သတိရလို့ ဆက်ချင်ပေမယ့်လဲ မာနကြောင့် မဆက်ဖြစ်လိုက်တဲ့ ဖုန်းတွေ ရှိတယ်

သတိရလို့ ဆက်ချင်ပေမယ့်လဲ မာနကြောင့် မဆက်ဖြစ်လိုက်တဲ့ ဖုန်းတွေ ရှိတယ် ။

ကျွန်မသူ့ကို မလွမ်းဘူးလို့သာ ပြောနေတာပါ တကယ်တမ်းကျတော့ အရမ်းလွမ်းပါတယ် ။ သူတောင်နေနိုင်သေးတာပဲ ငါလဲ နေနိုင်အောင်နေမယ်ဆိုတဲ့ မာနတွေသာ ထားနေတာပါ တကယ်တမ်းကျတော့ သူနဲ့ ဝေးသွားရမှာ ကြောက်တယ် ။

သူ ခေါ်လာရင်ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ အသက်မဲ့နေတဲ့ ဖုန်းလေးထဲက သူ့ဖုန်းနံပါတ်လေးကို ကြည့်တယ် ။ အစအဆုံး အလွတ်ရနေပြီးသားဖြစ်ပေမယ့်လဲ … ဒီအချိန် ဒီဖုန်းနံပါတ်လေး၀င်လာရင်လို့တွေးပြီး ငေးကြည့်နေမိရုံပါ ။ ရိုးသားစွာ၀န်ခံရရင် သူ့ဖုန်းလေးကို မျှော်ပါတယ် ။

စာရွက်တွေပေါ် ရေးရတဲ့ ခေတ်တွေတုန်းက စာရွက်လေးပေါ် ကျတဲ့မျက်ရည်စတွေဟာ … မပျောက်ပဲရှိနေတတ်ပေမယ့် … ဒီနေ့ခေတ်မှာ စာတွေရိုက်နေရင်းက ကျတဲ့မျက်ရည်စက်တွေကိုတော့ သူမမြင်နိုင်ဘူး ။

သတိရရင် ဆက်လိုက်ပေါ့ ဘာခက်လို့လဲတဲ့ … ကိုယ့်ဘက်က ဆက်လိုက်ဖို့ကတော့ ဖြစ်ပါတယ် ။ တစ်ဖက်က မလိုလားတဲ့ပုံစံမျိုးတွေ အနှောင့်အယှက်ဖြစ်တဲ့ ပုံစံမျိုးတွေ ၀တ္ကျေတမ်းကျေစကားလုံးတွေကို ခံနိုင်ဖို့ နှလုံးသားက အဲ့လောက်မမာနိုင်ခဲ့သေးဘူးလေ ။

သူသာ ဆက်လာရင်ကောင်းမှာပဲလို့တွေးရင်းသာ ကိုယ့်စိတ်ကိုယ်ဖြေပါတယ် ။ သတိရလို့ဆက်ချင်ပေမယ့်လဲ မာနတွေကြောင့် မဆက်ဖြစ်ခဲ့တဲ့ ဖုန်းတွေပေါ့ … ဒီတစ်ညတော့ ငိုရဦးမယ်ထင်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သတိရလို႔ ဆက္ခ်င္ေပမယ့္လဲ မာနေၾကာင့္ မဆက္ျဖစ္လိုက္တဲ့ ဖုန္းေတြ ရွိတယ္ ။

ကြၽန္မသူ႔ကို မလြမ္းဘူးလို႔သာ ေျပာေနတာပါ တကယ္တမ္းက်ေတာ့ အရမ္းလြမ္းပါတယ္ ။ သူေတာင္ေနႏိုင္ေသးတာပဲ ငါလဲ ေနႏိုင္ေအာင္ေနမယ္ဆိုတဲ့ မာနေတြသာ ထားေနတာပါ တကယ္တမ္းက်ေတာ့ သူနဲ႔ ေဝးသြားရမွာ ေၾကာက္တယ္ ။

သူ ေခၚလာရင္ေကာင္းမွာပဲဆိုတဲ့ အေတြးနဲ႔ အသက္မဲ့ေနတဲ့ ဖုန္းေလးထဲက သူ႔ဖုန္းနံပါတ္ေလးကို ၾကည့္တယ္ ။ အစအဆုံး အလြတ္ရေနၿပီးသားျဖစ္ေပမယ့္လဲ … ဒီအခ်ိန္ ဒီဖုန္းနံပါတ္ေလး၀င္လာရင္လို႔ေတြးၿပီး ေငးၾကည့္ေနမိ႐ုံပါ ။ ႐ိုးသားစြာ၀န္ခံရရင္ သူ႔ဖုန္းေလးကို ေမွ်ာ္ပါတယ္ ။

စာ႐ြက္ေတြေပၚ ေရးရတဲ့ ေခတ္ေတြတုန္းက စာ႐ြက္ေလးေပၚ က်တဲ့မ်က္ရည္စေတြဟာ … မေပ်ာက္ပဲရွိေနတတ္ေပမယ့္ … ဒီေန႔ေခတ္မွာ စာေတြ႐ိုက္ေနရင္းက က်တဲ့မ်က္ရည္စက္ေတြကိုေတာ့ သူမျမင္ႏိုင္ဘူး ။

သတိရရင္ ဆက္လိုက္ေပါ့ ဘာခက္လို႔လဲတဲ့ … ကိုယ့္ဘက္က ဆက္လိုက္ဖို႔ကေတာ့ ျဖစ္ပါတယ္ ။ တစ္ဖက္က မလိုလားတဲ့ပုံစံမ်ိဳးေတြ အေႏွာင့္အယွက္ျဖစ္တဲ့ ပုံစံမ်ိဳးေတြ ၀ေတၠ်တမ္းေက်စကားလုံးေတြကို ခံႏိုင္ဖို႔ ႏွလုံးသားက အဲ့ေလာက္မမာႏိုင္ခဲ့ေသးဘူးေလ ။

သူသာ ဆက္လာရင္ေကာင္းမွာပဲလို႔ေတြးရင္းသာ ကိုယ့္စိတ္ကိုယ္ေျဖပါတယ္ ။ သတိရလို႔ဆက္ခ်င္ေပမယ့္လဲ မာနေတြေၾကာင့္ မဆက္ျဖစ္ခဲ့တဲ့ ဖုန္းေတြေပါ့ … ဒီတစ္ညေတာ့ ငိုရဦးမယ္ထင္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း