ကိုယ်တစ်ယောက်တည်း နေတတ်အောင်နေပါမယ် ရှင် ပြန်မလာပါနဲ့တော့

ပြန်မလာပါနဲ့တော့ …

တချို့က … အနီးနားမှာနေတုန်းကလဲ ဒဏ်ရာတွေပေးတယ် … ပြီးတော့မှ မနေချင်လို့ပါဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ်ဆွဲထားတဲ့လက်တွေက လွှတ်အောင် အတင်းရုန်းတယ် ။ ဝေးသွားတုန်းကလဲ ကျွန်မမှာ အသည်းတွေနာပြီး ငိုခဲ့ရဖူးတယ် ။ ခုမှ ပြန်လာချင်လို့ပါတဲ့ ။

သူသတ်ခဲ့တဲ့ သူကို သေမသေ ပြန်ကြည့်ချင်ရုံပဲ ဖြစ်မှာပါ …ဒါမှမဟုတ် ကိုယ် ငိုနေတဲ့ရက်တွေ မမြင်ရတာကြာလို့ ပြန်ပြီး ငိုစေချင်ခဲ့တာပဲ နေမှာပါ ။ ပြန်လာပါရစေဆိုတဲ့ စကားတွေနောက်မှာ တောင်းပန်ပါတယ်ဆိုတဲ့စကားတွေပါတယ် ။ နောက်ထပ်အမှန်တရားတစ်ခုက လက်ရှိသူတွဲနေတဲ့ ကောင်မလေးနဲ့ ပြတ်သွားတာကြောင့်လဲ ပါတယ် ။

နောက်မဖြစ်စေရပါဘူးဆိုပြီး အယုံသွင်းလိမ့်မယ် ။ ပြီးရင် အရင်လိုပဲ ပြန်ပြီး နာကျင်စေလိမ့်မယ် တစ်စုံတစ်ယောက်က ကိုယ့်အနားမှာ မပျော်လို့ထွက်သွားပြီးမှ ပြန်လာချင်ပါတယ်ပြောလို့ တွေဝေနေပါတယ်ဆိုရင် … မတွေဝေပါနဲ့ တစ်ခုပဲ ဖြေလိုက်ပါ ပြန်မလာပါနဲ့တော့ လို့ …

ခွဲခွါခြင်းတွေမှာ သူက ပြုံးလို့ ကိုယ်က ငိုခဲ့ရတယ် မှတ်မိသေးတယ်မလား ပြန်လာမလားဆိုပြီး ရက်တွေတော်တော်ကြာစောင့်ခဲ့ဖူးသေးတယ် ။ အဲ့ဒီနာကျင်မှုတွေက ခုမှ အသားကျကာစ သက်သာကာစပဲ ရှိသေးတာပါ ။ နောက်ထပ် ဝေဒနာတွေကို လက်ခံဖို့ သတ္တိတွေတော့ မရှိသေးဘူး ။

ကျွန်မလဲ တောင်းပန်ပါတယ် … ​ပြောင်းလဲလာမယ်ဆိုရင်တော့ ရှင့်ရဲ့ နောက်ချစ်သူအတွက်တော့ အဆင်ပြေတာပေါ့ ကျွန်မအတွက်တော့ ရှင်ဆိုတာမလိုအပ်တော့ဘူး မလိုချင်တော့ဘူး ကိုယ်တစ်ယောက်တည်း နေတတ်အောင်နေဖို့ပဲ ကြိုးစားချင်တော့တယ် ။ ရှင်ပြန်မလာပါနဲ့တော့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ျပန္မလာပါနဲ႔ေတာ့ …

တခ်ိဳ႕က … အနီးနားမွာေနတုန္းကလဲ ဒဏ္ရာေတြေပးတယ္ … ၿပီးေတာ့မွ မေနခ်င္လို႔ပါဆိုတဲ့ စကားလုံးေတြနဲ႔ ကိုယ္ဆြဲထားတဲ့လက္ေတြက လႊတ္ေအာင္ အတင္း႐ုန္းတယ္ ။ ေဝးသြားတုန္းကလဲ ကြၽန္မမွာ အသည္းေတြနာၿပီး ငိုခဲ့ရဖူးတယ္ ။ ခုမွ ျပန္လာခ်င္လို႔ပါတဲ့ ။

သူသတ္ခဲ့တဲ့ သူကို ေသမေသ ျပန္ၾကည့္ခ်င္႐ုံပဲ ျဖစ္မွာပါ …ဒါမွမဟုတ္ ကိုယ္ ငိုေနတဲ့ရက္ေတြ မျမင္ရတာၾကာလို႔ ျပန္ၿပီး ငိုေစခ်င္ခဲ့တာပဲ ေနမွာပါ ။ ျပန္လာပါရေစဆိုတဲ့ စကားေတြေနာက္မွာ ေတာင္းပန္ပါတယ္ဆိုတဲ့စကားေတြပါတယ္ ။ ေနာက္ထပ္အမွန္တရားတစ္ခုက လက္ရွိသူတြဲေနတဲ့ ေကာင္မေလးနဲ႔ ျပတ္သြားတာေၾကာင့္လဲ ပါတယ္ ။

ေနာက္မျဖစ္ေစရပါဘူးဆိုၿပီး အယုံသြင္းလိမ့္မယ္ ။ ၿပီးရင္ အရင္လိုပဲ ျပန္ၿပီး နာက်င္ေစလိမ့္မယ္ တစ္စုံတစ္ေယာက္က ကိုယ့္အနားမွာ မေပ်ာ္လို႔ထြက္သြားၿပီးမွ ျပန္လာခ်င္ပါတယ္ေျပာလို႔ ေတြေဝေနပါတယ္ဆိုရင္ … မေတြေဝပါနဲ႔ တစ္ခုပဲ ေျဖလိုက္ပါ ျပန္မလာပါနဲ႔ေတာ့ လို႔ …

ခြဲခြါျခင္းေတြမွာ သူက ၿပဳံးလို႔ ကိုယ္က ငိုခဲ့ရတယ္ မွတ္မိေသးတယ္မလား ျပန္လာမလားဆိုၿပီး ရက္ေတြေတာ္ေတာ္ၾကာေစာင့္ခဲ့ဖူးေသးတယ္ ။ အဲ့ဒီနာက်င္မႈေတြက ခုမွ အသားက်ကာစ သက္သာကာစပဲ ရွိေသးတာပါ ။ ေနာက္ထပ္ ေဝဒနာေတြကို လက္ခံဖို႔ သတၱိေတြေတာ့ မရွိေသးဘူး ။

ကြၽန္မလဲ ေတာင္းပန္ပါတယ္ … ​ေျပာင္းလဲလာမယ္ဆိုရင္ေတာ့ ရွင့္ရဲ႕ ေနာက္ခ်စ္သူအတြက္ေတာ့ အဆင္ေျပတာေပါ့ ကြၽန္မအတြက္ေတာ့ ရွင္ဆိုတာမလိုအပ္ေတာ့ဘူး မလိုခ်င္ေတာ့ဘူး ကိုယ္တစ္ေယာက္တည္း ေနတတ္ေအာင္ေနဖို႔ပဲ ႀကိဳးစားခ်င္ေတာ့တယ္ ။ ရွင္ျပန္မလာပါနဲ႔ေတာ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း