်ရည်ကျရတာ ။

မတွယ်တာနဲ့တဲ့ … ပြောတော့တာလွယ်တာနော် တကယ်တမ်းကျတော့ သံယောဇဥ်ဆိုတာ ဖြတ်ရခက်တယ် တွယ်မိရင် တွယ်မိသလောက် ပြေးထွက်လာဖို့ခက်တယ် ဝေးသွားဖို့တော့ မခက်ပါဘူး ကိုယ်ဆွဲထားတဲ့လက်လေး လွှတ်ချလိုက်ရုံနဲ့ ဝေးသွားမှာ အဲ့ဒီနောက်မှာ ကိုယ်ပြုံးပြုံးလေးရပ်နေနိုင်ဖို့ ခက်တာပါ ။

အများကြီးမျှော်လင့်မထားနဲ့တော့ … ဖြစ်လာတဲ့အခါမှသာ ဖြစ်လာပြီလို့ မှတ်တတ်တဲ့ အကျင့်လေးပဲ ကောင်းတယ် ။ တကယ်လို့ … ကိုယ်မျှော်လင့်ခဲ့ပြီးမှ ဖြစ်မလာတဲ့အခါ ဘယ်လောက်ထိ … ပြိုလဲရလဲဆိုတာ မျှော်လင့်ဖူးသူချင်းပဲ သိပါတယ် ။

ဖြစ်နိုင်ရင် … အေးချမ်းစေချင်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်စ္နဲ႔ ပတ္သက္မိရင္…အနည္းနဲ႔အမ်ားေတာ့ ငိုရတာပါပဲ ။

ေပ်ာ္ရတယ္ဆိုရင္ေတာင္ လြမ္းတဲ့စိတ္ေၾကာင့္ မ်က္ရည္က်ရတဲ့အခါေတြ ရွိတယ္ ။ ဆုံးရႈံးရမွာေၾကာက္တဲ့စိတ္နဲ႔ ပူေလာင္ရတာေတြရွိတယ္ ။ စိတ္မခ်ျခင္းေတြနဲ႔ ပူပန္ရတာေတြရွိတယ္ ။ တခ်ိဳ႕ဘ၀ေတြက ပိုဆိုးတယ္ … နာနာက်င္က်င္နဲ႔ကို တိတ္တ္ေလး မ်က္ရည္က်ရတာ ။

မတြယ္တာနဲ႔တဲ့ … ေျပာေတာ့တာလြယ္တာေနာ္ တကယ္တမ္းက်ေတာ့ သံေယာဇဥ္ဆိုတာ ျဖတ္ရခက္တယ္ တြယ္မိရင္ တြယ္မိသေလာက္ ေျပးထြက္လာဖို႔ခက္တယ္ ေဝးသြားဖို႔ေတာ့ မခက္ပါဘူး ကိုယ္ဆြဲထားတဲ့လက္ေလး လႊတ္ခ်လိုက္႐ုံနဲ႔ ေဝးသြားမွာ အဲ့ဒီေနာက္မွာ ကိုယ္ၿပဳံးၿပဳံးေလးရပ္ေနႏိုင္ဖို႔ ခက္တာပါ ။

အမ်ားႀကီးေမွ်ာ္လင့္မထားနဲ႔ေတာ့ … ျဖစ္လာတဲ့အခါမွသာ ျဖစ္လာၿပီလို႔ မွတ္တတ္တဲ့ အက်င့္ေလးပဲ ေကာင္းတယ္ ။ တကယ္လို႔ … ကိုယ္ေမွ်ာ္လင့္ခဲ့ၿပီးမွ ျဖစ္မလာတဲ့အခါ ဘယ္ေလာက္ထိ … ၿပိဳလဲရလဲဆိုတာ ေမွ်ာ္လင့္ဖူးသူခ်င္းပဲ သိပါတယ္ ။

ျဖစ္ႏိုင္ရင္ … ေအးခ်မ္းေစခ်င္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း