ကျွန်မ နှလုံးသားက ထုံသွားပြီထင်ပါတယ်

ကျွန်မ နှလုံးသားတွေ ထုံသွားပြီထင်ပါတယ်

အရင်နှစ်တွေတုန်းက … သူဖုန်းမဆက်တဲ့ရက်တွေမှာ ကျွန်မ မအိပ်ဖြစ်ခဲ့တာများတယ် ။ ငါ့ကို ပစ်ထားရင်း ဘာကြောင့်နေနိုင်သလဲဆိုတဲ့ အတွေးတွေ နဲ့ ငါမရှိပဲ နေနိုင်သွားတာလားဆိုတဲ့ ၀မ်းနည်းမှုတွေနဲ့ ကျွန်မ ငိုနေတတ်တာလေ ။

အဆင်မပြေတာတစ်ခုခုကြုံတဲ့အခါ ရင်ဘတ်ထဲ ၀င်ကြည့်ဖို့မလိုပဲ မျက်နှာကို ကြည့်ရုံနဲ့တင် ကျွန်မ မျက်လုံးမှာ မျက်ရည်တွေ ၀ဲနေတာကို တွေ့ရလိမ့်မယ် ။ ခွဲမသွားပါနဲ့ မရှိရင် မဖြစ်လို့ပါ ဆိုတဲ့ စကားတွေ ကျွန်မ မကြာခဏပြောဖြစ်ခဲ့လိမ့်မယ် ။ တစ်ခုခုကိုဆို အရင်ကတည်းကနေ အစွဲအလမ်းကြီးခဲ့တော့ ဘယ်အရာကိုမှ အဆုံးရှုံးမခံနိုင်ခဲ့ဘူးလေ ။

ဒီဘက်နှစ်တွေမှာတော့ … ကျွန်မ နှလုံးသားတွေ ထုံအသွားတယ် ထင်ပါတယ် သိပ်ပြီး မငိုဖြစ်တော့ဘူး သူပစ်ထားတဲ့ရက်တွေမှာ ပိုပြီး မငိုဖြစ်တော့ဘူး သူတောင် အဆင်ပြေသလိုနေနေနိုင်တာပဲ ကိုယ်လဲ အဆင်ပြေသလိုနေမှ ရမယ်ဆိုတဲ့အတွေးတွေကလွဲရင် ငါ့ကို ဂရုမစိုက်လေခြင်းဆိုပြီး ၀မ်းနည်းမနေတော့ဘူး ။

အချိန်တန်တဲ့အထိ မခေါ်တဲ့ဖုန်းတွေကို အရင်တုန်းကစိတ်နဲ့ဆိုရင်တော့ ဝေးမှာစိုးလို့ ကိုယ့်ဘက်က အရင်စခေါ်မိမယ်ထင်တာပါပဲ အခုတော့ မခေါ်ဖြစ်တော့ဘူး မာနတွေ ထားခဲ့ကြတာမဟုတ်ပဲ ကျွန်မ ကိုယ်ဆွဲမှ မြဲမယ့်လက်တွေကို မနှစ်သက်တော့တာ ။

ငိုချင်ရဲ့နဲ့ ပြုံးတဲ့ အပြုံးတွေဟာ မလှဘူးဆိုတဲ့ စကားလုံးတွေဟာ ကျွန်မ အတွက်တော့မှားတယ် ။ ကျွန်မ နှလုံးသား ထုံအသွားတဲ့နောက်မှာ ကျွန်မ နာကျင်တဲ့အခါတိုင်း အလှဆုံးပြုံးတယ် ။ အရင်တုန်းကလိုတော့ မပေါ့ပါးလွန်းဘူးပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ႏွလုံးသားေတြ ထုံသြားၿပီထင္ပါတယ္

အရင္ႏွစ္ေတြတုန္းက … သူဖုန္းမဆက္တဲ့ရက္ေတြမွာ ကြၽန္မ မအိပ္ျဖစ္ခဲ့တာမ်ားတယ္ ။ ငါ့ကို ပစ္ထားရင္း ဘာေၾကာင့္ေနႏိုင္သလဲဆိုတဲ့ အေတြးေတြ နဲ႔ ငါမရွိပဲ ေနႏိုင္သြားတာလားဆိုတဲ့ ၀မ္းနည္းမႈေတြနဲ႔ ကြၽန္မ ငိုေနတတ္တာေလ ။

အဆင္မေျပတာတစ္ခုခုႀကဳံတဲ့အခါ ရင္ဘတ္ထဲ ၀င္ၾကည့္ဖို႔မလိုပဲ မ်က္ႏွာကို ၾကည့္႐ုံနဲ႔တင္ ကြၽန္မ မ်က္လုံးမွာ မ်က္ရည္ေတြ ၀ဲေနတာကို ေတြ႕ရလိမ့္မယ္ ။ ခြဲမသြားပါနဲ႔ မရွိရင္ မျဖစ္လို႔ပါ ဆိုတဲ့ စကားေတြ ကြၽန္မ မၾကာခဏေျပာျဖစ္ခဲ့လိမ့္မယ္ ။ တစ္ခုခုကိုဆို အရင္ကတည္းကေန အစြဲအလမ္းႀကီးခဲ့ေတာ့ ဘယ္အရာကိုမွ အဆုံးရႈံးမခံႏိုင္ခဲ့ဘူးေလ ။

ဒီဘက္ႏွစ္ေတြမွာေတာ့ … ကြၽန္မ ႏွလုံးသားေတြ ထုံအသြားတယ္ ထင္ပါတယ္ သိပ္ၿပီး မငိုျဖစ္ေတာ့ဘူး သူပစ္ထားတဲ့ရက္ေတြမွာ ပိုၿပီး မငိုျဖစ္ေတာ့ဘူး သူေတာင္ အဆင္ေျပသလိုေနေနႏိုင္တာပဲ ကိုယ္လဲ အဆင္ေျပသလိုေနမွ ရမယ္ဆိုတဲ့အေတြးေတြကလြဲရင္ ငါ့ကို ဂ႐ုမစိုက္ေလျခင္းဆိုၿပီး ၀မ္းနည္းမေနေတာ့ဘူး ။

အခ်ိန္တန္တဲ့အထိ မေခၚတဲ့ဖုန္းေတြကို အရင္တုန္းကစိတ္နဲ႔ဆိုရင္ေတာ့ ေဝးမွာစိုးလို႔ ကိုယ့္ဘက္က အရင္စေခၚမိမယ္ထင္တာပါပဲ အခုေတာ့ မေခၚျဖစ္ေတာ့ဘူး မာနေတြ ထားခဲ့ၾကတာမဟုတ္ပဲ ကြၽန္မ ကိုယ္ဆြဲမွ ၿမဲမယ့္လက္ေတြကို မႏွစ္သက္ေတာ့တာ ။

ငိုခ်င္ရဲ႕နဲ႔ ၿပဳံးတဲ့ အၿပဳံးေတြဟာ မလွဘူးဆိုတဲ့ စကားလုံးေတြဟာ ကြၽန္မ အတြက္ေတာ့မွားတယ္ ။ ကြၽန္မ ႏွလုံးသား ထုံအသြားတဲ့ေနာက္မွာ ကြၽန္မ နာက်င္တဲ့အခါတိုင္း အလွဆုံးၿပဳံးတယ္ ။ အရင္တုန္းကလိုေတာ့ မေပါ့ပါးလြန္းဘူးေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း