သူက ကိုယ်မရှိလဲ နေနိုင်တယ် ကိုယ်ကပဲ သတိရနေရတာ …

သူက ကိုယ်မရှိလဲ နေနိုင်တယ် ကိုယ်ကပဲ သတိရနေရတာ …

သူက ကိုယ်မရှိပဲနဲ့လဲ တကယ်နေနိုင်တယ် … သူ့သူငယ်ချင်းတွေ သူ့အပေါင်းအသင်းတွေကြားမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်အောင်နေတတ်ပါတယ် ။ အဲ့လိုလူကို ကျွန်မကသာ မျှော်ရလွမ်းရတာလေ ။ တကယ်တမ်းကျတော့ မခံချင်ဘူး ။

ကိုယ်လဲ သူ့လိုနေနိုင်ဖို့ကြိုးစားတယ် ။ ကိုယ်ကပဲ ချစ်တတ်ခဲ့တာလား ဒါမှမဟုတ် ဆပ်စရာ၀ဋ်ကြွေးတွေပါခဲ့တာလား တစ်ခုခုတော့ တစ်ခုခုပါပဲ ။ သူ မရှိရင်ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မ ၀မ်းနည်းမိပါတယ် ။ သူကတော့ အေးအေးဆေးဆေးသက်တောင့်သက်သာပါပဲ ။ ပြုံးနေနိုင်သလို ပျော်နေနိုင်တယ် ။

သူက … မချစ်ပြတတ်ဘူးဆိုတဲ့စကားနဲ့ပဲ …ကျွန်မကို ချစ်တာတွေကိုတောင် လျစ်လျူရှုပစ်ခဲ့တာပါ ။ မချော့တတ်ဘူးဆိုတဲ့ စကားတွေနဲ့ ကိုယ့် စိတ်ဆိုးစိတ်ကောက်တဲ့အခါ လှည့်ထွက်သွားတတ်တယ် ။ အချိန်တန်ရင် ကိုယ့်ဟာကိုယ်ပြေဆိုတဲ့ သဘောမျိုးပေါ့ ။ သူတကယ်မချစ်တတ်ခဲ့သေးပါဘူး ။

တစ်နေ့ကျရင်တော့ ကျွန်မ ဖြစ်နေတဲ့အရာတွေကို သိလာစေချင်တယ် ။ သူက အပိုလို့ထင်နေတဲ့အရာတွေကို ကိုယ်က အပိုသက်သက်လုပ်နေတာမဟုတ်မှန်းစာနာတတ်စေချင်သေးတယ် ။ ခုလောလောဆယ်တော့ သူက ကျွန်မကို ပစ်ထားပြီးနေနိုင်တယ် ။ ကျွန်မက သူ့လို မနေနိုင်သေးဘူး ။

သူက ကိုယ်မရှိလဲဖြစ်တယ် … ဒါပေမယ့် ကိုယ်ကတော့ သူ့ကို မမျှော်ပဲ မလွမ်းပဲ နေလို့မရခဲ့ဘူး ။ ကိုယ်ငိုနေတဲ့အခါတောင် သူပျော်အောင်နေနိုင်တာကိုတော့ … ချီးကျူးပါတယ် ။ တစ်နေ့ကျရင်တော့ ကျွန်မ ဖြစ်နေတဲ့အရာတွေကို ခံစားစေချင်သေးတယ် ။ ၀ဋ်လည်ပါစေဆိုတာမျိုးမဟုတ်ပါဘူး နားလည်တတ်စေချင်ရုံပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူက ကိုယ္မရွိလဲ ေနႏိုင္တယ္ ကိုယ္ကပဲ သတိရေနရတာ …

သူက ကိုယ္မရွိပဲနဲ႔လဲ တကယ္ေနႏိုင္တယ္ … သူ႔သူငယ္ခ်င္းေတြ သူ႔အေပါင္းအသင္းေတြၾကားမွာ ဘယ္လိုပဲ ျဖစ္ျဖစ္ ေပ်ာ္ေအာင္ေနတတ္ပါတယ္ ။ အဲ့လိုလူကို ကြၽန္မကသာ ေမွ်ာ္ရလြမ္းရတာေလ ။ တကယ္တမ္းက်ေတာ့ မခံခ်င္ဘူး ။

ကိုယ္လဲ သူ႔လိုေနႏိုင္ဖို႔ႀကိဳးစားတယ္ ။ ကိုယ္ကပဲ ခ်စ္တတ္ခဲ့တာလား ဒါမွမဟုတ္ ဆပ္စရာ၀ဋ္ေႂကြးေတြပါခဲ့တာလား တစ္ခုခုေတာ့ တစ္ခုခုပါပဲ ။ သူ မရွိရင္ဆိုတဲ့ အေတြးေတြနဲ႔ ကြၽန္မ ၀မ္းနည္းမိပါတယ္ ။ သူကေတာ့ ေအးေအးေဆးေဆးသက္ေတာင့္သက္သာပါပဲ ။ ၿပဳံးေနႏိုင္သလို ေပ်ာ္ေနႏိုင္တယ္ ။

သူက … မခ်စ္ျပတတ္ဘူးဆိုတဲ့စကားနဲ႔ပဲ …ကြၽန္မကို ခ်စ္တာေတြကိုေတာင္ လ်စ္လ်ဴရႈပစ္ခဲ့တာပါ ။ မေခ်ာ့တတ္ဘူးဆိုတဲ့ စကားေတြနဲ႔ ကိုယ့္ စိတ္ဆိုးစိတ္ေကာက္တဲ့အခါ လွည့္ထြက္သြားတတ္တယ္ ။ အခ်ိန္တန္ရင္ ကိုယ့္ဟာကိုယ္ေျပဆိုတဲ့ သေဘာမ်ိဳးေပါ့ ။ သူတကယ္မခ်စ္တတ္ခဲ့ေသးပါဘူး ။

တစ္ေန႔က်ရင္ေတာ့ ကြၽန္မ ျဖစ္ေနတဲ့အရာေတြကို သိလာေစခ်င္တယ္ ။ သူက အပိုလို႔ထင္ေနတဲ့အရာေတြကို ကိုယ္က အပိုသက္သက္လုပ္ေနတာမဟုတ္မွန္းစာနာတတ္ေစခ်င္ေသးတယ္ ။ ခုေလာေလာဆယ္ေတာ့ သူက ကြၽန္မကို ပစ္ထားၿပီးေနႏိုင္တယ္ ။ ကြၽန္မက သူ႔လို မေနႏိုင္ေသးဘူး ။

သူက ကိုယ္မရွိလဲျဖစ္တယ္ … ဒါေပမယ့္ ကိုယ္ကေတာ့ သူ႔ကို မေမွ်ာ္ပဲ မလြမ္းပဲ ေနလို႔မရခဲ့ဘူး ။ ကိုယ္ငိုေနတဲ့အခါေတာင္ သူေပ်ာ္ေအာင္ေနႏိုင္တာကိုေတာ့ … ခ်ီးက်ဴးပါတယ္ ။ တစ္ေန႔က်ရင္ေတာ့ ကြၽန္မ ျဖစ္ေနတဲ့အရာေတြကို ခံစားေစခ်င္ေသးတယ္ ။ ၀ဋ္လည္ပါေစဆိုတာမ်ိဳးမဟုတ္ပါဘူး နားလည္တတ္ေစခ်င္႐ုံပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း